တ႐ုတ္နိုင္ငံရွိ ျမန္မာပိုင္ ကုန္စည္ပို႔ေဆာင္ေရး ဂိတ္မ်ား မူဆယ္ဘက္သို႔ ျပန္လည္ေရြ႕ေျပာင္း စက္တင္ဘာ ၄

0
33

တရုတ်နိုင်ငံ ကျယ်ဂေါင်းအတွင်းရှိ မြန်မာပိုင် ကုန်စည်ပို့ဆောင်ရေး ဂိတ်များ မူဆယ်ဘက်သို့ ပြန်လည်ရွေ့ပြောင်းလာကြောင်း မူဆယ်ဆန်စပါး ကုန်စည်ဒိုင်မှသိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်က တရုတ်နိုင်ငံဘက် မှ ထုတ်ပြန်သော ညွှန်ကြားချက် အမိန့်စာအရ တရုတ်နိုင်ငံအတွင်းရှိ မြန်မာပိုင် ကုန်စည် ပို့ဆောင်ရေးဂိတ်များ တရုတ်နှင့် စပ်တူရှယ်ယာ မလုပ်ပါက တရုတ်နိုင်ငံ၏ ကိုယ်ကျိုးစီးပွား ကာကွယ်သည့် ပေါ်လစီအရ ဂိတ်များအား ပိတ်မည်ဖြစ်သောကြောင့် ထိုသို့ ရွေ့ပြောင်း လာခြင်း ဖြစ်ကြောင်း သိရသည်။

“ဂိတ်တွေက မြန်မာဘက်ကို တဖြည်းဖြည်း ပြန်ပြောင်းနေပြီ။ တရုတ်ပြည် ကျယ်ဂေါင်ထဲမှာ မြန်မာပြည်ဂိတ် ၁၀၀ ကျော်လောက်ရှိတယ်၊ သူတို့ဘက်က၂၅ ရက်နေ့က စာထွက်တယ်။

၁၀ ရက်အတွင်းမှာ လိုင်စင်သက်တမ်းတိုးရမယ်၊ သက်တမ်းတိုးရင် အရင်တုန်းက မြန်မာဂိတ်ဆို မြန်မာတွေပဲ ရှယ်ယာရှိတယ်။ အခု တရုတ်နိုင်ငံသား ၅၀ ရာခိုင်နှုန်း ရှယ်ယာထည့် ပေးရမယ်ဆိုပြီး ပါလာတယ်။ ဒီအတွက် မြန်မာတွေက တရုတ်နိုင်ငံ သားတွေကို ရှယ်ယာအထည့် မခံနိုင်ဘူး၊ မခံနိုင်တဲ့ အတွက် ဂိတ်တွေက ကျယ်ဂေါင်ထဲကနေ မူဆယ်ဘက်ထဲကို တဖြည်းဖြည်း ရွှေ့နေပြီ”ဟု မူဆယ်ဆန်စပါး ကုန်စည်ဒိုင်မှ ဒုတိယဥက္ကဌ ဦးမင်းသိန်း က ပြောသည်။

ထိုသို့ ကုန်စည်ပို့ဆောင်ရေးဂိတ်များ မူဆယ်ဘက်သို့ ပြန်လည်ရွေ့ပြောင်းလာပါက ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် ရရှိမည် ဖြစ်သော်လည်း ကုန်စည်စီးဆင်းမှုမှာ နှောင့်နှေးသွားမည်ဖြစ်ကြောင်း သိရသည်။ထို့ကြောင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဌာနများ အနေဖြင့် တရုတ်အာဏာပိုင်များနှင့် စေ့စပ် ညှိနှိုင်းစေလိုကြောင်း လုပ်ငန်းရှင်များက အကြံပြု ပြောဆိုထားသည်။

အဆိုပါ ကုန်စည်ပို့ဆောင်ရေး ဂိတ်များမှ တရုတ်ပြည်မှ ထွက်ရှိသည့် ဆောက်လုပ်ရေး သုံးပစ္စည်းများ၊ အထည်အလိပ်၊ ဆေးဝါးပစ္စည်း၊ စားသောက်ကုန်ပစ္စည်းများကို တင်၍ မြန်မာနိုင်ငံရှိ မြို့များအား ဖြန့်ဖြူးလျက် ရှိကြောင်း သိရသည်။
ဝေဝေဖြိုး
#TheFifthWave

(Zawgyi)

