တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မိသားစုအပါအဝင် တပ်ပိုင်းဆိုင်ရာ အရာရှိကြီးများတွင် COVID 19 ​ရောဂါပိုးမရှိ

0
51

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် အပါအဝင် တပ်ပိုင်းဆိုင်ရာ အရာရှိကြီးများနှင့် ၎င်း တို့၏မိသားစုဝင်များအားလုံး ကို ကျန်းမာရေးစစ်​​ဆေး​ရာတွင်​ COVID 19 ​ရောဂါပိုးမ​တွေ့​ကြောင်းတပ်​မ​တော်​ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်​ပြန်​ထားသည်​။

မေလ ၁၀ ရက်မှစ၍ ကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား COVID-19 ရောဂါနှင့် ပတ်သက်ပြီးကျန်းမာရေးစစ်ဆေးမှုများ​ဆောင်​ရွက်​ခဲ့ခြင်းဖြစ်​​ကြောင်းသိရသည်။

ကျန်းမာရေးစစ်​​ဆေးရာတွင်​ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဝန်းအတွင်းရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အရာရှိကြီးများ၊ ၎င်းင်းတို့၏မိသားစုဝင်များအားလုံးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ၅၅ ရာခိုင်နှုန်း ကျော်အား ပဏာမစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တစ်လအတွင်း ခရီးသွားရာဇဝင်ရှိခဲ့သူများကို သွေးဖောက်နမူနာရယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိ​ကြောင်း ထုတ်​ပြန်​ချက်​ကြေညာချက်တွင်​ပါရှိသည်​။

ထို့အတူ မေလ ၁၈ ရက်တွင်​ကျင်းပပြုလုပ်မည့် လွှတ်​​တော်​အစည်းအ​ဝေးများသို့တက်​​ရောက်​မည့်​တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များအားလုံးကိုလည်း COVID-19 ရောဂါနှင့်ပတ်သက်၍ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲစစ်ဆေးရန်အတွက် ဓာတ်ခွဲနမူနာများရယူပြီး နေပြည်တော်၊ တပ်မတော်ဆေးရုံကြီးရှိ Cobas 6800 ရောဂါ ရှာဖွေစက်ဖြင့် စစ်ဆေးခဲ့ရာ COVID – 19 ရောဂါပိုးမ​တွေ့ရှိရ​ကြောင်း ထုတ်ပြန်ကြေညာချက်တွင်ပါရှိသည်။

ယဉ်ကေနွယ်
#TheFifthWaveNews
Photo-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Leave a Reply