အမေရိကန်နိုင်ငံက ရွေးကောက်ပွဲကော်မရှင်၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအား ဒေါ်လာ ၄၆ သန်းကျော်ပံ့ပိုး

0
16

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၈ရက်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အမေရိကန်ဒေါ်လာ ၄၆သန်းပံ့ပိုးထားကြောင်း မြန်မာနိုငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများနှင့် သံရုံးယာယီတာဝန်ခံ ဂျော့ချ်ဆစ်ဘလီတို့ အားလုံးပါဝင်သောရွေးကောက်ပွဲကအရေးကြီးသည့်အကြောင်းနှင့် အများလက်ခံ၍ယုံကြည်ရသောရွေးကောက်ပွဲစောင့်ကြည့်မှုသည် အရေးကြီးသည့်အကြောင်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ အမေရိကန်နိုင်ငံ၏ ဒေါ်လာ ၄၆ သန်း ပံ့ပိုးမှုအကြာင်းရင်းကို အသေးစိတ်ဖော်ပြထားခြင်းမရှိနှင့် ပံ့ပိုးထားသည့် နိုင်ငံရေးပါတီများအကြောင်း ဖော်ပြထားမှုမရှိသည့်အပေါ် ပြည်တွင်း နိုင်ငဲံရေးဆောင်ရွက်သူများက မေးခွန်းထုတ် ဝေဖန်မှုများရှိနေသည်။

LW
#TheFifthWaveNews

Leave a Reply