မႏၲေလးတိုင္းထဲရွိ ၿမိဳ႕နယ္ေပါင္း ၂၄ ၿမိဳ႔နယ္ လ်ွပ္စစ္မီးယာယီျဖတ္ေတာက္မည္

0
25

စက်တင်ဘာလ ၈ရက်နှင့် ၁၀ရက်နေ့များတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း၂၄ခုတွင် လျှပ်စစ်မီး ယာယီဖြတ်တောက်မည်ဖြစ်ကြောင်း မန္တလေး လျှပ်စစ် ဓာတ်အားပေးကော်ပိုရေးရှင်း MESCထံမှသိရသည် ။

မီးပျက်တောက်မည့်မြို့နယ်များမှာအာင်မြေသာစံ,ချမ်းအေးသာစံ၊မဟာအောင်မြေ၊ချမ်းမြသာစည်၊ပြည်ကြီးတံခွန်၊အမရပူရ၊ပုသိမ်ကြီး၊ပြင်ဦးလွင်၊မတ္တရာ၊သပိတ်ကျင်း၊ကျောက်ဆည်၊တံတားဦး၊ မြစ်သား၊မိတ္ထီလာ၊ သာစည်၊ဝမ်းတွင်း ၊မြင်းခြံ ၊ နွားထိုးကြီး ၊ ငါန်းဇွန် ၊ညောင်ဦး၊ ပုဂံ ၊ ကျောက်ပန်းတောင်းနှင့်ပျော်ဘွယ်မြို့နယ်များအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် နံနက် ၉နာရီ မှ ၁၂နာရီအထိ ၃နာရီကြာလျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်းသိရသည် ။

” လျှပ်စစ်လိုင်း အန္တရာယ်များတဲ့ ခုလိုမိုးရာသီမှာဓါတ်အားလိုင်းတွေ အနီးအနားက သစ်ပင် သစ်ကိုင်းတွေ ၊ခုတ်ပြီးရှင်းလင်းတာတွေ ၊ ထရန်စဖော်မာနဲ့ ဆက်သွယ်တဲ့ Connection တွေစစ်ဆေးတာတွေ လုပ်ဖို့အတွက် ခုလိုယာယီလျှပ်စစ်မီးဖြတ်တောက်ရတာပါ ” ဟုအဆိုပါကော်ပိုရေးရှင်းစီမံဌာနမန္တလေးခရိုင်လက်ထောက်အထွေထွေမန်နေဂျာဦးအေးကျော်ကပြောသည် ။

မန္တလေးတိုင်းဒေသကြီးတွင် ထရန်စဖော်မာအိုးများအားပိတ်၍ လျှပ်စစ်လိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်ခုတ်ခြင်း ၊ကြွေသီးလဲလှယ်ခြင်း ၊ဓာတ်အားလိုင်းအဆင့်မြှင့်တင်ခြင်းများဆောင်ရွက်နေခြင်းတို့ကြောင့်လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပေါ်ခြင်းဖြစ်ကြောင်းသိရသည် ။

ယခု ၂၀၂၀ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး၌ခရိုင်နှင့်မြို့နယ်အလိုက် မန္တလေးတိုင်းလျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်းမှ ထရန်စဖော်မာများစစ်ဆေးခြင်းနှင့် ဓါတ်အားလိုင်းများ ကြံ့ခိုင်မှု ရှိစေရန်စစ်ဆေးပြု ပြင်မှုများပြုလုပ်ပေးနေကြောင်းသိရသည် ။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

စက္တင္ဘာလ ၈ရက္ႏွင္႔ ၁၀ရက္ေန႔မ်ားတြင္ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ေပါင္း၂၄ခုတြင္ လ်ွပ္စစ္မီး ယာယီျဖတ္ေတာက္မည္ျဖစ္ေၾကာင္း မႏၲေလး လ်ွပ္စစ္ ဓာတ္အားေပးေကာ္ပိုေရးရွင္း MESCထံမွသိရသည္ ။

