တိုင္းႏွင့္ျပည္နယ္ ၉ ခုရွိ KTV ၊ Bar ၊ အႏွိပ္ခန္း မ်ားႏွင့္ လူ ၂၀၀ ေက်ာ္ကို ဖမ္းဆီး

0
42

တိုင်းနှင့်ပြည်နယ် ၉ ခုရှိ KTV ၊ Bar ၊ အနှိပ်ခန်း များနှင့် လူ ၂၀၀ ကျော်ကို ဖမ်းဆီး

တိုင်းဒေသကြီး၊ပြည်နယ် ၉ ခု၊ မြို့နယ် ၁၈ မြို့နယ်တို့မှ KTV၊ Bar ၁၀ ဆိုင်၊ အနှိပ်ခန်း ၈ ခန်း၊ ပြည့်တန်ဆာအိမ် ၂ အိမ်နှင့် တရားခံ ၂၀၅ ဦးတို့အား ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်များ၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း ပြည်ထဲရေးက ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန် အတွက် KTV၊ Bar၊ အနှိပ်ခန်းများ ဖွင့်လှစ် လုပ်ကိုင်ခြင်း မပြုရန် ထုတ်ပြန်ထားသော်လည်း တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း၌ လိုက်နာခြင်း မရှိဘဲ တရားမဝင် ဖွင့်လှစ် လုပ်ကိုင်နေသည့် နေအိမ်၊ဆိုင်များကို စက်တင်ဘာလ ၂ ရက်နှင့် ၃ ရက်တို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

” KTV တွေ စစ်ဆေးအရေးယူတာနဲ့ပတ်သက်ပြီး ကျန်တဲ့ဟာတွေကိုလည်း အမိန့်ညွှန်ကြား ချက်တွေ ထုတ်ထားပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ့် ကိစ္စတွေကိုတော့ ဆက်လက်ဆောင်ရွက်မှာပါ။ ကျွန်တော်တို့ ပြည်သူကို ကိုယ်စားပြုထားတာ ဆိုတော့ ဥပဒေကို မလိုက်နာရင်တော့ ကျွန်တော်တို့ကပါ တစ်နည်းနည်းတော့ ပါရမှာပါ”ဟု မြောက်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ပြောသည်။

ထိုသို့ ရှောင်တခင် ဝင်ရောက်ရှာဖွေ စစ်ဆေး ဖော်ထုတ်ခြင်းများ ပြုလုပ်ခဲ့ရာ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ KTV ဆိုင် ၁ ဆိုင်၊ ပြည့်တန်ဆာအိမ် ၂ အိမ်တို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ လုပ်ကိုင်သူအမျိုးသမီးများနှင့် ဧည့်သည် စုစုပေါင်း ၁၃ ဦးနှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ KTV ဆိုင် ၁ ဆိုင်မှ ပိုင်ရှင်၊ ဆိုင်ဝန်ထမ်း စုစုပေါင်း ၄ ဦးတို့ကို ဖမ်းဆီးအရေးယူ ခဲ့ကြောင်းသိရသည်။

ထို့ပြင် စစ်ကိုင်း တိုင်းဒေသကြီး၊ ကောလင်းမြို့ရှိ KTV ဆိုင် ၁ ဆိုင်မှ မန်နေဂျာ၊ ဆိုင်ဝန်ထမ်း၊ လာရောက်သီဆိုသူနှင့် အကူသီဆိုသူ စုစုပေါင်း ၁၆ ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နှင့် တောင်ငူမြို့တို့ရှိ တရားမဝင် အနှိပ်ခန်း ၂ ခန်းမှ ပိုင်ရှင်၊ အနှိပ်သမ များနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၂၀ ဦး၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နှင့် ဆောမြို့တို့ရှိ တရားမဝင်အနှိပ်ခန်း ၂ ခန်းမှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၃၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့ရှိ တရားမဝင် အနှိပ်ခန်း ၃ ခန်းမှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၃၂ ဦးတို့ကို ဖမ်းဆီးအရေးယူခဲ့သည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ KTV ဆိုင် ၁ ဆိုင်မှ ပိုင်ရှင် ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဗဟန်းမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နှင့် တာမွေမြို့နယ် တို့မှ KTV/Bar ဆိုင် ၂ ဆိုင်၊ တရားမဝင်အနှိပ်ခန်း ၁ ခန်းတို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများ၊ ဧည့်သည်နှင့် အကူ သီဆိုသူ စုစုပေါင်း ၅၂ ဦး၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ လားရှိုးမြို့နှင့် တာချီလိတ် မြို့တို့ရှိ KTV/Bar ဆိုင် ၄ ဆိုင်မှ ပိုင်ရှင်၊ မန်နေဂျာ၊ အကူသီဆိုသူနှင့် လာရောက် သီဆိုသူ စုစုပေါင်း ၃၆ ဦးတို့ကို အသီးသီး အရေးယူခဲ့ကြောင်း ပြည်ထဲရေးက ထုတ်ပြန်ထားသည်။

