COVID-19 အတွက် အစိုးရနှင့် KNU Online Meeting ပြုလုပ်

0
14

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် အစိုးရက တိုင်းရင်းသားလက်နက်ကိုင် များနှင့် ညှိနှိုင်းဆောင်ရွက်ရန် ဖွဲ့စည်းထားသည့်ကော်မတီနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ COVID-19 Online Meeting တစ်ရပ်ကို မေ ၁၁ရက်က ပြုလုပ်ခဲ့သည်။

မေလ(၈)ရက်က ပြုလုပ်ခဲ့သည့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ငန်းအဖွဲ့(PPWT) တို့၏ COVID-19 ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ရရှိခဲ့သည့် ဘုံသဘောတူညီချက်(၇)ချက်ကို အခြေခံ၍ဆွေးနွေးခဲ့သည်ဟု အစိုးရဘက်မှ အစည်းအဝေးတက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေးကော်မရှင် ဦးလှမောင်ရွှေက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားသည်။

“ပိုထူးခြားမှုက COVID ကာလနဲ့ COVID အလွန်ကာလကိစ္စအပြင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကိစ္စတွေကို အစပြုနိုင်ဖို့ ပဏာမစဉ်စားချက်တွေကို ဆွေးနွေးမှုတစ်ခုပါပါတယ်။ ကောင်းမွန်တဲ့ ဆွေးနွေးမှုပါ။ နောက်တစ်ခုက COVID ကာကွယ်ထိန်းချုပ်ရေးအတွက် EAO တွေဆောင်ရွက်တဲ့ ကိစ္စမှာ နှစ်ဖက်နားလည်မှုလွဲ၊ အဓိပ္ပါယ်ပေါက်လွဲပြီး မတော်တဆမှုဖြစ်မှုတွေ မဖြစ်ဖို့လည်းဆွေး နွေးခဲ့ပါတယ်”ဟု ဦးလှမောင်ရွှေကရေးသားထားသည်။

အစိုးရကော်မတီနှင့် KNU တို့ လာမည့်အပတ်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်းသိရ သည်။မတ်(၁၂) ရက်တွင် အစိုးရကော်မတီနှင့် မွန်ပြည်သစ်ပါတီ(NMSP) နှင့် Online Meeting ပြုလုပ်မည်ဟု သိရသည်။

ကျော်သူမြင့်
#TheFifthWaveNews
Photo-ဦးလှမောင်ရွှေ FB

Leave a Reply