မီးပ်က္ေတာက္မည့္ၿမိဳ႕နယ္မ်ားမွာအာင္ေျမသာစံ,ခ်မ္းေအးသာစံ၊မဟာေအာင္ေျမ၊ခ်မ္းျမသာစည္၊ျပည္ႀကီးတံခြန္၊အမရပူရ၊ပုသိမ္ႀကီး၊ျပင္ဦးလြင္၊မတၱရာ၊သပိတ္က်င္း၊ေက်ာက္ဆည္၊တံတားဦး၊ ျမစ္သား၊မိတၳီလာ၊ သာစည္၊ဝမ္းတြင္း ၊ျမင္းၿခံ ၊ ႏြားထိုးႀကီး ၊ ငါန္းဇြန္ ၊ေညာင္ဦး၊ ပုဂံ ၊ ေက်ာက္ပန္းေတာင္းႏွင္႔ေပ်ာ္ဘြယ္ၿမိဳ႕နယ္မ်ားအတြင္းရွိ ရပ္ကြက္ႏွင္႔ ေက်းရြာမ်ားတြင္ နံနက္ ၉နာရီ မွ ၁၂နာရီအထိ ၃နာရီၾကာလ်ွပ္စစ္ဓာတ္အားျပတ္ေတာက္မည္ျဖစ္ေၾကာင္းသိရသည္ ။

” လ်ွပ္စစ္လိုင္း အႏၲရာယ္မ်ားတဲ႔ ခုလိုမိုးရာသီမွာဓါတ္အားလိုင္းေတြ အနီးအနားက သစ္ပင္ သစ္ကိုင္းေတြ ၊ခုတ္ၿပီးရွင္းလင္းတာေတြ ၊ ထရန္စေဖာ္မာနဲ႔ ဆက္သြယ္တဲ့ Connection ေတြစစ္ေဆးတာေတြ လုပ္ဖို႔အတြက္ ခုလိုယာယီလ်ွပ္စစ္မီးျဖတ္ေတာက္ရတာပါ ” ဟုအဆိုပါေကာ္ပိုေရးရွင္းစီမံဌာနမႏၲေလးခရိုင္လက္ေထာက္အေထြေထြမန္ေနဂ်ာဦးေအးေက်ာ္ကေျပာသည္ ။

မႏၲေလးတိုင္းေဒသႀကီးတြင္ ထရန္စေဖာ္မာအိုးမ်ားအားပိတ္၍ လ်ွပ္စစ္လိုင္းႏွင္႔မလြတ္ကင္းသည္႔ သစ္ပင္ခုတ္ျခင္း ၊ေျကြသီးလဲလွယ္ျခင္း ၊ဓာတ္အားလိုင္းအဆင္႔ျမွင္႔တင္ျခင္းမ်ားေဆာင္ရြက္ေနျခင္းတို႔ေၾကာင္႔လ်ွပ္စစ္မီးျပတ္ေတာက္မႈမ်ားျဖစ္ေပၚျခင္းျဖစ္ေၾကာင္းသိရသည္ ။

ယခု ၂၀၂၀ခုႏွစ္အတြင္း မႏၲေလးတိုင္းေဒသႀကီး၌ခရိုင္ႏွင္႔ၿမိဳ႕နယ္အလိုက္ မႏၲေလးတိုင္းလ်ွပ္စစ္ဓါတ္အားေပးေကာ္ပိုေရးရွင္းမွ ထရန္စေဖာ္မာမ်ားစစ္ေဆးျခင္းႏွင့္ ဓါတ္အားလိုင္းမ်ား ၾကံ့ခိုင္မွဳ ရွိေစရန္စစ္ေဆးျပဳ ျပင္မႈမ်ားျပဳလုပ္ေပးေနေၾကာင္းသိရသည္ ။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply