ခြေကျင်းဝတ်ဒဏ်ရာကြောင့် လအတန်ကြာ အနားယူရတော့မယ့် မန်စီးတီးတီး ကစားသမား ဆာနေး

0
197

ဇန်န၀ါရီ ၂၉ ၊ ၂၀၁၈

မန်ချက်စတာစီးတီးအသင်းရဲ့ အဓိက တောင်ပံတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဆာနေးဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် လအနည်းငယ် အနားယူရတော့မှာ ဖြစ်ပါတယ်။

သူဟာ FA ဖလား စတုတ္တအကျော့ပွဲစဉ်ဖြစ်တဲ့ ကားဒစ်နဲ့ ပွဲ ပထမပိုင်းမှာ ကားဒစ်နောက်ခံလူ ဂျိုးဘန်းနက်ရဲ့ ဖျက်ထုတ်မှု ကြမ်းတမ်းခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့နေရာကို တိုက်စစ်မှူးအဂူရိုက ၀င်ရောက်ကစား ပေးခဲ့ရပါတယ်။ဒါပေမယ့်လည်း ကွင်းလယ်ဒိုင်က ဘန်းနက်ကို အ၀ါကတ်သာ ပြသခဲ့တဲ့အတွက် အင်္ဂလန်ဘောလုံးလောက သားတွေအကြား ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

အဆိုပါပွဲမှာ မန်စီးတီးအသင်းက ၀ -၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဆာနေးရဲ့ ဒဏ်ရာအခြေအနေကို ပြောကြားသွားပါတယ်။

“သူဟာ ဒဏ်ရာကြောင့် သီတင်းပတ်အတော်ကြာအောင် အနားယူရဖို့ ရှိနေပါတယ်။ ဒါပေမယ့် သိပ်မကြာခင် ကျွန်တော်တို့ သူကို ပြန်မြင်ရမှာပါ”လို့ ဂွာဒီယိုလာက ဆိုပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ အဆိုပါပွဲစဉ်မှာ ဆာနေဒဏ်ရာရရှိမှုနဲ့ ပတ်သက်ပြီး ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။ မန်စီးတီးဟာ ကားဒစ်စီးတီးကို ဒီဘရိုင်း ၊ စတာလင်းတို့ရဲ့ သွင်းဂိုးတွေနဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ဆာနေကို လာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကစားမယ့် မန်စီးတီး – အာဆင်နယ်တို့ရဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ပြန်လည်ပါဝင်လာဖွယ် ရှိနေပါတယ်။

NN

Leave a Reply