ပြည်ခိုင်ဖြိုး အမတ်တင်သွင်းသည့် ကိုဗစ်ကာလအတွင်း ချေးငွေများ ပြန်လည်ပေးဆပ်မှုအား ဆိုင်းငံ့ပေးရန် အဆို ရှုံးနိမ့်

0
26

မိတ္ထီလာမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါက် တာမောင်သင်း တင်သွင်းခဲ့သည့် ကိုဗစ်ကာ လအတွင်း အသေးစားချေးငွေများ ပြန်လည်ပေးဆပ်မှုဆိုင်းငံ့ရန်နှင့် အတိုးနှုန်းကင်းလွတ် ခြင်း (သို့) ၅၀ ရာခိုင်နှုန်းများလျော့ချပေးရန် အဆိုကို သြဂုတ် ၂၇ရက်က ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မတ်တပ်ရပ်၍ မဲခွဲဆုံးဖြတ်မှုများ လုပ်ဆောင်ခဲ့ရာမှာ ကန့်ကွက်သူများ သဖြင့် အဆို ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

အဆိုနှင့်ပတ်သက်ပြီး စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှု၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမောင် မောင်၀င်းက ပြန်လည်ရှင်းလင်းရာတွင် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန် ပြောကြားခဲ့သည်။

ထိုသို့ပြောကြားခဲ့သဖြင့် အဆိုရှင် ဒေါက်တာ မောင်သင်းက အစိုးရအနေဖြင့် ကိုဗစ်ကာလ အတွင်း ထောက်ပံ့ကြေးပေးနေခြင်းထက် ညှိနှိုင်းပေးမှုများ လုပ်ဆောင်ပေးမည်ဆိုပါက ပြည်သူတွေ အကျိုးရှိနိုင်မည့်အတွက် အဆိုအား အတည်ပြုပေးရန်နှင့် အကြွေး၀န်ပိနေကြသည့် ပြည်သူများ ကိုယ်စား အသိပေးတင်ပြခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယင်း သို့ ပြောဆိုခဲ့သဖြင့် အဆိုအား မတ်တပ်ရပ်၍ မဲခွဲဆုံးဖြတ်ရာ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်အားလုံးမှ မတ်တပ်ရပ်ထောက်ခံ ခဲ့သော်လည်း ထောက်ခံဆန္ဒမဲ ၁၂၅မဲ ရှိပြီး ကန့်ကွက်မဲသည် ၂၂၀ ရှိသဖြင့် အဆို ကို မှတ်တမ်းအဖြစ်သာ ထားရှိမည်ဖြစ်ကြောင်း ဥက္ကဌ ဦးတီခွန်မြတ်ကကြေညာခဲ့သည်။

ယဥ်ကေနွယ်
#TheFifthWaveNews

(Zawgyi)

ျပည္ခိုင္ၿဖိဳး အမတ္တင္သြင္းသည့္ ကိုဗစ္ကာလ အတြင္း ေခ်းေငြမ်ား ျပန္လည္ေပးဆပ္မႈအား ဆိုင္းငံ့ေပးရန္ အဆို ရႈံးနိမ့္

မိတၳီလာမဲဆႏၵနယ္မွ ကိုယ္စားလွယ္ ေဒါက္တာေမာင္သင္း တင္သြင္းခဲ့သည့္ ကိုဗစ္ကာလ အတြင္း အေသးစားေခ်းေငြမ်ား ျပန္လည္ေပးဆပ္မႈ ဆိုင္းငံ့ရန္ႏွင့္ အတိုးႏႈန္း ကင္းလြတ္ျခင္း (သို႔) ၅၀ ရာခိုင္ႏႈန္းမ်ားေလ်ာ့ခ်ေပးရန္ အဆိုကို ၾသဂုတ္လ ၂၇ ရက္က က်င္းပျပဳလုပ္သည့္ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးတြင္ မတ္တပ္ရပ္၍ မဲခြဲဆုံးျဖတ္မႈမ်ား လုပ္ေဆာင္ခဲ့ရာမွာ ကန္႔ကြက္သူမ်ား သျဖင့္ အဆို ရႈံးနိမ့္ခဲ့ေၾကာင္း သိရသည္။

အဆိုႏွင့္ပတ္သက္ၿပီး စီမံကိန္း၊ဘ႑ာေရးႏွင့္ စက္မႈ ၀န္ႀကီးဌာနမွ ဒုတိယ၀န္ႀကီး ဦးေမာင္ေမာင္၀င္းက ျပန္လည္ရွင္းလင္းရာတြင္ အဆိုကို မွတ္တမ္းအျဖစ္သာ ထားရွိရန္ ေျပာၾကားခဲ့သည္။

ထိုသို႔ေျပာၾကားခဲ့သျဖင့္ အဆိုရွင္ ေဒါက္တာ ေမာင္သင္းက အစိုးရ အေနျဖင့္ ကိုဗစ္ကာလ အတြင္း ေထာက္ပံ့ေၾကးေပးေနျခင္းထက္ ညႇိႏႈိင္းေပးမႈမ်ား လုပ္ေဆာင္ေပးမည္ဆိုပါက ျပည္သူေတြ အက်ိဳးရွိႏိုင္မည့္အတြက္ အဆိုအား အတည္ျပဳေပးရန္ႏွင့္ အေႂကြး၀န္ပိေနၾကသည့္ ျပည္သူမ်ား ကိုယ္စား အသိေပးတင္ျပျခင္းျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။

ယင္း သို႔ ေျပာဆိုခဲ့သျဖင့္ အဆို အား မတ္တပ္ရပ္၍ မဲခြဲဆုံးျဖတ္ရာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စား လွယ္အားလုံးမွ မတ္တပ္ရပ္ေထာက္ခံ ခဲ့ေသာ္လည္း ေထာက္ခံဆႏၵမဲ ၁၂၅ မဲ ရွိၿပီး ကန္႔ကြက္မဲသည္ ၂၂၀ ရွိသျဖင့္ အဆို ကို မွတ္တမ္းအျဖစ္သာ ထားရွိမည္ျဖစ္ေၾကာင္း ဥကၠဌ ဦးတီခြန္ျမတ္ကေၾကညာခဲ့သည္။

ယဥ္ေကႏြယ္
#TheFifthWaveNews

Leave a Reply