ရဲအချင်းချင်းဖိနှိပ်မှုကို သတင်းစာရှင်းလင်းခဲ့၍ အဖမ်းခံထားရသော ရဲတပ်သား မိသားစုနှင့်တွေ့ခွင့်မရသေး

0
207

မန္တလေး၊ ဇန်နဝါရီ ၂၈၊ ၂၀၁၈

မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ် ၊အမှတ် (၄) ရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ဖိနှိပ်မှုများ နှင့် ကိုယ်ထိလက်ရောက် လုပ်မှုများ နှင့် ပတ်သက်ပြီး မီဒီယာထံရှင်းပြခဲ့သည့် ရဲတပ်သား သန်းဖြိုးအောင်အား အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှ ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခေါ်သွားပြီး ဇန်နဝါရီလ ၂၈ ရက်နေ့ အထိ မိသားစုမှ တွေ့ခွင့်မရသေးကြောင်း သိရသည် ။

ကာယကံရှင်ရဲတပ်သား နှင့် ဇနီးတို့မှ မီဒီယာစင်တာ မန္တလေးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သဖြင့် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ဖြင့် အရေးယူခြင်းဖြစ်ကြောင်း သိရသည်။

“ခုထိ ကျွန်မယောက်ျားနဲ့ ခုထိ မတွေ့ရသေးဘူး ။ ကျွန်မသမီးလေးကိုတော့ အမေရှိတဲ့ ရန်ကုန်ကိုပို့မလို့ ။ ကျွန်မ က တော့ ခု ရဲလိုင်းခန်းမှာ နေနေတယ် ။ ကျွန်မကို တွေ့ခွင့်မပေးတာ ရိုက်နှက်လို့လားလို့ ထင်တယ် ။ ဘာလို့မတွေ့ရတာလဲတော့ မသိသေးဘူး ။´´ ဟု ရဲတပ်သား သန်းဖြိုးအောင်၏ ဇနီးဖြစ်သူ မပွင့်ဖြူခိုင် က ပြောသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်က အမှတ် (၄) ရဲစခန်းမှ ရဲတပ်သား သန်းဖြိုးအောင် မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် ဇနီးဖြစ်သူ မပွင့်ဖြူခိုင် ကို ရဲအုပ် ရဲကျော်သူ နှင့် ဇနီး ၊ ရဲတပ်သား စိုင်းအာကာဖြိုး နှင့် ဇနီး တို့က ကိုယ်ထိလက်ရောက် ထိုးကြိတ် ကန်ကြောက်မှုများ ၊ ဆဲဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ရှင်းလင်းခဲ့သည်။

ထိုသို့ရဲတပ်သားဖမ်းစီးခံရတာနဲ့ ပတ်သတ်၍ အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့ နှင့် မန္တလေးခရိုင်ရဲတပ်ဖွဲ့တို့ မှ သတင်းထုတ်ပြန်ပေးခြင်းမရှိသေးပေ ။

နိုင်လင်းဦး

Leave a Reply