WHO‌ယာဉ်ပစ်ခတ်ခံရမှု စစ်ဆေးရေးကော်မတီ စတင်စစ်ဆေး

0
57

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင်တံတားအနီး WHOမော်တော်ယာဉ် တစ်စီးပစ်ခတ်ခံရမှုနှင့်စပ်လျင်းပြီး စုံစမ်းစစ်ဆေးမှုကော်မတီဥက္ကဌ ဦးစောဦး ဦးဆောင်သောကော်မတီကမေ၁၄တွင် စုံစမ်းစစ်ဆေးမှုစတင်နေကြောင်း သိရသည်။

အဆိုပါကော်မတီဥက္ကဌဦးဆောင်သော ကော်မတီဝင်များသည် မင်းပြားမြို့သို့မေ၁၄က ရဟတ်ယာဉ်ဖြင့်သွားရောက်ခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားရာနေရာအနီးတဝိုက်နှင့် ရာမောင်တံတားလုံခြုံရေးစခန်းတို့တွင် တာဝန်ရှိသူများ မျက်မြင်သက်သေများကို လိုအပ်သည့်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းသို့စစ်ဆေးရာတွင် မင်းပြားမြို့မရဲစခန်းတွင်သိမ်းဆီးထားသည့် ပစ်ခတ်တိုက်ခံရသောမော်တော်ယာဉ်နှင့် သေဆုံးသူခန္ဓာကိုယ်တွင်းမှ တွေ့ရှိရသည့်ကျည်ဆံထိပ်ဖူးတို့အား စစ်ဆေးမှုပြုလုပ်ခဲ့သည်ဟုသိရသည်။ထို့အပြင် မြို့နယ်ထွေအုပ်ရုံး၌ ကျန်းမာရေးဌာနက တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လည်း လိုအပ်သည့်မေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

ဧပြီ၂၀ရက်ညနေပိုင်းက WHO‌ပိုင်မော်တော်ယာဉ်တစ်စီးပစ်ခတ်ခံရခြင်းတွင်တစ်ဦးဒဏ်ရာရရှိခဲ့ပြီးတစ်ဦးသေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍စုံစမ်းစစ်ဆေနေခြင်းဖြစ်သည်။

ဇော်ထွန်း
#TheFifthWaveNews

Leave a Reply