AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက တပ္ဌာနခ်ဳပ္တစ္ခုအား လက္နက္ႀကီးျဖင့္ ပစ္ ခတ္

0
27

စက်တင်ဘာလ ပထမအပတ်အတွင်း ရခိုင် ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဝါးခုတ်ချောင်းကျေးရွာရှိ နယ်မြေခံတပ်ဌာနချုပ် တစ်ခုအား လက်နက်ကြီးဖြင့် အဝေးကနေ သုံးကြိမ်တိုင်တိုင်နှောင့်ယှက်ပစ်ခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ ပစ်ခတ်မူကြောင့်တပ်ဌာနချုပ်ပြင်ပသို့သာကျရောက်ခဲ့ပြီး လူ၊ အဆောက်အဦတစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းကျူးလွန် လျက်ရှိသော အကြမ်းဖက်လုပ်ရပ်များ၏ ရည်ရွယ်ချက်များ အောင် မြင်မှုမရှိ၍ ယခု ကဲ့သို့ တပ်ဌာနချုပ်များ၊ နယ်မြေခံရဲကင်းများ၊ လမ်းတံတားများအား နှောင့်ယှက်ပစ် ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများပြု လုပ်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက တန်ပြန်အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေး Counter Terrorism Operation ပြုလုပ်ရှိကြောင်းသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တန်ပြန်အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးပြုလုပ်ခဲ့ရာ AA အကြမ်း ဖက်သောင်းကျန်းသူများ ထိခိုက်ကျဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။
(Zawgyi)
AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက တပ္ဌာနခ်ဳပ္ တစ္ခုအား လက္နက္ႀကီးျဖင့္ ပစ္ခတ္
စက္တင္ဘာလ ပထမအပတ္အတြင္း ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဝါးခုတ္ေခ်ာင္းေက်း႐ြာရွိ နယ္ေျမခံတပ္ဌာနခ်ဳပ္ တစ္ခုအား လက္နက္ႀကီးျဖင့္ အေဝးကေန သုံးႀကိမ္တိုင္တိုင္ေႏွာင့္ယွက္ပစ္ခဲ့ေၾကာင္း တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အရသိရသည္။
အဆိုပါ ပစ္ခတ္မူေၾကာင့္တပ္ဌာနခ်ဳပ္ျပင္ပသို႔သာက်ေရာက္ခဲ့ၿပီး လူ၊ အေဆာက္အဦတစ္စုံတစ္ရာ ထိခိုက္မႈမရွိေၾကာင္း သိရသည္။
AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ရခိုင္ ျပည္နယ္ေျမာက္ပိုင္းအတြင္း က်ဴးလြန္လ်က္ရွိေသာ အၾကမ္းဖက္လုပ္ရပ္မ်ား၏ရည္႐ြယ္ခ်က္မ်ား ေအာင္ ျမင္မႈမရွိ၍ ယခုကဲ့သို႔ တပ္ဌာနခ်ဳပ္မ်ား၊ နယ္ေျမခံရဲကင္းမ်ား၊ လမ္းတံတားမ်ားအား ေႏွာင့္ယွက္ပစ္ခတ္ျခင္း၊ မိုင္းေထာင္ေဖာက္ခြဲျခင္းမ်ားျပဳလုပ္လ်က္ရွိရာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက တန္ျပန္အၾကမ္းဖက္ႏွိမ္နင္းမႈစစ္ဆင္ေရး Counter Terrorism Operation ျပဳလုပ္ရွိေၾကာင္းသိရသည္။
ၿပီးခဲ့သည့္ စက္တင္ဘာ ၄ ရက္က လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ တန္ျပန္အၾကမ္းဖက္ႏွိမ္နင္းမႈစစ္ဆင္ ေရးျပဳလုပ္ခဲ့ရာ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ထိခိုက္က်ဆုံးမႈမ်ားစြာျဖင့္ ဆုတ္ခြာထြက္ေျပးသြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္မ်ားအရသိရသည္။

Leave a Reply