ေ႐ြးေကာ္အေနျဖင့္ သတင္းအခ်က္အလက္ႏွင့္ စီမံခန႔္ခြဲမႈမ်ား အားနည္းဟု PACE အဖြဲ႕မွ ေဝဖန္ ရန္ကုန္ ၊ စက္တင္ဘာ ၄

0
19

ရွေးကော်အနေဖြင့် သတင်းအချက်အလက်နှင့် စီမံခန့်ခွဲမှုများ အားနည်းဟု PACE အဖွဲ့မှ ဝေဖန်
ရန်ကုန် ၊ စက်တင်ဘာ ၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သတင်းဖြန့်ဝေမှုနှင့်စီမံခန့်ခွဲမှုအားနည်းချက်များရှိနေကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်သော PACE အဖွဲ့၏ တာဝန်ရှိသူ ဦးစိုင်းရဲကျော်စွာမြင့်က ဝေဖန်ပြောဆိုလိုက်သည်။

ထို့အပြင်လက်ရှိရွေးကောက်ပွဲကော်မရှင်အနေဖြင့်ပွင့်လင်းမြင်သာမှုအားနည်းနေပြီးယခင်ရွေးကောက်ပွဲကော်မရှင်များနှင့်နှိုင်းယှဉ်ပါကခြားနားနေကြောင်း ပြောသည်။

“ကျွန်တော်တို့ကိုစောင့်ကြည့်လေ့လာခွင့်ပြုတာကြိုဆိုပါတယ် ။ ဒါပေမဲ့ ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်ရင် အရင်ရွေးကောက်ပွဲတွေနဲ့နှိုင်းယှဉ်ရင်အားနည်းချက်တွေရှိနေတယ်။ စောင့်ကြည့်ခွင့်ကို မှတ်ပုံတင်ရှိမှရမယ်ဆိုတာမျိုးတွေပေါ့။ ခုချိန်မှာသတင်းထုတ်ပြန်မှုတွေမြန်ဖို့လိုတယ်။အရင်ကလည်း ဒီလိုလုပ်တာပဲ၂၀၁၅၊၂၀၁၇၊၂၀၁၈မှာလည်းဒီလိုပဲလုပ်တာလို့ပြောလို့မရဘူးဗျ။ ခုဟာကကိုဗစ်ကာလရွေးကောက်ပွဲဖြစ်နေလို့အရင်လိုရွေးကောက်ပွဲတွေကိုချဉ်းကပ်သလိုမျိုးချဉ်းကပ်လို့မရဘူး”ဟုကိုစိုင်းရဲကျော်စွာမြင့်ကပြောသည်။

PACEအဖွဲ့အနေဖြင့်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရန်ရွေးကောက်ပွဲကော်မရှင်သို့ ဇူလိုင်လဒုတိယပတ်တွင်လျှောက်ထားခဲ့သော်လည်းပြည်ပအထောက်အပံ့ရယူခြင်း၊အသင်းအဖွဲ့မှတ်ပုံတင်မရှိခြင်းတို့ကြောင့်စောင့်ကြည့်ခွင့်ငြင်းပယ်ခံခဲ့ရပြီးယခုအခါယာယီမှတ်ပုံတင်ဖြင့်ပြန်လည်တင်ပြရာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

“အရင်ကထက် အရပ်ဘက်အဖွဲ့အစည်းတွေ၊နိုင်ငံရေးပါတီတွေ၊မီဒီယာတွေနဲ့ပူးပေါင်းရမယ် သတင်းအချက်အလက်တွေမြန်ရမယ်။ခုဆိုရင်ဒုတိယအကြိမ်မဲစာရင်းတွေစက်တင်ဘာလကုန်ရင်ထုတ်ပြန်မယ်ပြောတယ် ။ဘယ်နေ့ထုတ်ပြန်မှာလည်းကြိုပြောသင့်တယ် ။သတင်းအချက်အလက်နဲ့စီမံခန့်ခွဲမှုတွေအားနည်းနေတယ် ။နိုင်ငံရေးပါတီတွေမဲဆွယ်ရမှာလားမဲမဆွယ်ရဘူးလားသေသေချာချာပြောသင့်နေပြီ။ ရွေးကောက်ပွဲက အရမ်းနီးနေပြီ ။ သူတို့မှာနည်းလမ်းတွေရှိတယ်ပြောတယ်။ ကြိုဆိုပါတယ် ၊ ဒါပေမဲ့ သတင်းအချက်အလက်တွေမြန်ဆန်ဖို့လိုနေပါသေးတယ်”ဟုဖြည့်စွက်ပြောသည်။
HM
#TheFifthWave

(zawgyi)

