ျပည္တြင္းရွယ္ယာရွင္ႏွင့္ အျငင္းပြားမွုေၾကာင့္ SCG ဘိလပ္ေျမ ျပည္တြင္းထုတ္လုပ္မွု ရပ္ဆိုင္း

0
31

ထိုင်းနိုင်ငံမှ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း SCG နှင့် ပြည်တွင်း ရှယ်ယာရှင် PLCI- Pacific Link Cement Industries Ltd တို့ အကျိုးတူပူးပေါင်း တည်ထောင်ထားသော Mawlamyine Cement Limited (MCL)အနေဖြင့် ပြည်တွင်း ရှယ်ယာရှင်နှင့် အငြင်းပွားမှုများကြောင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခဲ့ရကြောင်းMCL မှ သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ SCG Cement အမှတ်တံဆိပ် ဘိလပ်မြေထုတ်လုပ်သည့် Mawlamyine Cement Limited (MCL)၊ ကျိုက်မရောဘိလပ်မြေစက်ရုံသည် ထုံးကျောက် ကုန်ကြမ်းပြတ်လပ်မှုကြောင့် လုပ်ငန်း လည်ပတ်မှုကို ရပ်ဆိုင်းထားရသည့်အတွက် ဒေသခံ လုပ်သား တစ်ထောင်ခန့် အလုပ်လက်မဲ့ ဖြစ်ကုန်ကြောင်း သိရသည်။

ထို့ကြောင့် MCL အနေဖြင့် စီးပွားရေးကို ဆက်လက် လုပ်ကိုင်ရန် ဆန္ဒရှိနေပြီး အလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည် ရရှိစေရန်အတွက် မြန်မာအစိုးရက အကူအညီပေးရန် တောင်းဆိုခဲ့သည်။

ထို့ပြင် အဆိုပါ ထုံးကျောက်ကုန်ကြမ်းကိစ္စနှင့် ပတ်သက်၍ အဓိက ရှယ်ယာရှင်ဖြစ်သည့် SCG က စင်္ကာပူနိုင်ငံ ခုံသမာဓိရုံးတွင် အဆုံးအဖြတ် ခံယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

SCG မှ ၇၀ ရာခိုင်နှုန်း PLCI မှ ၃၀ ရာခိုင်နှုန်း ထည့်ဝင်ထားသော ဖက်စပ်ကုမ္ပဏီ MCL သည်
အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရင်းနှီးမြှုုပ်နှံ၍ ၂၀၁၄ ခုနှစ်မှ စတင်ကာ မွန်ပြည်နယ်၊ ကျိုက်မရော မြို့ရှိ SCG ဘိလပ်မြေ ထုတ်လုပ်သည့် စက်ရုံကို တည်ထောင်ထားခြင်း ဖြစ်သည်။

ဝေဝေဖြိုး
#TheFifthWave

(Zawgyi)

ထိုင္းနိုင္ငံမွ ဘိလပ္ေျမႏွင့္ အိမ္ေဆာက္ပစၥည္း ထုတ္လုပ္သည့္လုပ္ငန္း SCG ႏွင့္ ျပည္တြင္း ရွယ္ယာရွင္ PLCI- Pacific Link Cement Industries Ltd တို႔ အက်ိဳးတူပူးေပါင္း တည္ေထာင္ထားေသာ Mawlamyine Cement Limited (MCL)အေနျဖင့္ ျပည္တြင္း ရွယ္ယာရွင္ႏွင့္ အျငင္းပြားမွုမ်ားေၾကာင့္ လုပ္ငန္းလည္ပတ္မႈ ရပ္ဆိုင္းခဲ့ရေၾကာင္းMCL မွ သတင္းထုတ္ျပန္သည္။

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ရွိ SCG Cement အမွတ္တံဆိပ္ ဘိလပ္ေျမထုတ္လုပ္သည့္ Mawlamyine Cement Limited (MCL)၊ က်ိဳက္မေရာဘိလပ္ေျမစက္ရံုသည္ ထုံးေက်ာက္ ကုန္ၾကမ္းျပတ္လပ္မႈေၾကာင့္ လုပ္ငန္း လည္ပတ္မွုကို ရပ္ဆိုင္းထားရသည့္အတြက္ ေဒသခံ လုပ္သား တစ္ေထာင္ခန႔္ အလုပ္လက္မဲ့ ျဖစ္ကုန္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ MCL အေနျဖင့္ စီးပြားေရးကို ဆက္လက္ လုပ္ကိုင္ရန္ ဆႏၵရွိေနၿပီး အလုပ္သမားမ်ား၏ အလုပ္အကိုင္ အခြင့္အလမ္းမ်ား ျပန္လည္ ရရွိေစရန္အတြက္ ျမန္မာအစိုးရက အကူအညီေပးရန္ ေတာင္းဆိုခဲ့သည္။

ထို႔ျပင္ အဆိုပါ ထုံးေက်ာက္ကုန္ၾကမ္းကိစၥႏွင့္ ပတ္သက္၍ အဓိက ရွယ္ယာရွင္ျဖစ္သည့္ SCG က စကၤာပူနိုင္ငံ ခုံသမာဓိ႐ုံးတြင္ အဆုံးအျဖတ္ ခံယူသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

SCG မွ ၇၀ ရာခိုင္ႏွုန္း PLCI မွ ၃၀ ရာခိုင္ႏွုန္း ထည့္ဝင္ထားေသာ ဖက္စပ္ကုမၸဏီ MCL သည္
အေမရိကန္ေဒၚလာ သန္း ၄၀၀ ေက်ာ္ ရင္းႏွီးျမႇုဳပ္ႏွံ၍ ၂၀၁၄ ခုႏွစ္မွ စတင္ကာ မြန္ျပည္နယ္၊ က်ိဳက္မေရာ ၿမိဳ႕ရွိ SCG ဘိလပ္ေျမ ထုတ္လုပ္သည့္ စက္႐ုံကို တည္ေထာင္ထားျခင္း ျဖစ္သည္။

ေဝေဝၿဖိဳး
#TheFifthWave

Leave a Reply