AA အၾကမ္းဖက္အဖြဲ႔က ကိုဗစ္ကာလမွာပင္လ်ွင္ နိုင္ငံေရး၊ စစ္ေရး အျမတ္ထုတ္ေနဟု ဦးေဇာ္ေဌးေျပာ

0
19

AA အကြမ်းဖက်ခေါင်းဆောင်၏ ဗွီဒီယိုဖိုင် ပြောကြားချက်ပါ စကားများသည် ဆိုးရွားစွာပြောဆိုခြင်း ဖြစ်ပြီး COVID ဖြစ်ပွားနေသည့် အချိန်မှာပင်လျင် နိုင်ငံရေး ၊ စစ်ရေးအရ အမြတ်ထုတ်နေခြင်း ဖြစ်ကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောကြားလိုက်သည်။

ထို့ပြင် တစ်နိုင်ငံလုံးက စိုးရိမ်ပူပန်နေချိန်တွင် AA ခေါင်းဆောင်များအနေဖြင့် တလွဲလုပ်နေလို့ အဆင် မပြေ ဟုလည်း ပြောဆိုလိုက်သည်။
“အောက်က ဒေသခံပြည်သူတွေကို အထင်အမြင်လွှဲမှားအောင်ပေါ့နော် ဒီလိုမျိုး ကိုဗစ် ကာလ မှာတောင်မှ နိုင်ငံရေး အမြတ်ထုတ်နေတယ်။ စစ်ရေး အမြတ်ထုတ်နေတယ်။ ဒါမျိုးတွေ မလုပ်သင့် ဘူးလို့ ကျွန်တော်ပြောချင်တယ်”ဟု ဦးဇော်ဌေး ကပြောသည်။

AA အကြမ်းဖက် အဖွဲ့ကို အစိုးရ အနေဖြင့် တစ်ဖွဲ့ခြင်း ဆွေးနွေးမည် ၊Third Country တွင် ဆွေးနွေးမည်ဟု ပြောသော်လည်း Replyပြန်လာမှု မရှိခြင်းများ ကြောင့် AA အနေဖြင့် ငြိမ်းချမ်းရေးကို လိုချင်တာ မဟုတ်ကြောင်း ၊ ငြိမ်းချမ်းရေးကို တကယ်လိုလားပါက စစ်ရှိန်လျော့ပြီး လူမျိုးရေးများကို လူထုကြားတွင် ရှုပ်ထွေးအောင် မပြောပဲ ဆွေးနွေးစားပွဲဝိုင်းကို လာရန် လိုကြောင်း ၊ AA သည် ဝါဒဖြန့်ချီရေး Statement များဖြင့် တလွှဲတချော်တွေသာ လုပ်နေကြောင်း ဦးဇော်ဌေး ကပြောခဲ့သည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ရမ်းဗြဲမြို့နယ် က လွှဲ၍ ကျန်သည့် မြို့နယ် ၁၆ မြို့နယ် တွင် COVID 19 ရောဂါပိုးတွေ့ရှိနေကြောင်းသိရသည်။

ယဉ်ကေနွယ်

(zawgyi)

AA အၾကမ္းဖက္ေခါင္းေဆာင္၏ ဗီြဒီယိုဖိုင္ ေျပာၾကားခ်က္ပါ စကားမ်ားသည္ ဆိုးရြားစြာေျပာဆိုျခင္း ျဖစ္ၿပီး COVID ျဖစ္ပြားေနသည္႔ အခ်ိန္မွာပင္လ်င္ နိုင္ငံေရး ၊ စစ္ေရးအရ အျမတ္ထုတ္ေနျခင္း ျဖစ္ေၾကာင္း သမၼတရံုး၏ ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး ကေျပာၾကားလိုက္သည္။

ထို႔ျပင္ တစ္နုိင္ငံလံုးက စိုးရိမ္ပူပန္ေနခ်ိန္တြင္ AA ေခါင္းေဆာင္မ်ားအေနျဖင့္ တလြဲလုပ္ေနလို႔ အဆင္ မေျပ ဟုလည္း ေျပာဆိုလိုက္သည္။
“ေအာက္က ေဒသခံျပည္သူေတြကို အထင္အျမင္လႊဲမွားေအာင္ေပါ့ေနာ္ ဒီလိုမ်ိဳး ကိုဗစ္ ကာလ မွာေတာင္မွ နိုင္ငံေရး အျမတ္ထုတ္ေနတယ္။ စစ္ေရး အျမတ္ထုတ္ေနတယ္။ ဒါမ်ိဳးေတြ မလုပ္သင့္ ဘူးလို႔ ကၽြန္ေတာ္ေျပာခ်င္တယ္”ဟု ဦးေဇာ္ေဌး ကေျပာသည္။

AA အၾကမ္းဖက္ အဖြဲ႔ကို အစိုးရ အေနျဖင့္ တစ္ဖြဲ႔ျခင္း ေဆြးေႏြးမည္ ၊Third Country တြင္ ေဆြးေႏြးမည္ဟု ေျပာေသာ္လည္း Replyျပန္လာမႈ မရွိျခင္းမ်ား ေၾကာင္႔ AA အေနျဖင့္ ၿငိမ္းခ်မ္းေရးကို လိုခ်င္တာ မဟုတ္ေၾကာင္း ၊ ၿငိမ္းခ်မ္းေရးကို တကယ္လိုလားပါက စစ္ရွိန္ေလ်ာ့ၿပီး လူမ်ိဳးေရးမ်ားကို လူထုၾကားတြင္ ရႈပ္ေထြးေအာင္ မေျပာပဲ ေဆြးေႏြးစားပြဲ၀ိုင္းကို လာရန္ လိုေၾကာင္း ၊ AA သည္ ၀ါဒျဖန္႔ခ်ီေရး Statement မ်ားျဖင္႔ တလႊဲတေခ်ာ္ေတြသာ လုပ္ေနေၾကာင္း ဦးေဇာ္ေဌး ကေျပာခဲ့သည္။

လက္ရွိ ရခိုင္ျပည္နယ္တြင္ ရမ္းၿဗဲၿမိဳ႕နယ္ က လႊဲ၍ က်န္သည့္ ၿမိဳ႕နယ္ ၁၆ ၿမိဳ႕နယ္ တြင္ COVID 19 ေရာဂါပိုးေတြ႔ရွိေနေၾကာင္းသိရသည္။

ယဥ္ေကႏြယ္
#TheFifthWave

Leave a Reply