ေ႐ြးေကာ္အေနျဖင့္ သတင္းအခ်က္အလက္ႏွင့္ စီမံခန႔္ခြဲမႈမ်ား အားနည္းဟု PACE အဖြဲ႕မွ ေဝဖန္
ရန္ကုန္ ၊ စက္တင္ဘာ ၄

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ သတင္းျဖန႔္ေဝမႈႏွင့္စီမံခန႔္ခြဲမႈအားနည္းခ်က္မ်ားရွိေနေၾကာင္း ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕တစ္ခုျဖစ္ေသာ PACE အဖြဲ႕၏ တာဝန္ရွိသူ ဦးစိုင္းရဲေက်ာ္စြာျမင့္က ေဝဖန္ေျပာဆိုလိုက္သည္။

ထို႔အျပင္လက္ရွိေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ပြင့္လင္းျမင္သာမႈအားနည္းေနၿပီးယခင္ေ႐ြးေကာက္ပြဲေကာ္မရွင္မ်ားႏွင့္ႏႈိင္းယွဥ္ပါကျခားနားေနေၾကာင္း ေျပာသည္။

“ကြၽန္ေတာ္တို႔ကိုေစာင့္ၾကည့္ေလ့လာခြင့္ျပဳတာႀကိဳဆိုပါတယ္ ။ ဒါေပမဲ့ ပြင့္လင္းျမင္သာမႈနဲ႔ပတ္သက္ရင္ အရင္ေ႐ြးေကာက္ပြဲေတြနဲ႔ႏႈိင္းယွဥ္ရင္အားနည္းခ်က္ေတြရွိေနတယ္။ ေစာင့္ၾကည့္ခြင့္ကို မွတ္ပုံတင္ရွိမွရမယ္ဆိုတာမ်ိဳးေတြေပါ့။ ခုခ်ိန္မွာသတင္းထုတ္ျပန္မႈေတြျမန္ဖို႔လိုတယ္။အရင္ကလည္း ဒီလိုလုပ္တာပဲ၂၀၁၅၊၂၀၁၇၊၂၀၁၈မွာလည္းဒီလိုပဲလုပ္တာလို႔ေျပာလို႔မရဘူးဗ်။ ခုဟာကကိုဗစ္ကာလေ႐ြးေကာက္ပြဲျဖစ္ေနလို႔အရင္လိုေ႐ြးေကာက္ပြဲေတြကိုခ်ဥ္းကပ္သလိုမ်ိဳးခ်ဥ္းကပ္လို႔မရဘူး”ဟုကိုစိုင္းရဲေက်ာ္စြာျမင့္ကေျပာသည္။

PACEအဖြဲ႕အေနျဖင့္ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာရန္ေ႐ြးေကာက္ပြဲေကာ္မရွင္သို႔ ဇူလိုင္လဒုတိယပတ္တြင္ေလွ်ာက္ထားခဲ့ေသာ္လည္းျပည္ပအေထာက္အပံ့ရယူျခင္း၊အသင္းအဖြဲ႕မွတ္ပုံတင္မရွိျခင္းတို႔ေၾကာင့္ေစာင့္ၾကည့္ခြင့္ျငင္းပယ္ခံခဲ့ရၿပီးယခုအခါယာယီမွတ္ပုံတင္ျဖင့္ျပန္လည္တင္ျပရာခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

“အရင္ကထက္ အရပ္ဘက္အဖြဲ႕အစည္းေတြ၊ႏိုင္ငံေရးပါတီေတြ၊မီဒီယာေတြနဲ႔ပူးေပါင္းရမယ္ သတင္းအခ်က္အလက္ေတြျမန္ရမယ္။ခုဆိုရင္ဒုတိယအႀကိမ္မဲစာရင္းေတြစက္တင္ဘာလကုန္ရင္ထုတ္ျပန္မယ္ေျပာတယ္ ။ဘယ္ေန႔ထုတ္ျပန္မွာလည္းႀကိဳေျပာသင့္တယ္ ။သတင္းအခ်က္အလက္နဲ႔စီမံခန႔္ခြဲမႈေတြအားနည္းေနတယ္ ။ႏိုင္ငံေရးပါတီေတြမဲဆြယ္ရမွာလားမဲမဆြယ္ရဘူးလားေသေသခ်ာခ်ာေျပာသင့္ေနၿပီ။ ေ႐ြးေကာက္ပြဲက အရမ္းနီးေနၿပီ ။ သူတို႔မွာနည္းလမ္းေတြရွိတယ္ေျပာတယ္။ ႀကိဳဆိုပါတယ္ ၊ ဒါေပမဲ့ သတင္းအခ်က္အလက္ေတြျမန္ဆန္ဖို႔လိုေနပါေသးတယ္”ဟုျဖည့္စြက္ေျပာသည္။
HM
#TheFifthWave

 

Leave a Reply