ျပည္သူ႔လႊတ္ေတာ္အမတ္ ေဒါက္တာေဝၿဖိဳးေအာင္၏အမ်ိဳးသမီး COVID ကူးစက္ခံရ

0
31

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝေဖြိုးအောင်၏ဇနီးCOVIDကူးစက်ခံရသည်ဟုသိရသည်။

စက်တင်ဘာ ၄ရက်ည ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ထုတ်ပြန်ချက်တွင် သာကေတမြို့နယ်မှ ထပ်တိုး နှစ် ဦးပါဝင်ခဲ့ပါရာ ယင်းအနက်မှ တစ်ဦးမှာ
ဒေါက်တာဝေဖြိုးအောင်၏ဇနီးဖြစ်သည်ဟု ၎င်း ၏လူမှုကွန်ရက်တွင်ရေးသားထားသည်။

ဒေါက်တာဝေဖြိုးအောင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်”ဖြစ်စဉ်မှာ ကျွန်တော်၏ အမျိုးသမီးသည် ၂ ရက်တွင် ရေချိုးမှား၍ ဖျားချင်သလိုဖြစ်ကြောင်းနှင့် ညနေတွင် အဖျားသက်သာသွားပြီဖြစ်ကြောင်းဖုန်းဆက်လာပါသည်။၄ ရက်နေ့ မနက်တွင် အနံ့ကောင်းစွာ မရကြောင်း ဖုန်းဆက်လာပါသဖြင့် မြို့နယ် ကျန်းမာရေး ဆရာဝန်ကြီးနှင့် ချိတ်ဆက်၍ ရန်ကုန်အရှေ့ပိုင်းဆေရုံကြီး သို့ ပို့သ၍ စစ်ဆေးမှု ခံယူခဲ့ခြင်းဖြစ်ပါသည်။ကျွန်တော်နှင့် အမျိုးသမီးမှာ ၁ ရက်နေ့မှ စ၍ ထိတွေ့မှု မရှိပါ။ကျွန်တော်ကိုယ်တိုင်လည်း ၄ ရက်နေ့မှစ၍ အိမ်တွင် ကိုယ်တိုင် Quarantine ယူထားပါသည်။သို့သော် အမျိုးသမီး၏ မိသားစုများနှင့် ကျွန်တော်မှာ primary contact တွင် ပါဝင်ပါသဖြင့် Facility Quarantine ယူရန် စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်းနှင့် ထူးခြားမှုများရှိပါက ထပ်မံ၍ တင်ပြသွားမည် ဖြစ်ပါကြောင်း ပြည်သူသို့တင်ပြအပ်ပါသည်”ဟုရေးသားထားသည်။

ဒေါက်တာဝေဖြိုးအောင်၏ဇနီးသည် လက်ရှိ COVID ကူးစက်ခံထားရပြီး ဒေါက်တာဝေဖြိုးအောင်ကကျန်းမာလျက်ရှိသည်ဟုရေးသားထားသည်။

ယင်းပြင်ဒေါက်တာဝေဖြိုးအောင်သည်ယမန်‌ နေ့အချိန်ထိလူမှုရေးဝန်ကြီးဦးနိုင်ငံလင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်သက်ထားနွယ်ဝင်း မြို့နယ်အလုပ်မှုဆောင်များအပါအဝင် ရပ်ကျေးရုံးဖွင့်ခြင်းအပြင် ရပ်ကွက်အတွင်းရေစီးရေလာကောင်းစေရန်ဆောင်ရွက်ခဲ့သည်ဟုသိရသည်။

ဇော်ထွန်း
#TheFifthWave

(zawgyi)

ရန္ကုန္တိုင္းေဒသႀကီး သာေကတၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေဝၿဖိဳးေအာင္၏ဇနီးCOVIDကူးစက္ခံရသည္ဟုသိရသည္။

စက္တင္ဘာ ၄ရက္ည က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ COVID-19 ထုတ္ျပန္ခ်က္တြင္ သာေကတၿမိဳ႕နယ္မွ ထပ္တိုး ႏွစ္ ဦးပါဝင္ခဲ့ပါရာ ယင္းအနက္မွ တစ္ဦးမွာ
ေဒါက္တာေဝၿဖိဳးေအာင္၏ဇနီးျဖစ္သည္ဟု ၄င္း ၏လူမႈကြန္ရက္တြင္ေရးသားထားသည္။

ေဒါက္တာေဝၿဖိဳးေအာင္က ၄င္း၏လူမႈကြန္ရက္စာမ်က္ႏွာတြင္”ျဖစ္စဥ္မွာ ကြၽန္ေတာ္၏ အမ်ိဳးသမီးသည္ ၂ ရက္တြင္ ေရခ်ိဳးမွား၍ ဖ်ားခ်င္သလိုျဖစ္ေၾကာင္းႏွင့္ ညေနတြင္ အဖ်ားသက္သာသြားၿပီျဖစ္ေၾကာင္းဖုန္းဆက္လာပါသည္။၄ ရက္ေန႔ မနက္တြင္ အနံ႔ေကာင္းစြာ မရေၾကာင္း ဖုန္းဆက္လာပါသျဖင့္ ၿမိဳ႕နယ္ က်န္းမာေရး ဆရာဝန္ႀကီးႏွင့္ ခ်ိတ္ဆက္၍ ရန္ကုန္အေရွ႕ပိုင္းေဆ႐ုံႀကီး သို႔ ပို႔သ၍ စစ္ေဆးမႈ ခံယူခဲ့ျခင္းျဖစ္ပါသည္။ကြၽန္ေတာ္ႏွင့္ အမ်ိဳးသမီးမွာ ၁ ရက္ေန႔မွ စ၍ ထိေတြ႕မႈ မရွိပါ။ကြၽန္ေတာ္ကိုယ္တိုင္လည္း ၄ ရက္ေန႔မွစ၍ အိမ္တြင္ ကိုယ္တိုင္ Quarantine ယူထားပါသည္။သို႔ေသာ္ အမ်ိဳးသမီး၏ မိသားစုမ်ားႏွင့္ ကြၽန္ေတာ္မွာ primary contact တြင္ ပါဝင္ပါသျဖင့္ Facility Quarantine ယူရန္ စီစဥ္ေဆာင္႐ြက္ၿပီးျဖစ္ပါေၾကာင္းႏွင့္ ထူးျခားမႈမ်ားရွိပါက ထပ္မံ၍ တင္ျပသြားမည္ ျဖစ္ပါေၾကာင္း ျပည္သူသို႔တင္ျပအပ္ပါသည္”ဟုေရးသားထားသည္။

ေဒါက္တာေဝၿဖိဳးေအာင္၏ဇနီးသည္ လက္ရွိ COVID ကူးစက္ခံထားရၿပီး ေဒါက္တာေဝၿဖိဳးေအာင္ကက်န္းမာလ်က္ရွိသည္ဟုေရးသားထားသည္။

ယင္းျပင္ေဒါက္တာေဝၿဖိဳးေအာင္သည္ယမန္‌ ေန႔အခ်ိန္ထိလူမႈေရး၀န္ႀကီးဦးႏိုင္ငံလင္း တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေဒၚသက္ထားႏြယ္၀င္း ၿမိဳ႕နယ္အလုပ္မႈေဆာင္မ်ားအပါအ၀င္ ရပ္ေက်း႐ုံးဖြင့္ျခင္းအျပင္ ရပ္ကြက္အတြင္းေရစီးေရလာေကာင္းေစရန္ေဆာင္႐ြက္ခဲ့သည္ဟုသိရသည္။

ေဇာ္ထြန္း
#TheFifthWave

Leave a Reply