ျပည္ခိုင္ၿဖိဳးပါတီက Green ကမ္ပိန္းစတင္

0
29

Stay at Home သတ်မှတ်ထားသည့်မြို့နယ်များတွင် မဲဆွယ်စည်းရုံးခွင့်မရှိသည့်အတွက် ပါတီဝင်များ၏အင်အားနှင့် ဖေ့ဘုတ်ကိုအားကိုးကာ ပြည်ခိုင်ဖြိုးပါတီမှ Green ကမ်ပိန်းစတင် နေပြီဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကပြောသည်။

စက်တင်ဘာလ ၈ ရက်တွင်မဲဆွယ်စည်းရုံးရေးနှင့်ပတ်သက်ပြီး ၎င်းတို့ပါတီမှဆောင်ရွက်နေမှုအခြေအနေကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ပြည်သူအတွက် Green ကမ်ပိန်းစတယ်။ ဘယ်လိုစလဲဆိုတော့ ကိုဗစ်ကာလ ကိုဗစ်ကူးစက်မှုနှုန်းတွေများပြီးတော့ ရောဂါပိုးတွေ့တဲ့ သူတွေများတဲ့ အတွက် ကျွန်တော်တို့ဒီနေ့ တစ်နိုင်ငံလုံးမှာ မြို့နယ်တွေကကိုယ်စားလှယ်လောင်းတွေနဲ့လှူတယ်။ ပါတီဝင်တွေစုစည်းပြီးတော့မှ mask တွေဝေတယ်။ဟန်းဂျယ်တွေဝေတယ်။ ပါတီရဲ့ဆိုတာထက် ပြည်သူကိုဦးတည်ပြီးတော့မှ ပြည်သူတွေအတွက် Green ကမ်ပိန်းဆောင်ရွက်ပါတယ် တစ်နိုင်ငံလုံးအနေနဲ့ စည်းရုံးရေးကာလမှာ ပုံမှန်ဆောင်ရွက်သင့်တာ ဆောင်ရွက်သွားမှာပါခင်ဗျ။ ကိုယ်စားလှယ်လောင်းကမဲဆွယ်စည်းရုံးခွင့်မရတော့ဘူးဆိုရင် အဆင်မပြေနိုင်ဘူး။ အားကိုးရမှာတော့ အွန်လိုင်းပေါ့နော်။ Facebookကိုပဲအားကိုးပြီးလုပ်ရမှာပေါ့။ ကိုယ့်ပါတီဝင်တွေရဲ့အားကိုပဲယူရမှာပေါ့” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကပြောသည်။

နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပပြုလုပ်မည့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ၁၁၂၉ ဦးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ သတ်မှတ်ထားပြီး တစ်ကြိမ်လျှင် လူ ၅၀ ဦးထက်ပိုမစုရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အသိပေးထုတ်ပြန်ထားသည်။

ဆုသက်နှင်း
#TheFifthWaveNews

(zawgyi)

Stay at Home သတ္မွတ္ထားသည့္ၿမိဳ႕နယ္မ်ားတြင္ မဲဆြယ္စည္းရံုးခြင့္မရွိသည့္အတြက္ ပါတီဝင္မ်ား၏အင္အားႏွင့္ ေဖ့ဘုတ္ကိုအားကိုးကာ ျပည္ခိုင္ၿဖိဳးပါတီမွ Green ကမ္ပိန္းစတင္ ေနၿပီျဖစ္ေၾကာင္း ျပည္ေထာင္စုၾကံ့ခိုင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္ကေျပာသည္။

စက္တင္ဘာလ ၈ ရက္တြင္မဲဆြယ္စည္းရံုးေရးႏွင့္ပတ္သက္ၿပီး ၄င္းတို႔ပါတီမွေဆာင္ရြက္ေနမႈအေျခအေနကို ဆက္သြယ္ေမးျမန္းရာတြင္ ၄င္းကအထက္ပါအတိုင္း ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

“ ျပည္သူအတြက္ Green ကမ္ပိန္းစတယ္။ ဘယ္လိုစလဲဆိုေတာ့ ကိုဗစ္ကာလ ကိုဗစ္ကူးစက္မႈႏႈန္းေတြမ်ားၿပီးေတာ့ ေရာဂါပိုးေတြ႔တဲ့ သူေတြမ်ားတဲ့ အတြက္ ကြ်န္ေတာ္တို႔ဒီေန႔ တစ္ႏိုင္ငံလံုးမွာ ၿမိဳ႕နယ္ေတြကကိုယ္စားလွယ္ေလာင္းေတြနဲ႔လွဴတယ္။ ပါတီဝင္ေတြစုစည္းၿပီးေတာ့မွ mask ေတြေဝတယ္။ဟန္းဂ်ယ္ေတြေဝတယ္။ ပါတီရဲ႕ဆိုတာထက္ ျပည္သူကိုဦးတည္ၿပီးေတာ့မွ ျပည္သူေတြအတြက္ Green ကမ္ပိန္းေဆာင္ရြက္ပါတယ္ တစ္ႏိုင္ငံလံုးအေနနဲ႔ စည္းရံုးေရးကာလမွာ ပံုမွန္ေဆာင္ရြက္သင့္တာ ေဆာင္ရြက္သြားမွာပါခင္ဗ်။ ကိုယ္စားလွယ္ေလာင္းကမဲဆြယ္စည္းရံုးခြင့္မရေတာ့ဘူးဆိုရင္ အဆင္မေျပႏိုင္ဘူး။ အားကိုးရမွာေတာ့ အြန္လိုင္းေပါ့ေနာ္။ Facebookကိုပဲအားကိုးၿပီးလုပ္ရမွာေပါ့။ ကိုယ့္ပါတီဝင္ေတြရဲ႕အားကိုပဲယူရမွာေပါ့” ဟု ျပည္ေထာင္စုၾကံ့ခိုင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္ကေျပာသည္။

ႏိုဝင္ဘာလ ၈ ရက္တြင္က်င္းပျပဳလုပ္မည့္ ၂၀၂၀ ပါတီစံုအေထြေထြေရြးေကာက္ပြဲတြင္ ျပည္ေထာင္စုၾကံ့ခိုင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီမွ ကိုယ္စားလွယ္ေလာင္း ၁၁၂၉ ဦးဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေရြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္းမ်ားမဲဆြယ္စည္းရံုးခြင့္ကို စက္တင္ဘာ ၈ ရက္မွ ႏိုဝင္ဘာ ၆ ရက္အထိ သတ္မွတ္ထားၿပီး တစ္ႀကိမ္လွ်င္ လူ ၅၀ ဦးထက္ပိုမစုရေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ အသိေပးထုတ္ျပန္ထားသည္။

ဆုသက္ႏွင္း
#TheFifthWaveNews

Leave a Reply