လ၀က ညႊန္မွဴး ၏ ဇနီး အသတ္ခံရ

0
39

နေပြည်တော်ကောင်စီ နယ်မြေ၊ ပုပ္ဗသီရိမြို့နယ် ၊ ညောင်ပင်ကြီးစု ကျေးရွာတွင် နေထိုင်သည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန( အလုပ်သမားရေးရာဆိုင်ရာ ဝန်ကြီးရုံး) မှ ညွှန်ကြားရေးမှူး၏ ဇနီးဖြစ်သူ သည် စက်တင်ဘာလ ၉ ရက်က အသတ်ခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခင်ပွန်းဖြစ်သူ ( လဝက ညွှန်ကြားရေးမှူး ) သည် စက်တင်ဘာလ ၉ ရက် ည ၇ နာရီအချိန် ခန့် က နေအိမ်သို့ ပြန်လာစဉ် နေအိမ် ခြံဝန်းအတွင်းရှိ မြောင်းဘောင်ပေါ်တွင် သွေးကွက်များတွေ့ရှိရသဖြင့် နေအိမ်အတွင်းသို့ ဝင်ကြည့်ရာ အိမ်ခန်းအတွင်းထားရှိသည့် မီးခံသေတ္တသည် သော့တန်းလန်းဖြင့် ပွင့်နေပြီး ဇနီးဖြစ်သူ အား မတွေ့သဖြင့် နေအိမ် အနောက်ပေါက်သို့ ထွက်ကြည့်ရာ နေအိမ်၏ ဝဲဘက် တံစက်မြိတ်အောက်တွင် သွေးထွက်ဒဏ်ရာများဖြင့် လဲနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

ထိုသို့ တွေ့ရှိသဖြင့် ဇနီးသည် အား မြောင်းအတွင်းမှ ဆွဲထုတ်ပြီး မြက်ခင်းပေါ်၍ လှုပ်နိုးရာ အသက်မရှိတော့ ကြောင်း သိရသဖြင့် ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ဖုန်းဆက်အကြောင်းကြားပြီး နေအိမ်အတွင်းသို့ စစ်ဆေးရာ မီးခံသေတ္တာအတွင်းမှ အမျိုးသမီးဝတ် စိန်ခြယ်လက်စွပ်တစ်ကွင်း၊ ကျောက်ပြာလက်စွပ် ၆ ကွင်း၊ ၂ ကျပ်သား ရှိ ရွှေဆွဲကြိုး ၁ ကုံး၊ ပျောက်ဆုံးနေပြီး ဇနီးဖြစ်သူ ကိုင်သည့် အနက်ရောင် ဖုန်းတစ်လုံးလည်း ပျောက်ဆုံးနေကြောင်း သိရသည်။

လူသတ်ပြီး ပစ္စည်းများ ယူဆောင်သွားသူအား ပတ္တာနယ်မြေ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၂ ဖြင့် အမှုဖွင့် အရေး ယူဆောင်ရွက်ထားပြီး တရားခံအား အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် စုံးစမ်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယဉ်ကေနွယ်
#TheFifthWave

(zawgyi)

ေနျပည္ေတာ္ေကာင္စီ နယ္ေျမ၊ ပုပၺသီရိၿမိဳ႕နယ္ ၊ ေညာင္ပင္ႀကီးစု ေက်းရြာတြင္ ေနထိုင္သည့္ အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔ အင္အား၀န္ႀကီးဌာန( အလုပ္သမားေရးရာဆိုင္ရာ ၀န္ႀကီးရံုး) မွ ညႊန္ၾကားေရးမွဴး၏ ဇနီးျဖစ္သူ သည္ စက္တင္ဘာလ ၉ ရက္က အသတ္ခံခဲ့ရေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ခင္ပြန္းျဖစ္သူ ( လ၀က ညႊန္ၾကားေရးမွဴး ) သည္ စက္တင္ဘာလ ၉ ရက္ ည ၇ နာရီအခ်ိန္ ခန္႔ က ေနအိမ္သို႔ ျပန္လာစဥ္ ေနအိမ္ ျခံ၀န္းအတြင္းရွိ ေျမာင္းေဘာင္ေပၚတြင္ ေသြးကြက္မ်ားေတြ႔ရွိရသျဖင့္ ေနအိမ္အတြင္းသို႔ ၀င္ၾကည့္ရာ အိမ္ခန္းအတြင္းထားရွိသည့္ မီးခံေသတၱသည္ ေသာ့တန္းလန္းျဖင့္ ပြင့္ေနၿပီး ဇနီးျဖစ္သူ အား မေတြ႔သျဖင့္ ေနအိမ္ အေနာက္ေပါက္သို႔ ထြက္ၾကည္႔ရာ ေနအိမ္၏ ၀ဲဘက္ တံစက္ျမိတ္ေအာက္တြင္ ေသြးထြက္ဒဏ္ရာမ်ားျဖင့္ လဲေနသည္ကို ေတြ႔ရွိရေၾကာင္း သိရသည္။

ထိုသို႔ ေတြ႔ရွိသျဖင့္ ဇနီးသည္ အား ေျမာင္းအတြင္းမွ ဆြဲထုတ္ၿပီး ျမက္ခင္းေပၚ၍ လႈပ္နိုးရာ အသက္မရွိေတာ့ ေၾကာင္း သိရသျဖင္႔ ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးထံသို႔ ဖုန္းဆက္အေၾကာင္းၾကားၿပီး ေနအိမ္အတြင္းသို႔ စစ္ေဆးရာ မီးခံေသတၱာအတြင္းမွ အမ်ိဳးသမီး၀တ္ စိန္ျခယ္လက္စြပ္တစ္ကြင္း၊ ေက်ာက္ျပာလက္စြပ္ ၆ ကြင္း၊ ၂ က်ပ္သား ရွိ ေရႊဆြဲႀကိဳး ၁ ကံုး၊ ေပ်ာက္ဆံုးေနၿပီး ဇနီးျဖစ္သူ ကိုင္သည့္ အနက္ေရာင္ ဖုန္းတစ္လံုးလည္း ေပ်ာက္ဆံုးေနေၾကာင္း သိရသည္။

လူသတ္ၿပီး ပစၥည္းမ်ား ယူေဆာင္သြားသူအား ပတၱာနယ္ေျမ ရဲစခန္းမွ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂/၃၉၂ ျဖင့္ အမႈဖြင့္ အေရး ယူေဆာင္ရြက္ထားၿပီး တရားခံအား အျမန္ဆံုးဖမ္းဆီးနုိင္ေရးအတြက္ စံုးစမ္း စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ယဥ္ေကႏြယ္
#TheFifthWave

Leave a Reply