ကြံ့ခိုင်ရေးပါတီမှ အိမ်တိုင်ရာရောက်စနစ်ဖြင့် မဲဆွယ်စည်းရုံးမည်

0
41

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် ၊ ခရိုင် ၊ ကျေးရွာတို့တွင် Door to Door အိမ်တိုင်ရာရောက်စနစ်ဖြင့် မဲဆွယ်စည်းရုံးသွားမည်ဖြစ်ကြောင်း ယင်းပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကပြောသည် ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့်အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ ( စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက် ) ထိ ခွင့်ပြုကြောင်းထုတ်ပြန်ကြေငြာထားသည်။

” ပါတီအနေနဲ့က ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့အညီ မဲဆွယ်စည်းရုံးပါမယ် ။ စည်းရုံးရေးဆင်းတဲ့နေရာတွေမှာလဲ Door to Door စနစ်နဲ့သွားမယ် ။ လက်ကမ်းစာစောင်တွေဝေမယ် ။ ကိုယ်စားလှယ်လောင်းတွေရဲ့ အချက်အလက်တွေပါမယ် ။ နောက်ပြီးကိုယ်စားလှယ်လောင်းတွေရဲ့ ရုပ်ပုံကားချပ်တွေကို မဲဆန္ဒရှင်တွေထံ ဖြန့်ဝေသွားမယ် ” ဟု ဦးသိန်းထွန်းဦးကပြောသည်။

ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်ပိုင် Facebook အကောင့်များဖြင့် မဲဆွယ်ဆွယ် စည်းရုံးမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည် ။

မန္တလေးတိုင်းဒေသကြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ၉၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည် ။

နေသူရိန်လင်း
#TheFifthWave

(zawgyi)






နေသူရိန်လင်း
#TheFifthWave

Leave a Reply