COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများကို COVID-19 Fund ထံမှ ချေးငွေများ လျှောက်ထားနိုင်

0
27

ကုန်သည်စက်မှုအသင်းချုပ်တွင် COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသည့် စီးပွားရေး လုပ်ငန်းများအနေဖြင့် COVID-19 Fund မှထုတ်ပေးမည့်ချေးငွေများစတင်လျှောက်ထားနိုင်ကြောင်းကုန်သည်စက်မှုအသင်းချုပ်မှသိရသည်။

ကုန်သည်စက်မှုအသင်းချုပ်သည် Coronavirus Disease 2019 (COVID-19) ကြောင့်ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် အတူ လက်တွဲပူးပေါင်းဆောင်ရွက်ကာ COVID-19 ကြောင့် လတ်တလော စီးပွားရေး ထိခိုက်မှု အများဆုံး ခံစားရသည့်လုပ်ငန်းကဏ္ဍများအား COVID-19 Fund မှ ချေးငွေများ ထုတ်ချေးပေးရာတွင် ကူညီ ဆောင်ရွက်ပေးသွားမည်ဟုကုန်သည်စက်မှုအသင်းချုပ်ကထုတ်ပြန်ထားသည်။

အဆိုပါချေးငွေကို ဦးစားပေးကုစားရမည့် ကဏ္ဍများတွင်အကျုံးဝင်သည့် စီးပွားရေးလုပ်ငန်း များကို အတိုးနှုန်း၁ရာခိုင်နှုန်း၊ ချေးငွေကာလတစ်နှစ်သတ်မှတ်၍ ချေးငွေ ထုတ်ပေးသွားမည်ဖြစ်ရာ ဉီးစားပေးကုစားရမည့် ကဏ္ဍများရှိ အချက်အလက်များနှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများ အနေဖြင့် ချေးငွေများ လျှောက်ထားနိုင်ကြောင်းသိရသည်။

လျှောက်ထားရမည်များနှင့်ပတ်သက်ပြီး ၂၀၂၀ပြည့်နှစ် မတ်လ၃၀မှ ဧပြီလ၉အတွင်း နေ့စဉ် နံနက် ၉နာရီခွဲ မှ ညနေ ၄နာရီခွဲ အချိန်အတွင်း လက်ခံသွားမည် ဖြစ်ပါသည်။ နောက်ဆုံးသတ်မှတ်ရက် ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၉ ရက်နေ့အထိနောက်ဆုံးထား လျှောက်ထားရန် လိုအပ်သည်ဟုထုတ်ပြန်ထားသည်။ယင်းချေးငွေနှင့်ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါကကုန်သည် စက်မှု အသင်းချုပ် (UMFCCI)သို့ဆက်သွယ်စုံစမ်းနိုင်သည်ကြောင်းသိရသည်။

ဇော်ထွန်း
#TheFifthWaveNews

Leave a Reply