ဒီဇီကို အပြောင်းအရွှေ့အတွက် အိပ်ရေးပျက်နေမှာမဟုတ်ဘူးလို့ ရိုးမားနည်းပြဆို 

0
162

ဇန်န၀ါရီ ၂၉ ၊ ၂၀၁၈

ရိုးမားနည်းပြ Di Francesco က တိုက်စစ်မှူး ဒီဇီကိုအနေနဲ့ ချယ်လ်ဆီးသို့ ပြောင်းရွှေ့မယ့် ကောလာဟလသတင်းများအတွက် အိပ်ရေးပျက်ခံနေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ရိုးမားတိုက်စစ်မှူး ဒီဇီကိုဟာ လန်ဒန်အခြေစိုက် ချယ်လ်ဆီးအသင်း ဆီကိုအပြောင်းအရွှေ့နောက်ဆုံးရက်ဖြစ်တဲ့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ရောက်ရှိဖွယ် ရှိနေပါတယ်။

Di Francesco က ဒီဇီကိုရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက် ချထားခဲ့ပြီဖြစ်လို့ အိပ်ရေးပျက်နေမှာ မဟုတ်ဘူးလို့ မီဒီယာကို ပြောကြားလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူး မိုရာတာ တစ်ဦးတည်းကိုသာ အားကိုးနေရတဲ့အတွက် ဒီဇီကို ကို ထပ်မံ အလိုရှိနေတာ ဖြစ်ပါတယ်။

ရိုးမားနဲ့ ချယ်လ်ဆီးတို့ဟာ ဒီဇီကိုရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူး ဒီဇီကိုဟာ အင်္ဂလန်မြေကို တကျော့ပြန် ခြေချတော့မှာ ဖြစ်ပါတယ်။

ဒီဇီကိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဆမ်ဒိုးရီးယားနဲ့ ပွဲစဉ်မှာ ရိုးမားအသင်းအတွက် မိနစ် ၉၀ (ပွဲချိန်အပြည့်) ၀င်ရောက်ကစားခဲ့ပြီး အဆိုပါပွဲမှာ ဆမ်ဒိုးရီးယားက (၁-၀)ဖြင့် အနိုင်ရရှိသွားပါတယ်။
ဒီဇီကိုဟာ လက်ရှိမှာ ရိုးမားအသင်းအတွက် သွင်းဂိုး ၃၉ ဂိုးအထိ သွင်းယူပေးထားပါတယ်။ သူဟာ ယခင်က မန်စီးတီးအသင်းမှာလည်း ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။

ရိုးမားအသင်းရဲ့ ဒါရိုက်တာ ဖြစ်တဲ့ မော်ချီက ဒီဇီကိုဟာ ရိုးမားမှာ ပျော်ရွှင်နေပါတယ်လို့ ဆိုခဲ့ပြီး သူဟာ နောက်ဆုံးချိန်အထိ ရိုးမားအတွက် အပြည့်အ၀ အာရုံစိုက်ပြီး ကစားပေးခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ဒါအပြင် ဒီဇီကိုရဲ့ အပြောင်းအပြောင်းအရွှေ့ဟာ ခက်ခက်ခဲခဲ ဖြစ်စရာမရှိဘဲ သိပ်မကြာခင် ပြီးဆုံးမယ်လို့ ဆိုပါတယ်။

NN

Leave a Reply