ဝေဝေဖြိုး
#TheFifthWave

(zawgyi)

တိုင္းေဒသႀကီး၊ျပည္နယ္ ၉ ခု၊ ၿမိဳ့နယ္ ၁၈ ၿမိဳ့နယ္တို႔မွ KTV၊ Bar ၁၀ ဆိုင္၊ အႏွိပ္ခန္း ၈ ခန္း၊ ျပည့္တန္ဆာအိမ္ ၂ အိမ္ႏွင့္ တရားခံ ၂၀၅ ဦးတို႔အား ဖမ္းဆီးခဲ့ၿပီး သက္ဆိုင္ရာ ၿမိဳ႕နယ္မ်ား၌ ဥပေဒႏွင့္အညီ အမွုဖြင့္အေရးယူ ေဆာင္ရြက္ ထားေၾကာင္း ျပည္ထဲေရးက ထုတ္ျပန္ထားသည္။

ကိုဗစ္-၁၉ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္နိုင္ရန္ အတြက္ KTV၊ Bar၊ အႏွိပ္ခန္းမ်ား ဖြင့္လွစ္ လုပ္ကိုင္ျခင္း မျပဳရန္ ထုတ္ျပန္ထားေသာ္လည္း တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားအတြင္း၌ လိုက္နာျခင္း မရွိဘဲ တရားမဝင္ ဖြင့္လွစ္ လုပ္ကိုင္ေနသည့္ ေနအိမ္၊ဆိုင္မ်ားကို စက္တင္ဘာလ ၂ ရက္ႏွင့္ ၃ ရက္တို႔တြင္ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားက ပူးေပါင္းအဖြဲ႕မ်ားျဖင့္ ေရွာင္တခင္ ဝင္ေရာက္ရွာေဖြ စစ္ေဆးခဲ့ျခင္းျဖစ္သည္။

” KTV ေတြ စစ္ေဆးအေရးယူတာနဲ႔ပတ္သက္ၿပီး က်န္တဲ့ဟာေတြကိုလည္း အမိန္႔ညႊန္ၾကား ခ်က္ေတြ ထုတ္ထားပါတယ္။ ဥပေဒနဲ႔အညီ ေဆာင္ရြက္ရမယ့္ ကိစၥေတြကိုေတာ့ ဆက္လက္ေဆာင္ရြက္မွာပါ။ ကၽြန္ေတာ္တို႔ ျပည္သူကို ကိုယ္စားျပဳထားတာ ဆိုေတာ့ ဥပေဒကို မလိုက္နာရင္ေတာ့ ကၽြန္ေတာ္တို႔ကပါ တစ္နည္းနည္းေတာ့ ပါရမွာပါ”ဟု ေျမာက္ဒဂံုၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးတင္ထြန္းႏိုင္က ေျပာသည္။

