“၀”ေဒသနွင့္ ရခိုင္ေျမာက္ပိုင္း ေဒသကို လံုျခံဳေရး အရ စိုးရိမ္ရသည့္ အေနအထားရွိသည္ဟု ေရြးေကာ္ကို တပ္မေတာ္ အၾကံျပဳ

0
15

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် “ဝ”ဒေသနှင့် ရခိုင်မြောက်ပိုင်း ဒေသသည် လုံခြုံရေး အရ စိုးရိမ်ရသည့် အနေအထားရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ တပ်မတေ်ာမှ အကြံပြုထားကြောင်း သိရသည်။
စက်တင်ဘာလ ၄ ရက်နေ့ က နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှု အပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ လုံခြုံရေးနဲ့ ပတ်သက်ပြီး အကြံပြုထားတာရှိတယ်။ “ဝ” ဒေသ ၅ မြို့နယ်ရယ်၊ ရခိုင်တချို့နေရာတွေ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေမှာ လုံခြုံရေး အရတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လုံခြုံရေး အရ စိုးရိမ်ရတဲ့ အနေအထားရှိတယ်လို့ပြောထားတာရှိတယ်” ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောသည်။
၎င်း နေရာများသည် ဒေသသည် လုံခြုံရေး အရ လွတ်လပ်ပြီးတရားမျှတသည့်ေ ရွးကောက်ပွဲ မဖြစ်နိုင် သည့် အတွက် အကြံပြုပြောဆိုရခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။
“အဓိကကတော့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ စိတ်ဆန္ဒ အတိုင်းသူတို့ ဆန္ဒ ရှိသူ ကို မဲပေးပိုင်ခွင့်ရှိရမယ်။ သူတို့က တစ်ဦးဦးရဲ့ ခြိမ်းခြောက်မှုကြောင့် မဲပေးရတာမျိုး မဖြစ်စေရဘူး။ ဒါဆို လုံခြုံရေး အရ ကြည့်ရင် ဒုတိယ အချက်ဖြစ်တဲ့ လုံခြုံရေး အရ လွတ်လပ်ပြိးတရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးး။ ဒါကြောင့် ပြောခြင်း ဖြစ်ပါတယ်”ဟု ၎င်း ကပြောသည်။
လုံခြုံရေး အနေနဲ့ ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲ လုပ်ရုံ အရ လုံခြုံရေး သည် မခဲယဉ်းသော်လည်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် လုံခြုံရေး ပေးဖို့သည်တော့ ခဲယဉ်ကြောင်း ပြောဆိုခဲ့သည်။
ထို့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ လည်း “ဝ” ဒေသ ၅ မြို့နယ်နှင့် ရခိုင်ပြည်နယ် အချို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဟု ခန့်မှန်းထားတယ်လို့ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောဆိုထားဖူးသည်။
၂၀၂၀ ပြည့် နှစ် အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ မှာ ကျင်းပပြုလုပ်မည်ဖြစ်ပြိး မဲပေးပိုင်ခွင့်ရှိသူ ဦးရေ သည် ၃၇ သန်းကျော်ရှိပြီး မဲရုံများကိုလည်း ထပ်မံ တိုးချဲ့ထားကြောင်း သိရသည်။
ယဉ်ကေနွယ်
#TheFifthWave
(Zawgyi)