တ႐ုတ္နိုင္ငံ က်ယ္ေဂါင္းအတြင္းရွိ ျမန္မာပိုင္ ကုန္စည္ပို႔ေဆာင္ေရး ဂိတ္မ်ား မူဆယ္ဘက္သို႔ ျပန္လည္ေရြ႕ေျပာင္းလာေၾကာင္း မူဆယ္ဆန္စပါး ကုန္စည္ဒိုင္မွသိရသည္။

ၿပီးခဲ့သည့္ ၾသဂုတ္လ ၂၅ ရက္က တ႐ုတ္နိုင္ငံဘက္ မွ ထုတ္ျပန္ေသာ ညႊန္ၾကားခ်က္ အမိန္႔စာအရ တ႐ုတ္နိုင္ငံအတြင္းရွိ ျမန္မာပိုင္ ကုန္စည္ ပို႔ေဆာင္ေရးဂိတ္မ်ား တ႐ုတ္ႏွင့္ စပ္တူရွယ္ယာ မလုပ္ပါက တ႐ုတ္နိုင္ငံ၏ ကိုယ္က်ိဳးစီးပြား ကာကြယ္သည့္ ေပၚလစီအရ ဂိတ္မ်ားအား ပိတ္မည္ျဖစ္ေသာေၾကာင့္ ထိုသို႔ ေရြ႕ေျပာင္း လာျခင္း ျဖစ္ေၾကာင္း သိရသည္။

“ဂိတ္ေတြက ျမန္မာဘက္ကို တျဖည္းျဖည္း ျပန္ေျပာင္းေနၿပီ။ တ႐ုတ္ျပည္ က်ယ္ေဂါင္ထဲမွာ ျမန္မာျပည္ဂိတ္ ၁၀၀ ေက်ာ္ေလာက္ရွိတယ္၊ သူတို႔ဘက္က၂၅ ရက္ေန႔က စာထြက္တယ္။

၁၀ ရက္အတြင္းမွာ လိုင္စင္သက္တမ္းတိုးရမယ္၊ သက္တမ္းတိုးရင္ အရင္တုန္းက ျမန္မာဂိတ္ဆို ျမန္မာေတြပဲ ရွယ္ယာရွိတယ္။ အခု တ႐ုတ္နိုင္ငံသား ၅၀ ရာခိုင္ႏွုန္း ရွယ္ယာထည့္ ေပးရမယ္ဆိုၿပီး ပါလာတယ္။ ဒီအတြက္ ျမန္မာေတြက တ႐ုတ္နိုင္ငံ သားေတြကို ရွယ္ယာအထည့္ မခံနိုင္ဘူး၊ မခံနိုင္တဲ့ အတြက္ ဂိတ္ေတြက က်ယ္ေဂါင္ထဲကေန မူဆယ္ဘက္ထဲကို တျဖည္းျဖည္း ေရႊ႕ေနၿပီ”ဟု မူဆယ္ဆန္စပါး ကုန္စည္ဒိုင္မွ ဒုတိယဥကၠဌ ဦးမင္းသိန္း က ေျပာသည္။

ထိုသို႔ ကုန္စည္ပို႔ေဆာင္ေရးဂိတ္မ်ား မူဆယ္ဘက္သို႔ ျပန္လည္ေရြ႕ေျပာင္းလာပါက ျပည္တြင္း လုပ္သားမ်ားအတြက္ အလုပ္အကိုင္ ရရွိမည္ ျဖစ္ေသာ္လည္း ကုန္စည္စီးဆင္းမွုမွာ ေႏွာင့္ေႏွးသြားမည္ျဖစ္ေၾကာင္း သိရသည္။ထို႔ေၾကာင့္ ျမန္မာနိုင္ငံရွိ သက္ဆိုင္ရာ ​ဌာနမ်ား အေနျဖင့္ တ႐ုတ္အာဏာပိုင္မ်ားႏွင့္ ေစ့စပ္ ညႇိႏွိုင္းေစလိုေၾကာင္း လုပ္ငန္းရွင္မ်ားက အႀကံျပဳ ေျပာဆိုထားသည္။

အဆိုပါ ကုန္စည္ပို႔ေဆာင္ေရး ဂိတ္မ်ားမွ တ႐ုတ္ျပည္မွ ထြက္ရွိသည့္ ေဆာက္လုပ္ေရး သုံးပစၥည္းမ်ား၊ အထည္အလိပ္၊ ေဆးဝါးပစၥည္း၊ စားေသာက္ကုန္ပစၥည္းမ်ားကို တင္၍ ျမန္မာနိုင္ငံရွိ ၿမိဳ႕မ်ားအား ျဖန္႔ျဖဴးလ်က္ ရွိေၾကာင္း သိရသည္။
ေဝေဝၿဖိဳး
#TheFifthWave

Leave a Reply