ကြက်သွန်နီ တစ်ပိဿာကို အိမ်အရောက်ပို့ ၈၀၀ကျပ်၊ ကိုယ်တိုင်လာဝယ်လျှင်၁၂၀၀ဖြင့် သံလျင်ဆရာများအသင်းက ရောင်းချ

0
119

ကြက်သွန်နီ ၁ ပိဿာကို အိမ်အရောက်ပို့ပေးရပါက ၈၀၀ ကျပ်ကိုယ်တိုင်လာဝယ်လျှင် ၁၂၀၀ဖြင့် သံလျင်ဆရာများအသင်းက ရောင်းချပေးလျှက်ရှိကြောင်း မတ် ၃၁ရက်တွင် သိရသည်။

လက်ရှိ ကိုဗစ်ကူးစက်ရောဂါကြောင့်အိမ်အတွင်းနေထိုင်ခြင်းဖြင့်မိမိနှင့်ပတ်ဝန်းကျင်ကိုကူညီရာရောက်ကြောင်းကို သိစေလိုသည့်ရည်ရွယ်ချက်ဖြင့် အိမ်တိုင်ရာရောက်‌သက်သာသည့်ဈေးဖြင့်ရောင်းချသည့်အစီစဉ်ကိုအကောင်ထည်ဖော်ခြင်းဖြစ်သည်ဟုဆိုသည်။

“အိမ်မှာနေတာကပိုအဆင်ပြေတယ်ဆိုတာသိစေချင်တယ်။အပြင်ထွက်ရင်ဘာအကျိုးမှမရှိဘူးဆိုတာကို သိစေချင်တာ။ဒါ့ကြောင့်အိမ်လိုက်ပို့ရင် ၈၀၀ ၊ ကျွန်တော်တို့ဆီလာဝယ်ရင် ၁၂၀၀ရောင်းတယ်။ကျွန်တော်က၀မ်းတွင်းမြို့က ပင်ရင်းတောင်သူတွေဆီကမှာပြီး ရောင်းပေးတာပါ။ကျွန်တော်က ၀မ်းတွင်းဇာတိဆိုတော့ ဈေးသက်သက်သာသာရတယ်။တောင်သူတွေဆီမှာလည်းဈေးကတအားသက်သာနေတော့ ကန်တာကားတစ်စီးအချိန်၅၀၀၀လှမ်းမှာပြီးဆရာများလုပ်အားပေးနဲ့တစ်ပိသာထုပ်တွေထုပ်ပြီးလိုက်ပို့ပေးနေတယ်”ဟု သံလျင်ဆရာများအသင်းတာဝန်ရှိသူဦးဆန်းလင်းနိုင်ကဆိုသည်။

အဆိုပါအစီစဉ်ကို သံလျင်ဆရာများအသင်းတစ်ခုတည်းကသာ ဆောင်ရွက်ခြင်းဖြစ်ပြီး ပထမဆုံးအနေဖြင့် ပိသာချိန်၅၀၀၀ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။ ဆက်သွယ်ဝယ်ယူလိုပါက သန်လျင်ဆရာများအသင်း ဦးဆန်းလင်းနိုင် 095078259၊ ဦးသီဟ 09696573190ဦးအောင်မိုးခိုင်09421021308သို့ဆက်သွယ်ဝယ်ယူနိုင်ကြောင်းသိရသည်။

ဇော်ထွန်း
#TheFifthWaveNews

Leave a Reply