“၀”ေဒသနွင့္ ရခိုင္ေျမာက္ပိုင္း ေဒသကို လံုျခံဳေရး အရ စိုးရိမ္ရသည့္ အေနအထားရွိသည္ဟု ေရြးေကာ္ကို တပ္မေတာ္ အၾကံျပဳ
လာမည့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ “၀”ေဒသနွင့္ ရခိုင္ေျမာက္ပိုင္း ေဒသသည္ လံုျခံဳေရး အရ စိုးရိမ္ရသည့္ အေနအထားရွိသည္ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ထံသို႔ တပ္မေတ္ာမွ အၾကံျပဳထားေၾကာင္း သိရသည္။
စက္တင္ဘာလ ၄ ရက္ေန႔ က ေနျပည္ေတာ္ရွိ စစ္သမိုင္းျပတိုက္တြင္ က်င္းပျပဳလုပ္ခဲ့သည့္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး အဖြဲ႔၏ သတင္းစာရွင္းလင္းပြဲတြင္ သတင္းမီဒီယာမ်ား၏ ေမးျမန္းမႈ အေပၚ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ထိုသို႔ ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။ “ လံုျခံဳေရးနဲ႔ ပတ္သက္ၿပီး အၾကံျပဳထားတာရွိတယ္။ “၀” ေဒသ ၅ ၿမိဳ႕နယ္ရယ္၊ ရခိုင္တခ်ိဳ႕ေနရာေတြ တိုက္ပြဲျဖစ္ပြားတဲ့ ေနရာေတြမွာ လံုျခံဳေရး အရေတာ့ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး လံုျခံဳေရး အရ စိုးရိမ္ရတဲ့ အေနအထားရွိတယ္လို႔ေျပာထားတာရွိတယ္” ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း ကေျပာသည္။
၎ ေနရာမ်ားသည္ ေဒသသည္ လံုျခံဳေရး အရ လြတ္လပ္ၿပီးတရားမွ်တသည့္ေ ရြးေကာက္ပြဲ မျဖစ္နုိင္ သည့္ အတြက္ အၾကံျပဳေျပာဆိုရျခင္း ျဖစ္ေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။
“အဓိကကေတာ့ မဲဆႏၵရွင္ ျပည္သူေတြရဲ႕ စိတ္ဆႏၵ အတိုင္းသူတို႔ ဆႏၵ ရွိသူ ကုိ မဲေပးပိုင္ခြင့္ရွိရမယ္။ သူတို႔က တစ္ဦးဦးရဲ႕ ၿခိမ္းေျခာက္မႈေၾကာင့္ မဲေပးရတာမ်ိဳး မျဖစ္ေစရဘူး။ ဒါဆို လံုျခံဳေရး အရ ၾကည့္ရင္ ဒုတိယ အခ်က္ျဖစ္တဲ့ လံုျခံဳေရး အရ လြတ္လပ္ၿပိးတရားမွ်တတဲ့ ေရြးေကာက္ပြဲ မျဖစ္နိုင္ဘူးး။
ဒါေၾကာင့္ ေျပာျခင္း ျဖစ္ပါတယ္”ဟု ၎ ကေျပာသည္။ လံုျခံဳေရး အေနနဲ႔ ေဆာင္ရြက္ရာတြင္ ေရြးေကာက္ပြဲ လုပ္ရံု အရ လံုျခံဳေရး သည္ မခဲယဥ္းေသာ္လည္း လြတ္လပ္ၿပီးတရားမွ်တသည့္ ေရြးေကာက္ပြဲျဖစ္ေစရန္ လံုျခံဳေရး ေပးဖို႔သည္ေတာ့ ခဲယဥ္ေၾကာင္း ေျပာဆိုခဲ့သည္။
ထို႔အတူ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ အေနနဲ႔ လည္း “၀” ေဒသ ၅ ၿမိဳ႔နယ္ႏွင့္ ရခိုင္ျပည္နယ္ အခ်ိဳ႕တြင္ ေရြးေကာက္ပြဲ က်င္းပနိုင္ျခင္း မရွိဟု ခန္႔မွန္းထားတယ္လို႔ ေကာ္မရွင္ အဖြဲ႔၀င္ ဦးျမင့္နိုင္က ေျပာဆိုထားဖူးသည္။
၂၀၂၀ ျပည့္ ႏွစ္ အေထြေထြ ေရြးေကာက္ပြဲကို လာမည့္ နုိ၀င္ဘာလ ၈ ရက္ေန႔ မွာ က်င္းပျပဳလုပ္မည္ျဖစ္ၿပိး မဲေပးပိုင္ခြင့္ရွိသူ ဦးေရ သည္ ၃၇ သန္းေက်ာ္ရွိၿပီး မဲရံုမ်ားကိုလည္း ထပ္မံ တိုးခ်ဲ႕ထားေၾကာင္း သိရသည္။
ယဥ္ေကႏြယ္
#TheFifthWave

Leave a Reply