မိတၳီလာၿမိဳ့တြင္ COVID အတည္ျပဳလူနာတြ႕ရွိျပီးေနာက္ ခရီးသည္တင္ယာဥ္လိုင္းမ်ားရပ္ဆိုင္း

0
43

မန္တလေးတိုင်း မိတ္ထီလာမြို့တွင် COVID-19 အတည်ပြုလူနာများတွေ့ရှိပြီးနောက် ခရီးသည်တင်ယာဉ်လိုင်းများကို ရပ်ဆိုင်းကာ စားသောက်ဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားကြောင်းသိရသည် ။

မိတ္ထီလာမြို့တွင် စက်တင်ဘာ ၁၀ ရက်က COVID-19 အတည်ပြုလူနာ ၄ ဦးတွေ့ရှိခဲ့ပြီး ယာဉ်လိုင်းအားလုံးကိုလည်း ယာယီရပ်နားရန် နှင့် လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့်မပြုပဲ ပါဆယ်စနစ်ဖြင့်ရောင်းချရန် ညွှန်ကြားထားသည် ။

“မလိုအပ်ပဲနဲ့ အပြင်ကို မထွက်ကြဖို့ ညွှန်ကြားထားတယ် ။ထွက်ရင်လဲ တစ်အိမ်ကို တစ်ယောက်နှုန်းနဲ့ထွက်ဖို့ပြောထားတယ် ။ စားသောက်ဆိုင်တွေကိုတော့ ပါဆယ်စနစ်နဲ့ လုပ်ခိုင်းတယ်ထားတယ် ” ဟု မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုးက ပြောသည်။

မန္တလေးတိုင်းတွင် ပိုးတွေ့လူနာအများဆုံးတွေ့ရှိထားသည့် မြင်းခြံမြို့နယ်တွင်လည်း ယာဉ်လိုင်းများ ယာယီရပ်နားကာ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့် ရောင်းချရန် ညွှန်ကြားထားသည်။

လက်ရှိ မန္တလေးတိုင်းတွင် ပိုးအတည်ပြုလူနာ ၆၅ဦးအထိရှိနေပြီဖြစ်သည် ။

နေသူရိန်လင်း
#TheFifthWave

(zawgyi)

မႏၲေလးတိုင္း မိတၳီလာၿမိဳ့တြင္ COVID-19 အတည္ျပဳလူနာမ်ားေတြ႕ရွိၿပီးေနာက္ ခရီးသည္တင္ယာဥ္လိုင္းမ်ားကို ရပ္ဆိုင္းကာ စားေသာက္ဆိုင္မ်ားကိုလည္း ပါဆယ္စနစ္ျဖင့္သာ ေရာင္းခ်ရန္ ညႊန္ၾကားထားေၾကာင္းသိရသည္ ။

မိတၳီလာၿမိဳ့တြင္ စက္တင္ဘာ ၁၀ ရက္က COVID-19 အတည္ျပဳလူနာ ၄ ဦးေတြ႕ရွိခဲ့ၿပီး ယာဥ္လိုင္းအားလုံးကိုလည္း ယာယီရပ္နားရန္ ႏွင့္ လက္ဖက္ရည္ဆိုင္ စားေသာက္ဆိုင္မ်ားတြင္ ဆိုင္ထိုင္စားေသာက္ခြင့္မျပဳပဲ ပါဆယ္စနစ္ျဖင့္ေရာင္းခ်ရန္ ညႊန္ၾကားထားသည္ ။

“မလိုအပ္ပဲန႔ဲ အျပင္ကို မထြက္ၾကဖို႔ ညႊန္ၾကားထားတယ္ ။ထြက္ရင္လဲ တစ္အိမ္ကို တစ္ေယာက္ႏွုန္းနဲ႔ထြက္ဖို႔ေျပာထားတယ္ ။ စားေသာက္ဆိုင္ေတြကိုေတာ့ ပါဆယ္စနစ္နဲ႔ လုပ္ခိုင္းတယ္ထားတယ္ ” ဟု မိတၳီလာၿမိဳ့နယ္ မဲဆႏၵနယ္အမွတ္ (၁) တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္မိုးက ေျပာသည္။

မႏၲေလးတိုင္းတြင္ ပိုးေတြ႕လူနာအမ်ားဆုံးေတြ႕ရွိထားသည့္ ျမင္းၿခံၿမိဳ့နယ္တြင္လည္း ယာဥ္လိုင္းမ်ား ယာယီရပ္နားကာ စားေသာက္ဆိုင္ လက္ဖက္ရည္ဆိုင္မ်ားတြင္ ပါဆယ္စနစ္ျဖင့္ ေရာင္းခ်ရန္ ညႊန္ၾကားထားသည္။

လက္ရွိ မႏၲေလးတိုင္းတြင္ ပိုးအတည္ျပဳလူနာ ၆၅ဦးအထိရွိေနျပီျဖစ္သည္ ။

ေနသူရိန္လင္း
#TheFifthWave

Leave a Reply