ရွှေတိဂုံစေတီတော်နှင့် မဟာမုနိဘုရားကြီး တို့တွင် ဘုရားဖူးချိန် ကန့်သတ်

0
79

ဘုရားဖူးသူ အများအပြားလာရောက်လေ့ရှိသည့် တန်ခိုးကြီးစေတီတော်များဖြစ်သော
ရွှေတိဂုံစေတီတော်နှင့် မဟာမုနိဘုရားကြီး တို့တွင် ဘုရားဖူးချိန် ကန့်သတ်သတ်မှတ်လိုက်ကြောင်း သက်ဆိုင်ရာ ဘုရားဂေါပက အဖွဲ့များမှ မတ် ၂၆ရက်တွင် သိရသည်။

COVID-19 ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ယင်းကဲ့သို့ဆောင်ရွက်လိုက်ခြင်းဖြစ်ပြီး
ဘုရားဖူးချိန်ကို ဘုရားဖူးချိန် ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိသတ်မှတ်လိုက်သိရသည်။

ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမျှော်ကြသည့် ဘုရားဖူးလာပြည်သူများနှင့် ရယာန်းသံဃာတော်များကို အပူချိန် တိုင်းပေးခြင်း၊ နှာခေါင်းစည်းများ ပေးဝေလှူဒါန်း ခြင်း၊ လက်သန့်ရှင်းရေးအတွက် လက်သန့် ဆေးရည်များနှင့် လက်ဆေး ကန်များထားရှိခြင်းများအပြင် အပူချိန် တိုင်းပေးခြင်း၊ နှာခေါင်းစည်းများ ပေးဝေလှူဒါန်း ခြင်းများကို ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ထို့အပြင် ဘုရားဖူးလာ ပြည်သူများ ဓာတ်လှေကား စီးနင်းမှုများကိုလည်း ယခင်ကထက် လူဦးရေ အကန့်အသတ်ဖြင့် စီးနင်းရမည် ဖြစ်သည်။

အလားတူ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ဘုရားကြီးတွင် COVID – 19 ရောဂါကြောင့် ဘုရားဖူးလာရောက်သူများကို အချိန်ကန့်သတ်သည့်အပြင် ရွှေချခွင့်ကိုပါ ယာယီရပ်ဆိုင်းထားကြောင်း အဆိုပါဘုရားဂေါပကအဖွဲ့ က သိရသည် ။

ဘုရားဖူးများကို မတ်လ ၂၆ ရက်က စတင်ပြီး နံနက် ၉ နာရီ မှ ညနေ ၄ နာရီအထိသာ ဝင်ရောက်ဖူးမျှော်ခွင့်ပြုမည်ဖြစ်ပြီး ထိုသို့ကန့်သတ်ရခြင်းသည် မြန်မာနိုင်ငံ၌ COVID – 19 ရောဂါကာကွယ်ရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည် ။

“လူစုလူဝေးဖြစ်တာကို လျော့ချဖို့အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုနဲ့ ဆောင်ရွက်တာပါ ။ ဘုရားမှာ ရွှေချခွင့်ကိုတော့ ဂေါပကအဖွဲ့အနေနဲ့ ယာယီပိတ်လိုက်တာပါ။ ရွှေချတဲ့အခါ လူတွေပူးကပ်ပြီး တိုးနေတော့ ဒီရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ပါ´´ ဟု မဟာမုနိဘုရားကြီး ဂေါပက ဥက္ကဋ္ဌ ဦးစိုးလင်း က ပြောသည်။

ရွှေချခွင့်ကို COVID – 19 ထိန်းချုပ်နိုင်သည့်အခြေအနေဖြစ်သည့်အခါ ပြန်လည်ခွင့်ပြုသွားမည်ဖြစ်ပြီး ဘုရားဖူးလာသူများအတွက် ကိုယ်အပူချိန်စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျှက်ရှိသည် ။

ချမ်းမြသာစည်မြို့နယ်ကြက်ခြေနီအသင်း၊ ချမ်းမြသာစည်လူမှုကယ်ဆယ်ရေးအဖွဲ့များလည်းရှိနေပြီး ဘုရားဖူးလာသူများအတွက် လက်သန့်ဆေးရည်ဆေးရည်များ အသင့်ထားပေးထားသည် ။

ဝေယံ၊ နိုင်လင်းဦး
#TheFifthWaveNews

Leave a Reply