ာရောက်ထုတ်ယူခြင်းမရှိသည့် သိမ်းဆည်းဘဏ္ဍာ ငွေကျပ်သန်း၂၅၀ထဲက ဆုမဲနှစ်ထောင်ကျော်ထပ်မံချီးမြှင့်မည်

0
35

(၁၄)ကြိမ်မြောက်ကျပ်၁ထောင်တန်အောင်ဘာလေထီဖွင့်ပွဲတွင် သတ်မှတ်ကာလအတွင်း ထီပေါက်ပြီးလာရောက်ထုတ်ယူခြင်းမရှိသည့် ပြည်သူ့ဘဏ္ဍာသိမ်းဆည်းထားသည့် ငွေကျပ်သန်း(၂၅၀)ထဲက ဆုမဲနှစ်ထောင်ကျော်ကို တိုးမြှင့်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကျပ်သန်း(၂၅၀)ထဲက တစ်ဆုခြင်းဆုမဲအဖြစ် ကျပ်(၁၀)သိန်းဆု ၄မဲ ၊ ဝေဝေဆာဆာ ဆုမဲများဖြစ်သည့် ကျပ်(၃)သိန်းဆု(၂၀)မဲ ကျပ်(၂)သိန်းဆု(၂၀၀)မဲနှင့်ကျပ်(၁)သိန်းဆု(၂၀၀၀) မဲစုစုပေါင်း ဆုမဲပေါင်း(၂၂၂၄)မဲကို တိုးမြှင့်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်ဦးစီးဌာန အောင်ဘာလေသိန်ဆုဌာနခွဲက ထုတ်ပြန်လိုက်သည်။

(၁၄)ကြိမ်မြောက် (၁၀၀၀)ကျပ် တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ရောင်းချရသည့် “က”အက္ခမှ”ကဆ”အက္ခရာ အထိအက္ခရာ(၄၀)လုံးဖြစ်ပြီး ထီစာအုပ် (၃၂၇၂၇၂၀)အုပ်နှင့်ထီလတ်မှတ်စောင်ရေမှာ(၃၅၉၉၉၉၂၀) စောင်ဖြစ်ကြောင်းသိရသည်။

ဇော်ထွန်း
#TheFifthWaveNews

Leave a Reply