Quarantine ၀င်နေသည့် ၀န်ထမ်း ၉၀ကျော် သတ်မှတ်ထားသည့်ရက်ပြည့်၍ နေရပ်သို့ပို့ဆောင်

0
17

နေပြည်တော်ကောင်စီနယ်မြေရှိ စည်ပင်ဧည့်ရိပ်သာတွင် Quarantine ၀င်ရောက်နေသည့် နိုင်ငံ့ဝန်ထမ်းများမှ အယောက် ၉၀ ကျော်သည် သတ်မှတ်ရက်ပြည့် သဖြင့် မေ ၁၁ရက် နံနက်ပိုင်းက နေရပ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်စပယ်အေး ကပြောသည်။

လက်ရှိအချိန်ထိ Quarantine၀င်ရောက်ရန် လာရောက်သည့် ၀န်ထမ်းများကိုလည်းလက်ခံပေးလျက်ရှိနေပြီး Quarantine ဝင်ရောက်နေသည့်ဝန်ထမ်း ၇၀၀ ကျော်ကျန်ရှိနေကြောင်း သိရသည်။

“ဒီနေ့က ၉၈ ဦး Quarantine ၂၁ရက်ပြည့်လို့ Certificate ပေးပြီးတော့ ပြန်လွှတ်လိုက်ပါတယ်။ ၉၈ ယောက်ဒီနေ့ ပြန်ပါတယ်။ ကျွန်မတို့ ကတော့တစ်ပတ်သူတို့ကို Home Quarantine နေခိုင်းပါတယ်။ ကိုယ့်ဟာနဲ့ကိုယ် Social Distancing အနေနဲ့ရော မိသားစုဝင်တွေနဲ့ရော အားလုံး ၆ပေကွာ နေအောင်လို့ ရယ် ဆောင်ရန်ရှောင်ရန် စည်းကမ်းချက်တွေကို တစ်ခါတည်းရိုက်ပြီးတော့သူတို့ကို ပေးတဲ့ Certificate နောက်မှာ တစ်ခါတည်းတွဲလျက် အဲ့စာရွက်တွေအားလုံးကိုလူတိုင်းစီထည့်ပေးလိုက်ပါတယ်”ဟု ဒေါက်တာ ခင်စပါယ်အေး ကပြောသည်။

လက်ရှိတွင် COVID-19 ရောဂါ ကူးစက်ခံရသူ(၁၈၀) ဦးရှိပြီး၊ ဓာတ်ခွဲ အတည်ပြု လူနာများအနက် ရောဂါပိုးကင်းစင်လာသူ (၇၂ ) ဦးထိရှိလာပြီဖြစ်ကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ယဉ်ကေနွယ်
#TheFifthWaveNews

Leave a Reply