UEC ၏ လုပ္ရပ္သည္ ၎ တို႔၏ ေစတနာနဲ႔ အရည္အခ်င္း ကို ေဖာ္ျပသြားမည္ျဖစ္သည့္ အတြက္ ေစာင့္ၾကည့္ပါ ဟု သူရဦးေရႊမန္း ေျပာ

0
14

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ရပ်သည့် ၎င်း တို့၏ စေတနာနဲ့ အရည်အချင်း ကို ဖော်ပြသွားမည်ဖြစ်သည့် အတွက် စောင့်ကြည့်ပါ ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ပါတီ၏ ဥက္ကဌ ဖြစ်သူ သူရဦးရွှေမန်းကပြောလိုက်သည်။

စက်တင်ဘာလ ၈ ရက်နေ့ က အွန်လိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွင်တွင်သတင်းမီဒီယာများမေးမြန်းရာတွင်ဦးရွှေမန်း က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“သူတို့ရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သက်လို့ လောလောဆယ်တော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ အနေနဲ့ သီးခြားပြောစရာ မရှိသော်လည်း ရလဒ်နဲ့ လုပ်ရပ်က သူတို့ရဲ့ စေတနာနဲ့ အရည်အချင်းကို ဖော်ပြမှာဖြစ်တဲ့ အတွက်စောင့်ကြည့်ပါလို့ပြောချင်ပါတယ်”ဟု ဦးရွှေမန်း ကပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သီလ၊ သမာဓိ၊ သိက္ခာနှင့် ပြည့်စုံသည့် အဖွဲ့အစည်းမျိုးသာ ဖြစ်ရမည်ဟုလည်း ဦးရွှေမန်းကပြောဆိုခဲ့သည်။

UEC သည ်လက်ရှိမှာတော့ ဘက်လိုက်မှုများ ရှိ နေသည် ဟု ဝေဖန်ပြောဆိုမှုများလည်း ဖြစ်ပေါ်နေလျက်ရှိပြိး ၊ လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို စံ ၅ ချက်နှင့် အညီ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲဖြစ်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုထားဖူးသည်။

ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးမှု ကို စက်တင်ဘာလ ၈ ရက်မှစတင်၍ ခွင့်ပြုထားပြီး လူဦးရေ ၅၀ ထိ သာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း နှင့် Stay Home သတ်မှတ်ထားသည့် နယ်မြေများတွင်မူ စည်းရုံးခွင့်မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

ယဉ်ကေနွယ်
#TheFifthWave

(zawgyi)

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ လုပ္ရပ္သည့္ ၎ တို႔၏ ေစတနာနဲ႔ အရည္အခ်င္း ကို ေဖာ္ျပသြားမည္ျဖစ္သည့္ အတြက္ ေစာင့္ၾကည့္ပါ ဟု ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ(UBP) ပါတီ၏ ဥကၠဌ ျဖစ္သူ သူရဦးေရႊမန္းကေျပာလိုက္သည္။

စက္တင္ဘာလ ၈ ရက္ေန႔ က အြန္လိုင္းတြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြင္တြင္သတင္းမီဒီယာမ်ားေမးျမန္းရာတြင္ဦးေရႊမန္း က ထိုသို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“သူတို႔ရဲ႕ လုပ္ေဆာင္မႈနဲ႔ ပတ္သက္လို႔ ေလာေလာဆယ္ေတာ့ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ အေနနဲ႔ သီးျခားေျပာစရာ မရွိေသာ္လည္း ရလဒ္နဲ႔ လုပ္ရပ္က သူတို႔ရဲ႕ ေစတနာနဲ႔ အရည္အခ်င္းကို ေဖာ္ျပမွာျဖစ္တဲ့ အတြက္ေစာင့္ၾကည့္ပါလို႔ေျပာခ်င္ပါတယ္”ဟု ဦးေရႊမန္း ကေျပာၾကားခဲ့သည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္သည္ သီလ၊ သမာဓိ၊ သိကၡာႏွင့္ ျပည့္စံုသည့္ အဖြဲ႔အစည္းမ်ိဳးသာ ျဖစ္ရမည္ဟုလည္း ဦးေရႊမန္းကေျပာဆိုခဲ့သည္။

UEC သည ္လက္ရွိမွာေတာ့ ဘက္လိုက္မႈမ်ား ရွိ ေနသည္ ဟု ေ၀ဖန္ေျပာဆိုမႈမ်ားလည္း ျဖစ္ေပၚေနလ်က္ရွိၿပိး ၊ လာမည့္ ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲကို စံ ၅ ခ်က္နွင့္ အညီ တရားမွ်တၿပီး ပြင့္လင္းျမင္သာမႈရွိသည့္ ေရြးေကာက္ပြဲျဖစ္ရန္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေျပာဆိုထားဖူးသည္။

ေရြးေကာက္ပြဲ အတြက္ မဲဆြယ္စည္းရံုးမႈ ကို စက္တင္ဘာလ ၈ ရက္မွစတင္၍ ခြင့္ျပဳထားၿပီး လူဦးေရ ၅၀ ထိ သာ ခြင့္ျပဳေပးသြားမည္ျဖစ္ေၾကာင္း ႏွင္႔ Stay Home သတ္မွတ္ထားသည့္ နယ္ေျမမ်ားတြင္မူ စည္းရံုးခြင့္မရွိေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ေၾကညာထားသည္။

ယဥ္ေကႏြယ္
#TheFifthWave

Leave a Reply