အူဘာမီယန်အပြောင်းအရွှေ့အတွက် အာဆင်နယ်နဲ့ဒေါ့မန်တို့ သဘောတူညီမှုရရှိ

0
157

ဇန်န၀ါရီ ၂၉ ၊ ၂၀၁၈

အာဆင်နယ်အသင်းနဲ့ ဒေါ့မန်အသင်းတို့ဟာ နောက်ဆုံးမှာတော့ အူဘာမီရန်ရဲ့အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒေါ့မန်တိုက်စစ်မှူး အူဘာမီယန်ဟာ ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်း (ယူရို ၆၃ သန်း) နဲ့ အာဆင်နယ်မှာ ၃ နှစ်ခွဲစာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။ သူ့ရဲ့ တစ်ပတ်လုပ်ခကတော့ ပေါင်တစ်သိန်းရှစ်သောင်း ရရှိမှာ ဖြစ်ပါတယ်။

အူဘာမီယန်အနေနဲ့ အာဆင်နယ်အသင်းကို ရောက်ရှိလာပါက အာဆင်နယ်တိုက်စစ်မှူး ဂီရော့စ်ဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဂီရော့စ်အတွက် ပြောင်းေ၇ွှ့ကြေး ပေါင် ၃၅ သန်း အသုံးပြုဖို့ရှိနေပါတယ်။

ဒေါ့မန်အသင်းဟာ အူဘာမီယန်ရဲ့ နေရာကို ပြန်လည်အစားထိုးဖို့အတွက် ကိုလုံးတိုက်စစ်မှူးဟောင်း Anthony Modeste ကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။

အာဆင်နယ်အသင်းဟာ ဂါဘွန်းနိုင်ငံသား အူဘာမီယန်ရဲ့ အပြောင်း အရွှေ့ကို လာမယ့် ရက်အနည်းငယ် အတွင်းမှာ တရားဝင်ကြေညာဖို့ ရှိနေပါတယ်။

NN

Leave a Reply