ရန္ကုန္မိုးပ်ံအျမန္လမ္းစီမံကိန္း လုပ္ကိုင္ခြင့္ရကုမၸဏီကို စတင္စစ္ေဆးေန

0
36

သြဂုတ်လတွင် ပြန်လည်စတင်ခဲ့သည့် ရန်ကုန်မိုးပျံလမ်းစီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရကုမ္ပဏီကို လာမည့်အောက်တိုဘာလတွင် ကြေညာပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ စီစဉ်ခြင်းဖြစ်ပြီး ယင်းစီမံကိန်းသည် ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ရေးဆွဲထားသည့်စီမံကိန်းဖြစ်ကြောင်း သိရသည်။

“လက်ရှိအခြေအနေကတော့ ကုမ္ပဏီတွေကိုရွေးချယ်နေပါတယ်။ ကျွန်တော်တို့ရွေးပြီးသွားရင် ထုတ်ပြန်ပေးပါ့မယ်။ စက်တင်ဘာ ၁ ရက်ကတင်ဒါစပိတ်တယ်။ လာတင်ပြတဲ့ကုမ္ပဏီတွေကို အမှတ်ပေးနေတယ်။ ကျွန်တော်တို့က ဗာကျူရယ်စနစ်နဲ့စစ်ဆေးနေတယ်၊ ကျွန်တော်တို့မှာ စနစ်တွေအများကြီးရှိပါတယ်။ သူတို့တင်ပြတဲ့ပရောဂျက်ထောက်ခံချက်တွေကို World Bank က RFP ဆင်းနေတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ စီစဉ်ခြင်းဖြစ်ပြီး ယင်းစီမံကိန်းသည် ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ရေးဆွဲထားသည့်စီမံကိန်းဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်း၏ စုစုပေါင်းအရှည်မှာ ၄၇ ဒသမ ၅ ကီလိုမီတာဖြစ်ပြီး Phase 1 အဖြစ်ဆောင်ရွက်မည့် လေးလမ်းသွားလမ်းမကြီးသည် ၁၉ ကီလိုမီတာ၊ အရှေ့အနောက်ချိတ်ဆက်ထားသည့် လေးလမ်းသွားသည် ခြောက်ကီလိုမီတာနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ချိတ်ဆက်ထားသည့်လမ်းပိုင်းမှာ ၂ ဒသမ ၅ ကီလိုမီတာရှိကြောင်း သိရသည်။

ကနဦးတွင် Phase 1 ကိုစတင်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်လုပ်ငန်းများစတင်ဆောင်ရွက်မည်ဖြစ်ကာ စီမံကိန်းကာလ သုံးနှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ယင်းစီမံကိန်းကို ၂၀၂၀ တွင်စတင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြောဆိုထားသော်လည်း Covid-19 ကြောင့်တင်ဒါရွေးချယ်မှုကိုရပ်ဆိုင်းထားရခြင်းကြောင့် စီမံကိန်းကြန့်ကြာနေခြင်းဖြစ်ကြောင်း သိရသည်။

ဆုသက်နှင်း
#TheFifthWaveNews

(zawgyi)

ၾသဂုတ္လတြင္ ျပန္လည္စတင္ခဲ့သည့္ ရန္ကုန္မိုးပ်ံလမ္းစီမံကိန္းအတြက္ လုပ္ကိုင္ခြင့္ရကုမၸဏီကို လာမည့္ေအာက္တိုဘာလတြင္ ေၾကညာေပးသြားမည္ျဖစ္ၿပီး လက္ရွိတြင္ စတင္စစ္ေဆးေနၿပီျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ လမ္းတံတားဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးၾကည္ေဇာ္ျမင့္က ေျပာသည္။

ရန္ကုန္ၿမိဳ႕၏ ယာဥ္ေၾကာပိတ္ဆို႔မႈကို ေလွ်ာ့ခ်ႏိုင္ရန္အတြက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕တို႔မွ စီစဥ္ျခင္းျဖစ္ၿပီး ယင္းစီမံကိန္းသည္ ၿပီးခဲ့သည့္အစိုးရလက္ထက္တြင္ ေရးဆြဲထားသည့္စီမံကိန္းျဖစ္ေၾကာင္း သိရသည္။

“လက္ရွိအေျခအေနကေတာ့ ကုမၸဏီေတြကိုေ႐ြးခ်ယ္ေနပါတယ္။ ကြၽန္ေတာ္တို႔ေ႐ြးၿပီးသြားရင္ ထုတ္ျပန္ေပးပါ့မယ္။ စက္တင္ဘာ ၁ ရက္ကတင္ဒါစပိတ္တယ္။ လာတင္ျပတဲ့ကုမၸဏီေတြကို အမွတ္ေပးေနတယ္။ ကြၽန္ေတာ္တို႔က ဗာက်ဴရယ္စနစ္နဲ႔စစ္ေဆးေနတယ္၊ ကြၽန္ေတာ္တို႔မွာ စနစ္ေတြအမ်ားႀကီးရွိပါတယ္။ သူတို႔တင္ျပတဲ့ပေရာဂ်က္ေထာက္ခံခ်က္ေတြကို World Bank က RFP ဆင္းေနတယ္”ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ လမ္းတံတားဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးၾကည္ေဇာ္ျမင့္က ေျပာသည္။

ရန္ကုန္ၿမိဳ႕၏ ယာဥ္ေၾကာပိတ္ဆို႔မႈကို ေလွ်ာ့ခ်ႏိုင္ရန္အတြက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕တို႔မွ စီစဥ္ျခင္းျဖစ္ၿပီး ယင္းစီမံကိန္းသည္ ၿပီးခဲ့သည့္အစိုးရလက္ထက္တြင္ ေရးဆြဲထားသည့္စီမံကိန္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါစီမံကိန္း၏ စုစုေပါင္းအရွည္မွာ ၄၇ ဒသမ ၅ ကီလိုမီတာျဖစ္ၿပီး Phase 1 အျဖစ္ေဆာင္႐ြက္မည့္ ေလးလမ္းသြားလမ္းမႀကီးသည္ ၁၉ ကီလိုမီတာ၊ အေရွ႕အေနာက္ခ်ိတ္ဆက္ထားသည့္ ေလးလမ္းသြားသည္ ေျခာက္ကီလိုမီတာႏွင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ႏွင့္ ခ်ိတ္ဆက္ထားသည့္လမ္းပိုင္းမွာ ၂ ဒသမ ၅ ကီလိုမီတာရွိေၾကာင္း သိရသည္။

ကနဦးတြင္ Phase 1 ကိုစတင္မည္ျဖစ္ၿပီး ၂၀၂၁ ခုႏွစ္လုပ္ငန္းမ်ားစတင္ေဆာင္႐ြက္မည္ျဖစ္ကာ စီမံကိန္းကာလ သုံးႏွစ္ၾကာျမင့္မည္ျဖစ္ေၾကာင္း သိရသည္။ယင္းစီမံကိန္းကို ၂၀၂၀ တြင္စတင္မည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ ေျပာဆိုထားေသာ္လည္း Covid-19 ေၾကာင့္တင္ဒါေ႐ြးခ်ယ္မႈကိုရပ္ဆိုင္းထားရျခင္းေၾကာင့္ စီမံကိန္းၾကန႔္ၾကာေနျခင္းျဖစ္ေၾကာင္း သိရသည္။

ဆုသက္ႏွင္း
#TheFifthWaveNews

Leave a Reply