ကပ်ရောဂါကြီးအသွင်ဖြစ်ပွားနိုင်ကြောင်း သတိပေး

0
43

ထိုင်းနိုင်ငံမှတစ်ဆင့်မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဂိတ်ကို ဖြတ်သန်းဝင်ရောက်ခဲ့သည့် မြန်မာအလုပ်သမားများထဲမှ တစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်းစစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ကပ်ရောဂါကြီး ဖြစ်လာနိုင်သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယခုချိန်တွင် နယ်စပ်ကိုဖြတ်ပြီးပြန်လာသည့် မြန်မာလုပ်သား ၂၃,၀၀၀ ကျော်ရှိလာပြီဖြစ်ပြီး နေရပ်အသီးသီးကို ပြန်လည်ရောက်ရှိနေပြီဖြစ်တာကြောင့် ထိုသူများတွင် COVIC-19 ကူးစက်ခံထားရသူများပါဝင်လာနိုင်ကြောင်းနှင့် အဆိုပါအခြေအနေကိုသတိပြုကြရန်နှင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ်လ ၂၉ရက်တွင် ထုတ်ပြန်သည်။

သို့ဖြစ်၍ ပြည်သူများအနေဖြင့် ဝန်ကြီးဌာနကညွှန်ကြားထားသည့် COVIC-19 ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန် အချက်များကို အမျိုးသားရေးအသွင်ဖြင့် လိုက်နာဆောင်ရွက်ကြပါရန်လည်း သတိပေးထားသည်။

ဓာတ်ပုံ-ဘားအံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ

ဘိုဘိုသိန်း
(zawgyi)

Leave a Reply