ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာပါက ရောဂါပျံ့ပွားမှူ တစ်လအတွင်း ထိန်းချုပ်နိုင်မည်ဟုဆို

0
21

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို ပြည်သူတွေအနေနှင့် လိုက်နာပါက နှစ်ပတ်(သို့မဟုတ်) တစ်လအတွင်း ကူးစက်ရောဂါထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်‌ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ခင်ကြီးက ပြောသည်။

Covid-19 ရောဂါကူးစက်မှုမြန်ဆန်လာသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနဖြင့် ဆောင်ရွက်ချက်များကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းကအထက်ပါအတိုင်း ပြန်လည်‌ဖြေကြားခဲ့ခြင်း ဖြစ်သည်။
” အခုဆိုရင် ရခိုင်ပြည်နယ်မှာ ရောဂါပိုးကကူးစက်မြန်ဆန်လာတဲ့အတွက်ဘပြည်နယ်တစ်ခုလုံး Stay at Home နေထိုင်ဖို့အတွက် ညွှန်ကြားချက်ထုတ်လိုက်ရတယ်၊ ရခိုင်ပြည်နယ်မှာဖြစ်တာပဲ ငါတို့နေတယ့်နေရာမပါဘူးဆိုပြီး ပေါ့လို့မရဘူး၊ ထုတ်ပြန်ချက်တွေကို သေချာလိုက်နာဖို့လိုအပ်တယ်၊ ဒါဆိုရင် အမြန်ဆုံးထိန်းချုပ်နိုင်မှာဖြစ်ပါတယ်”ဟုပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာခင်ခင်ကြီးက ပြောသည်။

မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာပေါင်း ၆၅၆ ဦးရှိပြီး ၇၀ ရာခိုင်နှုန်းမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကာ သေဆုံးသူ ၆ ဦးသာရှိကြောင်း သိရသည်။

ယင်းအပြင် ပြည်တွင်းကူးစက်မှုစတင်ဖြစ်ပွားသည့် ရခိုင်ပြည်နယ်မှ ဩဂုတ်လ (၁၀) ရက်မှ (၂၇) ရက်နေ့အတွင်း ရခိုင်ပြည်နယ်မှ လေကြောင်းခရီးစဉ်ဖြင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ရောက်ရှိသွားသူ (၅,၇၀၀) ဦးကျော်ရှိပြီး ထိုသူများအနက် အချို့သည် COVID-19 ကူးစက်လျက်ရှိသူများဖြစ်နိုင်ပါကြောင်း၊ ယင်းကြောင့် ရခိုင်ပြည်နယ်သို့ ဩဂုတ်လ (၁၀) ရက်နောက်ပိုင်း ခရီးသွားရာဇဝင်ရှိခဲ့သူများအားလုံးအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားရန် လိုအပ်ကြောင်း သိရသည်။

ဆုသက်နှင်း
#TheFifthWave

( Zawgyi )

ဝန္ႀကီးဌာနမွ ထုတ္ျပန္သည့္ ညႊန္ၾကားခ်က္မ်ားကို လိုက္နာပါက ေရာဂါပ်ံ႕ပြားမွူ တစ္လအတြင္း ထိန္းခ်ဳပ္နိုင္မည္ဟုဆို

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္သည့္ ညႊန္ၾကားခ်က္မ်ားကို ျပည္သူေတြအေနႏွင့္ လိုက္နာပါက ႏွစ္ပတ္(သို့မဟုတ္) တစ္လအတြင္း ကူးစက္ေရာဂါထိန္းခ်ဳပ္နိုင္မည္ျဖစ္ေၾကာင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ဗဟိုကူးစက္ေရာဂါတိုက္‌ဖ်က္ေရးဌာနခြဲမွ ဒုတိယညႊန္ၾကားေရးမွူးခ်ဳပ္ ေဒါက္တာခင္ခင္ႀကီးက ေျပာသည္။

Covid-19 ေရာဂါကူးစက္မွုျမန္ဆန္လာသည့္အတြက္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနအနျဖင့္ ေဆာင္ရြက္ခ်က္မ်ားကို ဆက္သြယ္ေမးျမန္းရာတြင္ ၎ကအထက္ပါအတိုင္း ျပန္လည္‌ေျဖၾကားခဲ့ျခင္း ျဖစ္သည္။
” အခုဆိုရင္ ရခိုင္ျပည္နယ္မွာ ေရာဂါပိုးကကူးစက္ျမန္ဆန္လာတဲ့အတြက္ဘျပည္နယ္တစ္ခုလုံး Stay at Home ေနထိုင္ဖို့အတြက္ ညႊန္ၾကားခ်က္ထုတ္လိုက္ရတယ္၊ ရခိုင္ျပည္နယ္မွာျဖစ္တာပဲ ငါတို့ေနတယ့္ေနရာမပါဘူးဆိုၿပီး ေပါ့လို့မရဘူး၊ ထုတ္ျပန္ခ်က္ေတြကို ေသခ်ာလိုက္နာဖို့လိုအပ္တယ္၊ ဒါဆိုရင္ အျမန္ဆုံးထိန္းခ်ဳပ္နိုင္မွာျဖစ္ပါတယ္”ဟုျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲမွ ဒုတိယညြန္ၾကားေရးမွူးခ်ဳပ္ ေဒါက္တာခင္ခင္ႀကီးက ေျပာသည္။

ျမန္မာနိုင္ငံတြင္ Covid-19 အတည္ျပဳလူနာေပါင္း ၆၅၆ ဦးရွိၿပီး ၇၀ ရာခိုင္ႏွုန္းမွာ ျပန္လည္ေကာင္းမြန္လာၿပီျဖစ္ကာ ေသဆုံးသူ ၆ ဦးသာရွိေၾကာင္း သိရသည္။

ယင္းအျပင္ ျပည္တြင္းကူးစက္မွုစတင္ျဖစ္ပြားသည့္ ရခိုင္ျပည္နယ္မွ ဩဂုတ္လ (၁၀) ရက္မွ (၂၇) ရက္ေန႔အတြင္း ရခိုင္ျပည္နယ္မွ ေလေၾကာင္းခရီးစဥ္ျဖင့္ အျခားတိုင္းေဒသႀကီး/ ျပည္နယ္မ်ားသို့ ေရာက္ရွိသြားသူ (၅,၇၀၀) ဦးေက်ာ္ရွိၿပီး ထိုသူမ်ားအနက္ အခ်ိဳ့သည္ COVID-19 ကူးစက္လ်က္ရွိသူမ်ားျဖစ္နိုင္ပါေၾကာင္း၊ ယင္းေၾကာင့္ ရခိုင္ျပည္နယ္သို့ ဩဂုတ္လ (၁၀) ရက္ေနာက္ပိုင္း ခရီးသြားရာဇဝင္ရွိခဲ့သူမ်ားအားလုံးအေနျဖင့္ နီးစပ္ရာက်န္းမာေရးဌာနသို့ ခ်က္ခ်င္းအေၾကာင္းၾကားရန္ လိုအပ္ေၾကာင္း သိရသည္။

ဆုသက္ႏွင္း
#TheFifthWave

Leave a Reply