ဈေးများတွင် နှာခေါင်းစည်း မတပ်သူ (၇၈၅) ဦးကို အရေးယူ

0
86

မန္တလေးမြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဈေးများ၌ ဈေးသည် ဈေးဝယ်များအနေဖြင့် မဖြစ်မနေ နှာခေါင်းစည်း တပ်ရန် အသိပေးလျှက်ရှိပြီး နှာခေါင်းစည်း မတပ်သူများကို အရေးယူလျှက်ရှိရာ မေလ ၁၀ ရက်မှ မေ ၁၃ရက်အထိ ဈေးသည် ၃၇၂ ဦး ဈေးဝယ် ၄၁၃ ဦး ပေါင်း ၇၈၅ ဦးကို Mask များဝယ်ယူစေခဲ့သည် ။

ဈေးများအတွင်း COVID-19 ကာကွယ်ရေးအတွက် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရေးကြပ်မတ်စစ်ဆေးရာတွင် နှာခေါင်းစည်း လုံးဝမတပ်သူ / စနစ်တကျ မတပ်ဘဲ နားရွက်ချိတ်ထားပါက ဈေးသည်များကို ပထမအကြိမ်သတိပေးဝန်ခံချက် ရေးထိုးပြီး နောက်တစ်ကြိမ်တွေ့ရှိပါက ဈေးရောင်းခွင့်ပိတ်သွားမည်ဖြစ်သည် ။

“Mask များဝယ်ယူစေတဲ့စာရင်းများကိုနေ့စဉ် ဈေးဌာနကို စနစ်တကျ စာရင်းပို့ရပါတယ်။ မေ လ ၁၀ ရက်ကနေ ၁၃ ရက်အတွင်း မြနန္ဒာဈေး ၊ ဈေးချိုထီးတိုင်ဈေး ၊ ၁ – ၂ – ၃ ဈေးရုံ၊ ၈၆ လမ်း ပလက်ဖောင်းဈေးသည် ၁၁ ဦးကို သတိပေးပြီး မလိုက်နာလို့ ဈေးရောင်းချခွင့် ၃ ရက် ပိတ်သိမ်းပါတယ်´´ ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောသည် ။

ဈေးသည်/ ဈေးဝယ်များကို နှာခေါင်းစည်းနှစ်ခုကို ( မေ ၁၅ အထိ ၁၀၀ဝိ/- နှုန်း မေ၁၅ နောက်ပိုင်း ၅၀၀ဝိ/-နှုန်းဖြင့်) ဝယ်စေပြီး ချက်ချင်း နှာခေါင်းစည်းတပ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည် ။

နိုင်လင်းဦး
#TheFifthWaveNews

Leave a Reply