COVID-19 ကူးစက်ခံထားရသည့် ရုရှားရောက်တပ်မတော်သား ငါးဦးအနက် လေးဦး ရောဂါပျောက်ကင်း

0
69

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သင်တန်းတက်ရောက်နေသည့် တပ်မတော်သားငါးဦးသည် COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရပြီး လေးဦးသည် ပျောက်ကင်းခဲ့ပြီးဖြစ်သည်ဟု တပ်မတော်ကသတင်း ထုတ်ပြန်သည်။

ရောဂါကူးစက်ခံထားရသည့် တပ်မတော်သားအရာရှိ ငါးဦးကို မော်စကိုမြို့အနီးရှိ လူနာများသီး သန့်ထားရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုဂေဟာတွင် ရုရှားကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ဆေးကုသမှုဆောင်ရွက်ခဲ့ပြီး ထပ်မံစစ်ဆေးရာ သင်တန်းသား လေးဦးအနက်မှ လေးဦး ပျောက် ကင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျန်ရှိသည့် အရာရှိတစ်ဦးကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူလျက်ရှိပြီး ကျန်း မာရေးအခြေအနေကောင်းမွန်ချက်ရှိပြီး မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးမှ လိုအပ်သည့် ကူညီ စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိသည်ဟု တပ်မတော်ကသတင်းထုတ်ပြန်သည်။

ကျော်သူမြင့်
#TheFifthWaveNews

Leave a Reply