ထိုသို႔ ေရွာင္တခင္ ဝင္ေရာက္ရွာေဖြ စစ္ေဆး ေဖာ္ထုတ္ျခင္းမ်ား ျပဳလုပ္ခဲ့ရာ ေနျပည္ေတာ္ ေကာင္စီနယ္ေျမအတြင္းရွိ ပ်ဥ္းမနားၿမိဳ႕နယ္ႏွင့္ ပုဗၺသီရိၿမိဳ့နယ္တို႔မွ KTV ဆိုင္ ၁ ဆိုင္၊ ျပည့္တန္ဆာအိမ္ ၂ အိမ္တို႔မွ ပိုင္ရွင္၊ မန္ေနဂ်ာ၊ လုပ္ကိုင္သူအမ်ိဳးသမီးမ်ားႏွင့္ ဧည့္သည္ စုစုေပါင္း ၁၃ ဦးႏွင့္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ရွိ KTV ဆိုင္ ၁ ဆိုင္မွ ပိုင္ရွင္၊ ဆိုင္ဝန္ထမ္း စုစုေပါင္း ၄ ဦးတို႔ကို ဖမ္းဆီးအေရးယူ ခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ စစ္ကိုင္း တိုင္းေဒသႀကီး၊ ေကာလင္းၿမိဳ႕ရွိ KTV ဆိုင္ ၁ ဆိုင္မွ မန္ေနဂ်ာ၊ ဆိုင္ဝန္ထမ္း၊ လာေရာက္သီဆိုသူႏွင့္ အကူသီဆိုသူ စုစုေပါင္း ၁၆ ဦး၊ ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ့ႏွင့္ ေတာင္ငူၿမိဳ႕တို႔ရွိ တရားမဝင္ အႏွိပ္ခန္း ၂ ခန္းမွ ပိုင္ရွင္၊ အႏွိပ္သမ မ်ားႏွင့္ လာေရာက္အႏွိပ္ခံသူ စုစုေပါင္း ၂၀ ဦး၊ မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ့ႏွင့္ ေဆာၿမိဳ႕တို႔ရွိ တရားမဝင္အႏွိပ္ခန္း ၂ ခန္းမွ ပိုင္ရွင္၊ မန္ေနဂ်ာ၊ အႏွိပ္သမမ်ားႏွင့္ လာေရာက္အႏွိပ္ခံသူ စုစုေပါင္း ၃၁ ဦး၊ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံ ၿမိဳ့နယ္၊ အမရပူရၿမိဳ့နယ္ႏွင့္ ျပင္ဦးလြင္ၿမိဳ့နယ္တို႔ရွိ တရားမဝင္ အႏွိပ္ခန္း ၃ ခန္းမွ ပိုင္ရွင္၊ မန္ေနဂ်ာ၊ အႏွိပ္သမမ်ားႏွင့္ လာေရာက္အႏွိပ္ခံသူ စုစုေပါင္း ၃၂ ဦးတို႔ကို ဖမ္းဆီးအေရးယူခဲ့သည္။

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ရွိ KTV ဆိုင္ ၁ ဆိုင္မွ ပိုင္ရွင္ ၁ ဦး၊ ရန္ကုန္တိုင္းေဒသႀကီးရွိ ဗဟန္းၿမိဳ့နယ္၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) ၿမိဳ႕နယ္ႏွင့္ တာေမြၿမိဳ႕နယ္ တို႔မွ KTV/Bar ဆိုင္ ၂ ဆိုင္၊ တရားမဝင္အႏွိပ္ခန္း ၁ ခန္းတို႔မွ ပိုင္ရွင္၊ မန္ေနဂ်ာ၊ အႏွိပ္သမမ်ား၊ ဧည့္သည္ႏွင့္ အကူ သီဆိုသူ စုစုေပါင္း ၅၂ ဦး၊ ရွမ္းျပည္နယ္၊ က်ိဳင္းတုံၿမိဳ့၊ လားရွိုးၿမိဳ့ႏွင့္ တာခ်ီလိတ္ ၿမိဳ့တို႔ရွိ KTV/Bar ဆိုင္ ၄ ဆိုင္မွ ပိုင္ရွင္၊ မန္ေနဂ်ာ၊ အကူသီဆိုသူႏွင့္ လာေရာက္ သီဆိုသူ စုစုေပါင္း ၃၆ ဦးတို႔ကို အသီးသီး အေရးယူခဲ့ေၾကာင္း ျပည္ထဲေရးက ထုတ္ျပန္ထားသည္။

ေဝေဝၿဖိဳး
#TheFifthWave

 

 

Leave a Reply