ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၂၀၀၀ခန့် ဖန်တီးပေးနိုင်မည့် လုပ်ငန်းခြောက်ခု အတည်ပြု

0
20

ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၂၀၀၀ ခန့် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ခြောက်ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှအတည်ပြုပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် စက်မှုကဏ္ဍတွင် Samoa, Seychelles, ဂျပန်၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့မှ နိုင်ငံခြား ရင်းနှီးမြှုုပ်နှံမှုလုပ်ငန်း(၅)ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုုပ်နှံမှု (၁)ခုတို့ကို ဩဂုတ်လ ၂၆ ရက်က Video Conferencing စနစ်ဖြင့် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုုပ်နှံမှု ကော်မတီ၏ (၁၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြု ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် အတည်ပြု ပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် အိတ်၊ အဝတ်အစားအမျိုးမျိုး၊ Artificial Jewellery၊ Modern Furniture ထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် ဆန်ကြိတ်ခွဲထုတ်လုပ်ခြင်း လုပ်ငန်း၊ နှမ်းဆီမွှေး၊ နှမ်းဆီနှင့် နှမ်းကွတ်ကီး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းတို့ ဖြစ်သည်။

အတည်ပြု ရင်းနှီးမြှုုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၀ဒသမ ၆၅၂ သန်းနှင့် မြန်မာကျပ်ငွေ သန်း ၆၀၀၀ ဖြစ်ပြီး လုပ်ငန်း စုစုပေါင်း (၆)ခုတို့မှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၁၈၂၈ ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)



ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် စက်မှုကဏ္ဍတွင် Samoa, Seychelles, ဂျပန်၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၅)ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု (၁)ခုတို့ကို ဩဂုတ်လ ၂၆ ရက်က Video Conferencing စနစ်ဖြင့် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြု ပေးခဲ့ခြင်းဖြစ်သည်။


အတည်ပြု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၀ဒသမ ၆၅၂ သန်းနှင့် မြန်မာကျပ်ငွေ သန်း ၆၀၀၀ ဖြစ်ပြီး လုပ်ငန်း စုစုပေါင်း (၆)ခုတို့မှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၁၈၂၈ ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply