လႊတ္ေျမာက္အက်ဥ္းသားႏွစ္ဦးတြင္ကိုဗစ္ေရာဂါပိုးေတြ႕ျခင္းမွာေထာင္မွလႊတ္ေျမာက္ၿပီး ၂၄ရက္ၾကာမွ ျဖစ္ပြားျခင္းဟု အက်ဥ္းဦးစီးထုတ္ျပန္

0
15

ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်လွှတ်မြောက်အကျဉ်းသားနှစ်ဦးတွင်ကိုဗစ်ရောဂါပိုးတွေ့ခြင်းမှာထောင်မှလွှတ်မြောက်ပြီး၂၄ရက်ကြာမှဖြစ်ပွားခြင်းဟုအကျဉ်းဦးစီးထုတ်ပြန်ချက်အရသိရသည်။

အဆိုပါထုတ်ပြန်ချက်တွင်လူမှုကွန်ယက်စာမျက်နှာပေါ်တွင် သတင်းဌာနတစ်ခုမှ ဘူးသီးတောင်အကျဉ်းထောင်ထဲမှ လွတ်မြောက်လာသူ၂ဦးတွင်COVID-19ရောဂါပိုးတွေ့ရှိကြောင်း ဖော်ပြချက်နှင့်ပတ်သက်၍ ၎င်း အကျဉ်းသား ၂ ဦးသည် ၁၄-၈-၂၀၂၀ရက် တွင်ပြစ်ဒဏ်မှလွတ်မြောက်ခဲ့ပြီး ၎င်းတို့လွတ်မြောက်ချိန်တွင် ရောဂါဖြစ်ပွားသည့် လက္ခဏာမရှိခဲ့ပါကြောင်းနှင့်ယင်းလွတ်မြောက်အကျဉ်းသား ၂ ဦးထံမှ COVID-19ရောဂါပိုးတွေ့ရှိကြောင်းကို ၆-၉-၂၀၂၀ ရက်နေ့မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်၍ ၎င်းအကျဉ်းသား ၂ ဦး အကျဉ်းထောင်မှလွတ်မြောက်ပြီး၂၄ရက်ကြာမှပိုးတွေ့ခဲ့ခြင်းဖြစ်သဖြင့် အကျဉ်းထောင်တွင်ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲအကျဉ်းထောင်မှလွတ်မြောက်ပြီးပြင်ပတွင်သွားလာနေထိုင်စဉ်ရောဂါကူးစက်ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြရေးသားထားသည်။

ဆက်လက်၍ ထုတ်ပြန်ချက်တွင် ၎င်းတို့နှစ်ဦးသည် အကျဉ်းထောင်မှ လွတ်မြောက်ပြီး အငူမော်မှရေချမ်းပြင်သို့ စက်လှေဖြင့် သွားရောက်ခဲ့ကြောင်း ၊ရေချမ်းပြင်မှ စစ်တွေမြို့ ရှိတည်းခိုခန်းတစ်ခုတွင် တည်းခိုခဲ့ကြောင်း၊ စစ်တွေမှတောင်ကုတ်သို့ ဆက်လက် သွားရောက်ခဲ့ကြောင်း၊ တောင်ကုတ်တွင် ဈေး၊ ဘီယာဆိုင်သို့ သွားခဲ့ကြောင်း၊တောင်ကုတ်မှလမူးသို့လိုင်းကားဖြင့် သွားရောက်ခဲ့သည်ဟု ရေးသားထားသည်။

ထို့အပြင်ဘူးသီးတောင်အကျဉ်းထောင်တွင် ဝန်ထမ်းများ တာဝန်သို့ ဝင်ရောက်ချိန်တွင် အပူချိန် တိုင်းခြင်း၊ Mask တပ်ဆင်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းတို့ကိုဆောင်ရွက်ပြီးမှ ဝင်စေပြီးအကျဉ်းသားများကိုလည်းကျန်းမာရေးပညာပေးခြင်း၊ ဂျင်းပြုတ်ရည်တိုက်ခြင်း၊ ဆားရေနွေး အာလုတ် ကျင်းစေခြင်း၊အိပ်ဆောင်များပိုးသတ်ဆေးဖြန်းခြင်းဆောင်ရွက်ပေးပြီး ထောင်တွင်းသို့ရောဂါပိုးကူးစက်ခြင်းမရှိစေရေးအတွက်အလေးထားဆောင်ရွက်ထားရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

HM
#TheFifthWave

( Zawgyi )

လႊတ္ေျမာက္အက်ဥ္းသားႏွစ္ဦးတြင္ကိုဗစ္ေရာဂါပိုးေတြ႕ျခင္းမွာေထာင္မွလႊတ္ေျမာက္ၿပီး ၂၄ရက္ၾကာမွ ျဖစ္ပြားျခင္းဟု အက်ဥ္းဦးစီးထုတ္ျပန္

