စစ္ေတြၿမိဳ႕ ဧရာဝတီဘဏ္ခြဲရွိ ဝန္ထမ္းတစ္ဦးတြင္ ကိုဗစ္ပိုးေတြ႕

0
18

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဧရာဝတီဘဏ် ဘဏ်ခွဲ ၌တာဝန်ထမ်း‌ဆောင်နေသော ဝန်ထမ်းတစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ဧရာဝတီဘဏ် လီမိတက်
သတင်းထုတ်ပြန်ရေးကော်မတီက အတည်ပြု ထုတ်ပြန်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၈ ရက် နံနက်ပိုင်း ထုတ်ပြန်သည့် ရောဂါဓါတ်ခွဲ စစ်ဆေးမှု အဖြေအရ အတည်ပြု ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဝန်ထမ်းသည် ရုံးတွင်းတာဝန်များ ကြီးကြပ်ရသူဖြစ်ကာ လက်ရှိတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ဧရာဝတီဘဏ်အနေဖြင့် ၎င်းဝန်ထမ်းနှင့် မိသားစုဝင်များကိုလည်း တတ်အားသ၍ ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဧရာဝတီဘဏ် စစ်တွေဘဏ်ခွဲအား စနစ်တကျ ပိုးသတ်သန့်စင်မှုများ ပြုလုပ်ရန်အတွက် ယာယီပိတ်ထားပြီး ဘဏ်ခွဲရှိ ဝန်ထမ်းများ ကိုလည်း အသွားအလာ ကန့်သတ်၍ နေထိုင်စေပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ဧရာဝတီဘဏ် စစ်တွေဘဏ်ခွဲ ပိတ်ထားစဉ်တွင် ဘဏ်နှင့် ဆက်သွယ်ဆက်ဆံ နေသော Customer များ အဆင်ပြေမှုရှိစေရန် အတွက် ဘဏ်၏ Mobile Banking ၊ Internet Banking ဝန်ဆောင်မှုများ အသုံးပြု၍ ဘဏ်ဝန်ဆောင်မှုများ ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

ဧရာဝတီဘဏ် စစ်တွေဘဏ်ခွဲမှအပ ကျန်ဘဏ်ခွဲအားလုံးအား ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ် ထားရှိမည်ဖြစ်ပြီး ယခုကဲ့သို့ COVID-19 ရောဂါပိုး ဖြစ်ပွားချိန်တွင် ဧရာဝတီဘဏ်အနေဖြင့် မိမိတို့၏ Customers များနှင့် ဘဏ်ဝန်ထမ်းများ၏ ကျန်းမာရေးကို အဓိက ဦးစားပေးအဖြစ် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWave

(zawgyi)

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ရွိ ဧရာဝတီဘဏ္ ဘဏ္ခြဲ ၌တာဝန္ထမ္း‌ေဆာင္ေနေသာ ဝန္ထမ္းတစ္ဦးတြင္ COVID-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိေၾကာင္း ဧရာဝတီဘဏ္ လီမိတက္
သတင္းထုတ္ျပန္ေရးေကာ္မတီက အတည္ျပဳ ထုတ္ျပန္သည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ စက္တင္ဘာလ ၈ ရက္ နံနက္ပိုင္း ထုတ္ျပန္သည့္ ေရာဂါဓါတ္ခြဲ စစ္ေဆးမွု အေျဖအရ အတည္ျပဳ ခဲ့ျခင္းျဖစ္သည္။
အဆိုပါ ဝန္ထမ္းသည္ ႐ုံးတြင္းတာဝန္မ်ား ႀကီးၾကပ္ရသူျဖစ္ကာ လက္ရွိတြင္ ေဆးကုသမွု ခံယူလ်က္ရွိၿပီး ဧရာဝတီဘဏ္အေနျဖင့္ ၎ဝန္ထမ္းႏွင့္ မိသားစုဝင္မ်ားကိုလည္း တတ္အားသ၍ ကူညီေဆာင္ရြက္မွုမ်ား ျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ လမ္းညႊန္ခ်က္ႏွင့္အညီ ဧရာဝတီဘဏ္ စစ္ေတြဘဏ္ခြဲအား စနစ္တက် ပိုးသတ္သန႔္စင္မွုမ်ား ျပဳလုပ္ရန္အတြက္ ယာယီပိတ္ထားၿပီး ဘဏ္ခြဲရွိ ဝန္ထမ္းမ်ား ကိုလည္း အသြားအလာ ကန႔္သတ္၍ ေနထိုင္ေစၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါ ဧရာဝတီဘဏ္ စစ္ေတြဘဏ္ခြဲ ပိတ္ထားစဥ္တြင္ ဘဏ္ႏွင့္ ဆက္သြယ္ဆက္ဆံ ေနေသာ Customer မ်ား အဆင္ေျပမွုရွိေစရန္ အတြက္ ဘဏ္၏ Mobile Banking ၊ Internet Banking ဝန္ေဆာင္မွုမ်ား အသုံးျပဳ၍ ဘဏ္ဝန္ေဆာင္မွုမ်ား ဆက္လက္ ေဆာင္ရြက္နိုင္မည္ျဖစ္ေၾကာင္း အသိေပး ေၾကညာထားသည္။

ဧရာဝတီဘဏ္ စစ္ေတြဘဏ္ခြဲမွအပ က်န္ဘဏ္ခြဲအားလုံးအား ပုံမွန္အတိုင္း ဆက္လက္ဖြင့္လွစ္ ထားရွိမည္ျဖစ္ၿပီး ယခုကဲ့သို႔ COVID-19 ေရာဂါပိုး ျဖစ္ပြားခ်ိန္တြင္ ဧရာ၀တီဘဏ္အေနျဖင့္ မိမိတို႔၏ Customers မ်ားႏွင့္ ဘဏ္ဝန္ထမ္းမ်ား၏ က်န္းမာေရးကို အဓိက ဦးစားေပးအျဖစ္ ထားရွိသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ေဝေဝၿဖိဳး
#TheFifthWave

Leave a Reply