ယာဉ်စစ်ဆေးသည့်အဖွဲ့အား ဆဲသူကိုအရေးယူ

0
151

မန္တလေး၊ ဇန်နဝါရီ ၂၇၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ပြည်လုံးနိုင်ရပ်ကွက် ရန်ကုန် မန္တလေး ကားလမ်း ၊ ရွှေရတီမီးပွိုင့်တွင် နယ်မြေခံရဲတပ်ဖွဲ့ ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ ၊ စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်း၍ စည်းကမ်းပျက် ယာဉ်များ စစ်ဆေးသည့်အဖွဲ့အား အရက်မူးပြီး ဆဲဆိုသူကို ဇန်နဝါရီလ ၂၆ ရက်နေ့က အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

ပြစ်မှုကျူးလွန်သူ ချစ်ဇင်ထွေး (၁၉) နှစ်သည် ရွှေရတီစားသောက်ဆိုင် အတွင်းမှ ထွက်လာပြီး “မင်းတို့ဖမ်းချင်တဲ့ကောင် လာဖမ်း ၊ စိန်ခေါ် တယ် ။ မင်းတို့လာဖမ်းရဲဖမ်းကြည့် ဖမ်းတဲ့ကောင် လက်သီးနဲ့ထိုးမယ် ။ ဘယ်ကောင်မိုက်လဲ ထိုးမယ်´´ ဟု ပြောဆိုပြီး မကြားဝံ့မနာသာ ဆဲဆိုမှုများ ပြုလုပ်ခဲ့သည်။

“တာဝန်ကျလို့ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေဆဲတာတော့ မဖြစ်သင့်ဘူး ။ တာဝန်ရှိသူတွေက ဒေါသအလျောက်လုပ်လိုက်ရင် ပြည်သူတွေ က ပဲ အပြစ်တင်တယ် ။´´ ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ယောက် က ပြောသည်။

ထို့အတွက်ကြောင့် ချစ်ဇင်ထွေးအား ကျောက်ဆည်မြို့မရဲစခန်းတွင် (ပ) ၈၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၂၉၄ ဖြင့် ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply