AGD Bank ႐ုံးခ်ဳပ္ဌာနတြင္ တာဝန္ထမ္းေဆာင္ေနေသာ ဝန္ထမ္းတစ္ဦးတြင္ COVID-19 ပိုးေတြ႕ရွိ

0
28

ရန်ကုန်မြို့ AGDBank ဌာနချုပ်တွင် တာဝန်ထမ်းဆောင်သူတစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိရကြောင်း အတည်ပြုသိရှိရပြီး အဆိုပါဝန်ထမ်းသည် ယခုအချိန်တွင် COVID-19 ကုသရေးဌာနဖောင်ကြီး၌ တက်ရောက်ဆေးကုသမှုခံယူနေပြီဖြစ်ကြောင်း အဆိုပါဘဏ်၏ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ဝန်ထမ်းသည်ရုံးတွင်းဌာန၌သာ တာဝန်ထမ်းဆောင်သူဖြစ်သဖြင့် AGD BankCustomer များနှင့် ထိတွေ့ ဆက်ဆံခြင်းအလျင်း မရှိကြောင်း ၎င်းဝန်ထမ်းသည် Case-1016 နှင့်ထိတွေ့မှုရှိသည်ကို AGDBank မှ သိရှိသည်နှင့်တစ်ပြိုင်နက် (၃၁ရက်၊ သြဂုတ်လ၊ ၂၀၂၀ရက်နေ့) မှစပြီးနေအိမ်တွင် စောင့်ကြည်ခံအဖြစ် ထားရှိခဲ့ကာ စက်တင်ဘာလ (၃) ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ရောဂါပိုးတွေ့ရှိကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် AGD ဘဏ်အနေဖြင့် မိမိတို့၏ Customers များနှင့်ဘဏ်ဝန်ထမ်းများ၏ကျန်းမာရေးကိုအဓိကဦးစားပေးအဖြစ်ထားရှိသွားမည်ဖြစ်ပြီးမြန်မာနိုင်ငံ၏ဗိုင်းရပ်စ်နှိမ်နင်း၊တိုက်ဖျက်ရေးကိုလည်းအပြည့်အဝပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း နှင့် အဆိုပါဘဏ်ဝန်ထမ်းနှင့်တိုက်ရိုက်အနီးကပ်ထိတွေ့ခဲ့သည့် ဝန်ထမ်းများအားလုံးကိုလည်း ၎င်းတို့၏ အိမ်တွင်သာအလုပ်လုပ်ကိုင်ရန်ညွှန်ကြားထားပြီးနေ့စဉ်ဆက်သွယ်မေးမြန်းခြင်းများအားဆက်တိုက်ပြုလုပ်လျက် ရှိကြောင်းသိရသည်။

AGD Bankရုံးချုပ်နှင့်ဘဏ်ခွဲများတွင်လည်း Social distancingများကျင့်သုံးပြီးAGDရုံးချုပ်သို့လာရောက်သော Customer များနှင့် ဝန်ထမ်းများအားလည်း အပူချိန်တိုင်းတာခြင်း၊ ပိုးသတ်လက်သန့်ဆေးရည်၊ Face Mask များ၊လက်အိတ်များနှင့် အခြားလိုအပ်သော အကာအကွယ်များလည်းထားရှိပေးခြင်း၊ ဘဏ်ခွဲများ အားလုံးကိုလည်း နေရာလပ်မကျန် ဆေးဖြန်းခြင်း၊ COVID ကာလအတွင်း သတင်းအချက်အလက်အမှန်များ ဆောင်/ရှောင်များအား အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

HM
#TheFifthWave

(zawgyi)

ရန္ကုန္ၿမိဳ့ AGDBank ဌာနခ်ဳပ္တြင္ တာဝန္ထမ္းေဆာင္သူတစ္ဦးတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိရေၾကာင္း အတည္ျပဳသိရွိရၿပီး အဆိုပါဝန္ထမ္းသည္ ယခုအခ်ိန္တြင္ COVID-19 ကုသေရးဌာနေဖာင္ႀကီး၌ တက္ေရာက္ေဆးကုသမွုခံယူေနၿပီျဖစ္ေၾကာင္း အဆိုပါဘဏ္၏ထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါ ဝန္ထမ္းသည္႐ုံးတြင္းဌာန၌သာ တာဝန္ထမ္းေဆာင္သူျဖစ္သျဖင့္ AGD BankCustomer မ်ားႏွင့္ ထိေတြ႕ ဆက္ဆံျခင္းအလ်င္း မရွိေၾကာင္း ၎ဝန္ထမ္းသည္ Case-1016 ႏွင့္ထိေတြ႕မွုရွိသည္ကို AGDBank မွ သိရွိသည္ႏွင့္တစ္ၿပိဳင္နက္ (၃၁ရက္၊ ၾသဂုတ္လ၊ ၂၀၂၀ရက္ေန႔) မွစၿပီးေနအိမ္တြင္ ေစာင့္ၾကည္ခံအျဖစ္ ထားရွိခဲ့ကာ စက္တင္ဘာလ (၃) ရက္ေန႔တြင္ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနမွ ေရာဂါပိုးေတြ႕ရွိေၾကာင္း ေၾကညာလိုက္ျခင္းျဖစ္သည္။

လက္ရွိတြင္ AGD ဘဏ္အေနျဖင့္ မိမိတို့၏ Customers မ်ားႏွင့္ဘဏ္ဝန္ထမ္းမ်ား၏က်န္းမာေရးကိုအဓိကဦးစားေပးအျဖစ္ထားရွိသြားမည္ျဖစ္ၿပီးျမန္မာနိုင္ငံ၏ဗိုင္းရပ္စ္ႏွိမ္နင္း၊တိုက္ဖ်က္ေရးကိုလည္းအျပည့္အ၀ပံ့ပိုးေပးသြားမည္ျဖစ္ေၾကာင္း ႏွင္႔ အဆိုပါဘဏ္ဝန္ထမ္းႏွင့္တိုက္ရိုက္အနီးကပ္ထိေတြ႕ခဲ့သည့္ ဝန္ထမ္းမ်ားအားလုံးကိုလည္း ၎တို့၏ အိမ္တြင္သာအလုပ္လုပ္ကိုင္ရန္ညႊန္ၾကားထားၿပီးေန႔စဥ္ဆက္သြယ္ေမးျမန္းျခင္းမ်ားအားဆက္တိုက္ျပဳလုပ္လ်က္ ရွိေၾကာင္းသိရသည္။

AGD Bank႐ုံးခ်ဳပ္ႏွင့္ဘဏ္ခြဲမ်ားတြင္လည္း Social distancingမ်ားက်င့္သုံးၿပီးAGD႐ုံးခ်ဳပ္သို့လာေရာက္ေသာ Customer မ်ားႏွင့္ ဝန္ထမ္းမ်ားအားလည္း အပူခ်ိန္တိုင္းတာျခင္း၊ ပိုးသတ္လက္သန႔္ေဆးရည္၊ Face Mask မ်ား၊လက္အိတ္မ်ားႏွင့္ အျခားလိုအပ္ေသာ အကာအကြယ္မ်ားလည္းထားရွိေပးျခင္း၊ ဘဏ္ခြဲမ်ား အားလုံးကိုလည္း ေနရာလပ္မက်န္ ေဆးျဖန္းျခင္း၊ COVID ကာလအတြင္း သတင္းအခ်က္အလက္အမွန္မ်ား ေဆာင္/ေရွာင္မ်ားအား အသိပညာေပးျခင္းမ်ား ျပဳလုပ္ေဆာင္ရြက္လ်က္ ရွိေၾကာင္းသိရသည္။

HM
#TheFifthWave

Leave a Reply