သဘာဝေဘးအႏၲရာယ္ဥပေဒျဖင့္ KTVမ်ားကို စတင္အေရးယူ

0
27

သဘာဝဘေးအန္တရာယ်ဥပဒေဖြင့် KTVများကို စတင်အရေးယူ
COVID19ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်လုပ်ငန်းကော်မတီ၏ အမိန့်နှင့် ညွှန်ကြားချက်အား လိုက်နာရန်ပျက်ကွက်သည့် KTV ဆိုင်များကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရအရေးယူမှုစတင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရသိရသည်။
ထုတ်ပြန်ချက်တွင်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည်COVID-19ရောဂါဖြစ်ပွားနေသောကာလအတွင်းရောဂါကူးစက်မှုအားထိန်းချုပ်တားဆီးနိုင်ရန်အတွက် COVID19ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်လုပ်ငန်းကော်မတီမှ KTV / NightClub များဖွင့်လှစ်ခြင်းမပြုရန်အမိန့်နှင့်ညွှန်ကြားချက်အားလိုက်နာခြင်းမရှိဘဲ ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ ၂.၉.၂၀၂၀ ရက်နေ့ ည၁၁နာရီအချိန်တွင် ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ်(၂၄)ရှိ LAXKTVဆိုင်သို့လည်းကောင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊(၄၅)ရပ်ကွက်၊ပြည်ထောင်စုလမ်း၊အမှတ်(၁၁၁/၁၁၂)ရှိ Privacy KTY ဆိုင်သို့ လည်းကောင်း ဝင်ရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးခဲ့ရာLAXKTVဆိုင်မှမန်နေဂျာကျော်မျိုးထွန်း၊ ဆိုင်ဝန်ထမ်း(၂)ဦး၊ အကူသီဆိုသူ အမျိုးသမီး(၂)ဦး၊ လာရောက်သီဆိုသူ အမျိုးသား(၁)ဦး၊စုစုပေါင်း(၆)ဦးအား လည်းကောင်း၊PrivacyKTVဆိုင်မှမန်နေဂျာကျော်ယု(ခ)အောင်ကျော်လင်း၊ဆိုင်ဝန်ထမ်းများ၊အကူသီဆိုသူအမျိုးသမီးများနှင့် လာရောက်သီဆိုသူများ စုစုပေါင်း (၃၈)ဦးအား လည်းကောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် အဆိုပါ KTV ဆိုင်(၂)ဆိုင်မှ ဆိုင်ပိုင်ရှင်(၂)ဦးနှင့် မန်နေဂျာ (၂)ဦးတို့ကို သက်ဆိုင်ရာရဲစခန်းအသီးသီး၌သဘာဝဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ-၃၀(က)ဖြင့်အမှုဖွင့်အရေးယူခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသည်။
( Zawgyi )
သဘာဝေဘးအႏၲရာယ္ဥပေဒျဖင့္ KTVမ်ားကို စတင္အေရးယူ
COVID19ေရာဂါကာကြယ္၊ထိန္းခ်ဳပ္၊ကုသေရးအမ်ိဳးသားအဆင့္လုပ္ငန္းေကာ္မတီ၏ အမိန႔္ႏွင့္ ညႊန္ၾကားခ်က္အား လိုက္နာရန္ပ်က္ကြက္သည့္ KTV ဆိုင္မ်ားကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမွုဥပေဒအရအေရးယူမႈစတင္ေနၿပီျဖစ္ေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕၏သတင္းထုတ္ျပန္ခ်က္အရသိရသည္။
ထုတ္ျပန္ခ်က္တြင္ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွူး႐ုံးမွ ရဲတပ္ဖြဲ႕ဝင္မ်ားသည္COVID-19ေရာဂါျဖစ္ပြားေနေသာကာလအတြင္းေရာဂါကူးစက္မွုအားထိန္းခ်ဳပ္တားဆီးနိုင္ရန္အတြက္ COVID19ေရာဂါကာကြယ္၊ထိန္းခ်ဳပ္၊ကုသေရး အမ်ိဳးသားအဆင့္လုပ္ငန္းေကာ္မတီမွ KTV / NightClub မ်ားဖြင့္လွစ္ျခင္းမျပဳရန္အမိန႔္ႏွင့္ညႊန္ၾကားခ်က္အားလိုက္နာျခင္းမရွိဘဲ ဖြင့္လွစ္လုပ္ကိုင္ေနေၾကာင္း သတင္းအရ ၂.၉.၂၀၂၀ ရက္ေန႔ ည၁၁နာရီအခ်ိန္တြင္ ဗဟန္းၿမိဳ့နယ္၊ သာသနာ့ရိပ္သာရပ္ကြက္၊ ဆရာစံလမ္း၊ အမွတ္(၂၄)ရွိ LAXKTVဆိုင္သို့လည္းေကာင္း၊ဒဂုံၿမိဳ့သစ္(ေျမာက္ပိုင္း)ၿမိဳ့နယ္၊(၄၅)ရပ္ကြက္၊ျပည္ေထာင္စုလမ္း၊အမွတ္(၁၁၁/၁၁၂)ရွိ Privacy KTY ဆိုင္သို့ လည္းေကာင္း ဝင္ေရာက္ စစ္ေဆးခဲ့ေၾကာင္းသိရသည္။
ထိုသို့စစ္ေဆးခဲ့ရာLAXKTVဆိုင္မွမန္ေနဂ်ာေက်ာ္မ်ိဳးထြန္း၊ ဆိုင္ဝန္ထမ္း(၂)ဦး၊ အကူသီဆိုသူ အမ်ိဳးသမီး(၂)ဦး၊ လာေရာက္သီဆိုသူ အမ်ိဳးသား(၁)ဦး၊စုစုေပါင္း(၆)ဦးအား လည္းေကာင္း၊PrivacyKTVဆိုင္မွမန္ေနဂ်ာေက်ာ္ယု(ခ)ေအာင္ေက်ာ္လင္း၊ဆိုင္ဝန္ထမ္းမ်ား၊အကူသီဆိုသူအမ်ိဳးသမီးမ်ားႏွင့္ လာေရာက္သီဆိုသူမ်ား စုစုေပါင္း (၃၈)ဦးအား လည္းေကာင္း စစ္ေဆးေတြ႕ရွိခဲ့သျဖင့္ အဆိုပါ KTV ဆိုင္(၂)ဆိုင္မွ ဆိုင္ပိုင္ရွင္(၂)ဦးႏွင့္ မန္ေနဂ်ာ (၂)ဦးတို့ကို သက္ဆိုင္ရာရဲစခန္းအသီးသီး၌သဘာဝေဘးအႏၲရာဆိုင္ရာစီမံခန႔္ခြဲမွုဥပေဒပုဒ္မ-၃၀(က)ျဖင့္အမွုဖြင့္အေရးယူခဲ့ေၾကာင္း သတင္းထုတ္ျပန္ခ်က္အရသည္။

Leave a Reply