ရခိုင္ျပည္နယ္ဘူးသီးေတာင္ၿမိဳ႕နယ္လႊတ္ေျမာက္အက်ဥ္းသားႏွစ္ဦးတြင္ကိုဗစ္ေရာဂါပိုးေတြ႕ျခင္းမွာေထာင္မွလႊတ္ေျမာက္ၿပီး၂၄ရက္ၾကာမွျဖစ္ပြားျခင္းဟုအက်ဥ္းဦးစီးထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါထုတ္ျပန္ခ်က္တြင္လူမွုကြန္ယက္စာမ်က္ႏွာေပၚတြင္ သတင္းဌာနတစ္ခုမွ ဘူးသီးေတာင္အက်ဥ္းေထာင္ထဲမွ လြတ္ေျမာက္လာသူ၂ဦးတြင္COVID-19ေရာဂါပိုးေတြ႕ရွိေၾကာင္း ေဖာ္ျပခ်က္ႏွင့္ပတ္သက္၍ ၎ အက်ဥ္းသား ၂ ဦးသည္ ၁၄-၈-၂၀၂၀ရက္ တြင္ျပစ္ဒဏ္မွလြတ္ေျမာက္ခဲ့ၿပီး ၎တို့လြတ္ေျမာက္ခ်ိန္တြင္ ေရာဂါျဖစ္ပြားသည့္ လကၡဏာမရွိခဲ့ပါေၾကာင္းႏွင့္ယင္းလြတ္ေျမာက္အက်ဥ္းသား ၂ ဦးထံမွ COVID-19ေရာဂါပိုးေတြ႕ရွိေၾကာင္းကို ၆-၉-၂၀၂၀ ရက္ေန႔မွ ထုတ္ျပန္ခဲ့ျခင္းျဖစ္၍ ၎အက်ဥ္းသား ၂ ဦး အက်ဥ္းေထာင္မွလြတ္ေျမာက္ၿပီး၂၄ရက္ၾကာမွပိုးေတြ႕ခဲ့ျခင္းျဖစ္သျဖင့္ အက်ဥ္းေထာင္တြင္ျဖစ္ပြားခဲ့ျခင္းမဟုတ္ဘဲအက်ဥ္းေထာင္မွလြတ္ေျမာက္ၿပီးျပင္ပတြင္သြားလာေနထိုင္စဥ္ေရာဂါကူးစက္ျခင္းျဖစ္ေၾကာင္းထုတ္ျပန္ခ်က္တြင္ေဖာ္ျပေရးသားထားသည္။

ဆက္လက္၍ ထုတ္ျပန္ခ်က္တြင္ ၎တို့ႏွစ္ဦးသည္ အက်ဥ္းေထာင္မွ လြတ္ေျမာက္ၿပီး အငူေမာ္မွေရခ်မ္းျပင္သို့ စက္ေလွျဖင့္ သြားေရာက္ခဲ့ေၾကာင္း ၊ေရခ်မ္းျပင္မွ စစ္ေတြၿမိဳ့ ရွိတည္းခိုခန္းတစ္ခုတြင္ တည္းခိုခဲ့ေၾကာင္း၊ စစ္ေတြမွေတာင္ကုတ္သို့ ဆက္လက္ သြားေရာက္ခဲ့ေၾကာင္း၊ ေတာင္ကုတ္တြင္ ေဈး၊ ဘီယာဆိုင္သို့ သြားခဲ့ေၾကာင္း၊ေတာင္ကုတ္မွလမူးသို့လိုင္းကားျဖင့္ သြားေရာက္ခဲ့သည္ဟု ေရးသားထားသည္။

ထို႔အျပင္ဘူးသီးေတာင္အက်ဥ္းေထာင္တြင္ ဝန္ထမ္းမ်ား တာဝန္သို့ ဝင္ေရာက္ခ်ိန္တြင္ အပူခ်ိန္ တိုင္းျခင္း၊ Mask တပ္ဆင္ျခင္း၊ ပိုးသတ္ေဆးျဖန္းျခင္းတို့ကိုေဆာင္ရြက္ၿပီးမွ ဝင္ေစၿပီးအက်ဥ္းသားမ်ားကိုလည္းက်န္းမာေရးပညာေပးျခင္း၊ ဂ်င္းျပဳတ္ရည္တိုက္ျခင္း၊ ဆားေရေႏြး အာလုတ္ က်င္းေစျခင္း၊အိပ္ေဆာင္မ်ားပိုးသတ္ေဆးျဖန္းျခင္းေဆာင္ရြက္ေပးၿပီး ေထာင္တြင္းသို့ေရာဂါပိုးကူးစက္ျခင္းမရွိေစေရးအတြက္အေလးထားေဆာင္ရြက္ထားရွိေၾကာင္း သတင္းထုတ္ျပန္ထားသည္။

HM
#TheFifthWave

Leave a Reply