သပိတ်​စခန်းဖွင့်​ဆန္ဒပြ​နေ​သော KGG အထည်​ချုပ်​စက်​ရုံအလုပ်​သမားများ သ​ဘောတူညီမှုရရှိ

0
208

ရန်​ကုန်​၊ ဇန်​နဝါရီ ၂၈ ၊၂၀၁၈

အလုပ်​သမားအခွင့်​အ​ရေးများကို အလုပ်​ရှင်​ဘက်​က ​ဖောက်​ဖျက်​သည်​ဟုဆိုကာ သပိတ်​စခန်းဖွင့်​၍ဆန္ဒပြ​နေ​သော ဒဂုံဆပ်​ကမ်းစက်​မှုဇုန်​ရှိ KGG အထည်​ချုပ်​စက်​ရုံအလုပ်​သမားများသည် အလုပ်​ရှင်​နှင့်​သ​ဘောတူညီမှုရရှိခဲ့သည်​။

မြို့နယ်​အလုပ်​သမားဖျန်​​ဖြေ​ရေးရုံးတွင်​ ယ​မန်​​နေ့ (ဇန်နဝါရီ ၂၇)​ကညှိနှိုင်းခဲ့ပြီး အလုပ်​သမား​များ​တောင်းဆိုချက်​ ၁၃ ချက်​ကို အလုပ်​ရှင်​ဘက်​မှ လိုက်​​လျောခဲ့သဖြင့်​ သ​ဘောတူညီမှုရရှိကာ သပိတ်​စခန်းလည်း ပိတ်​သိမ်းလိုက်​ပြီဖြစ်​သည်​။

” သပိတ်​စခန်းပိတ်​လိုက်​ပြီ။ မနက်​ဖြန်​အလုပ်​ပြန်​ဆင်းမယ်​ ” ဟု KGG အထည်​ချုပ်​စက်​ရုံ အလုပ်​သမား​ခေါင်း​ဆောင်​ မဝင်းဝင်း​မော်​ က ပဉ္စမလှိုင်းမီဒီယာ၏ ဆက်​သွယ်​​မေးမြန်းမှုကို ပြန်​လည်​​ဖြေကြားသည်​။

တရုတ်​နိုင်​ငံသားပိုင်​ဆိုင်​​သော KGG အထည်​ချုပ်​စက်​ရုံတွင်​ အလုပ်​သမားများ​ကို အ​ကြောင်းပြချက်​မရှိဘဲ အလုပ်​ထုတ်​ခြင်းများ၊ ရာထူးချခြင်းများ၊ ရိုင်းစိုင်းသည့်​စကားလုံးများ သုံးနှုန်းခြင်းများနှင့်​ အလုပ်​သမား အလုပ်​ရှင်​သ​ဘောတူညီချက်​များကို အလုပ်​ရှင်​ဘက်​က ​ဖောက်​ဖျက်​သည်​ဟုဆိုကာ ဇန်​နဝါရီ ၁၇ ရက်​မှစတင်​၍ အလုပ်​သမား ၅၀၀ ခန့်​က ဆန္ဒပြ​နေခြင်းဖြစ်​သည်​။

သပိတ်​စခန်းဖွင့်​ဆန္ဒပြ​သော အလုပ်​သမားများက ​တောင်းဆိုချက်​ ၁၃ ချက်​ကို အလုပ်​ရှင်​ဘက်​က လိုက်​​လျော​ပေးရန်​အတွက်​ ​တောင်းဆိုခဲ့ကြပြီး သပိတ်​စခန်း ၁၁ ရက်​​မြောက်​​နေ့တွင်​ သ​ဘောတူညီမှုရရှိခဲ့ခြင်းဖြစ်​သည်​။

သျှင်​ရဲထွဋ်

ဓာတ်ပုံ – လပ်ဆင်း

Leave a Reply