တာဝန္မွရပ္ဆိုင္းခံရသည့္ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္သည္ လႊတ္ေတာ္ကိုယ္စားလွယ္ အရည္အခ်င္း ပ်က္ယြင္းသူျဖစ္၍ ေ႐ြးေကာက္ပြဲဆက္လက္ယွဥ္ၿပိဳင္ရန္ အခြင့္အေရး မရွိဟုဆို

0
33

တာဝန်မှရပ်ဆိုင်းခံရသည့် ကယားပြည်နယ်ဝန်ကြီးချုပ်သည် လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း ပျက်ယွင်းသူဖြစ်၍ ရွေးကောက်ပွဲဆက်လက်ယှဉ်ပြိုင်ရန် အခွင့်အရေး မရှိဟုဆို

တာဝန်မှရပ်ဆိုင်းခံရသည့် ကယားပြည်နယ်ဝန်ကြီးချုပ်သည် လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း ပျက်ယွင်းသူဖြစ်၍ ရွေးကောက်ပွဲဆက်လက်ယှဉ်ပြိုင်ရန် အခွင့်အရေး မရှိတော့ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၊ တာမွေမြို့နယ်မှ ဝင်ရောက် အရွေးခံချယ်ခံမည့် ကိုယ်စားလှယ်တစ်ဦးက The Fifth Wave ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုးသည် ရာထူးမှရပ်ဆိုင်းခံရသော်လည်း လာမည့်ရွေးကောက်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်၏ ပြောစကားပေါ် ထောက်ပြ ပြောဆိုခဲ့လိုက်ခြင်းဖြစ်သည်။

“ လွှတ်တော်နဲ့ ပတ်သက်တဲ့ ဥပဒေကို ဖောက်ဖျက်တာဖြစ်တဲ့အတွက် ရာထူးကဖြုတ်ချ ပြစ်ဒဏ်ပေးခံရသူ ဖြစ်သွားပါပြီ ၊ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း ပျက်ယွင်းသွားတာဖြစ်လို့ အရွေးခံပိုင်ခွင့် မရှိပါဘူး။ သူ့အခွင့်အရေး ဆုံးရှုံးသွားပါပြီ” ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၊ တာမွေမြို့နယ် တိုင်းဒေသကြီး အမှတ် ( ၂ ) မှ ဝင်ရောက် ရွေးချယ်ခံမည့် ဒေါ်ဖြူဖြုညွှန့်က ပြောသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃၊ ပုဒ်မခွဲ(င)၊ ပုဒ်မခွဲငယ်(၂)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၀ နှင့် တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ(၅၅) တို့ပါ ပြဋ္ဌာန်းချက်များအရ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စက်တင်ဘာလ ၊ ၁ ရက်တွင် ကျင်းပသည့် ကယားပြည်နယ်လွှတ်တော်၌ စွပ်စွဲပြစ်တင်သည့်အဆိုကို မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံသူ ၁၆ မဲ၊ ကန့်ကွက်သူ ၄ မဲရှိခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ အနည်း ဆုံးသုံးပုံတစ်ပုံရှိသည့်အတွက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အတည်ပြု ဖြုတ်ချခဲ့ခြင်းဖြစ်သည်။

“ဒါကလက်ရှိ တာဝန်ကရပ်ဆိုင်းတာနဲ့ပဲဆိုင်တာပါ။ ရွေးကောက်ပွဲဥပဒေမှာ တာဝန်မှရပ်ဆိုင်းခံရတဲ့ ဝန်ကြီး၊ ဝန်ကြီးချုပ်တွေက နောက်ရွေးကောက်ပွဲတွေမှာ ပါဝင်ယျဉ်ပြိုင်ခွင့်မရှိဘူးဆိုတဲ့ အချက်ပါဝင်တဲ့အတွက် ရွေးကောက်ပွဲမှာတော့ တစ်စုံတစ်ရာထိခိုက်မှုရှိမှာ မဟုတ်ပါဘူး။ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့သာ အဓိကကျပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီအနေဖြင့် စွပ်စွဲပြစ်တင်မှုတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနှင့်အညီ လွဲချော်ရာတွင် ပါဝင်ခဲသည့် အဖွဲ့ချုပ်အဖွဲ့ဝင်တွေလည်းရှိသည့်အတွက် နောင်ကိုမဖြစ်စေရန် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကပင် ဆိုသည်။

KMMA / STH
#TheFifthWave

(ZawGyi)

ရွိ တာဝန္ကရပ္ဆိုင္းတာနဲ႔ပဲဆိုင္တာပါ။ ေ႐ြးေကာက္ပြဲဥပေဒမွာ တာဝန္မွရပ္ဆိုင္းခံရတဲ့ ဝန္ႀကီး၊ ဝန္ႀကီးခ်ဳပ္ေတြက ေနာက္ေ႐ြးေကာက္ပြဲေတြမွာ ပါဝင္ယ်ဥ္ၿပိဳင္ခြင့္မရွိဘူးဆိုတဲ့ အခ်က္ပါဝင္တဲ့အတြက္ ေ႐ြးေကာက္ပြဲမွာေတာ့ တစ္စုံတစ္ရာထိခိုက္မႈရွိမွာ မဟုတ္ပါဘူး။ မဲဆႏၵရွင္ေတြရဲ႕ ဆုံးျဖတ္ခ်က္နဲ႔သာ အဓိကက်ပါတယ္”ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ေျပာေရးဆိုခြင့္ရွိသူေဒါက္တာမ်ိဳးၫြန႔္က ေျပာသည္။

ပါတီအေနျဖင့္ စြပ္စြဲျပစ္တင္မႈတြင္ ဥပေဒ၊ နည္းဥပေဒ၊ လုပ္ထုံးလုပ္နည္းေတြႏွင့္အညီ လြဲေခ်ာ္ရာတြင္ ပါဝင္ခဲသည့္ အဖြဲ႕ခ်ဳပ္အဖြဲ႕ဝင္ေတြလည္းရွိသည့္အတြက္ ေနာင္ကိုမျဖစ္ေစရန္ ၾကပ္မတ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ၎ကပင္ ဆိုသည္။

KMMA / STH
#TheFifthWave

Leave a Reply