မန္းျမန္မာပလာဇာရွိ အလွကုန္အေရာင္းဆိုင္မွ COVID ပိုးေတြ႕ရွိခဲ႔ေသာ အမ်ိဳးသမီးႏွင့္ ထိေတြ႕သူ ၁၀၀ ေက်ာ္ရွိ

0
48

မန္တလေး မန်းမြန်မာပလာဇာရှိ အလှကုန်အရောင်းဆိုင်မှ COVID ပိုးတွေ့ရှိခဲ့သော အမျိုးသမီးနှင့် ထိတွေ့သူ ၁၀၀ ကျော်ရှိကြောင်း သိရသည် ။

အဆိုပါ ပိုးတွေ့လူနာသည် အသက်(၃၀)ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး ပုသိမ်ကြီးမြို့နယ် အောင်ချမ်းသာကျေးရွာ၌ နေထိုင်ကာ အလှကုန်ကုမ္ပဏီ အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်သူဖြစ်ကာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ် တက်ရောက်ကုသနေစဉ် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခြင်း ဖြစ်သည်။

” ပိုးတွေ့တဲ့သူနဲ့ ထိတွေ့တဲ့သူက မိသားစု အပါအဝင် အလှကုန်ပိုင်ရှင်မိသားစုနဲ့ဆိုင်ဝန်ထမ်းအပါအဝင် ၁၀၀ ကျော်လောက်ရှိတယ် ။ သူတို့အားလုံးလည်း Quarantine ဝင်နေပြီ ။ အလှကုန်ပိုင်ရှင်မိသားစုနဲ့ ဆိုင်ဝန်ထမ်းတွေကတော့ Arrawaddy River View Hotelမှာ Facility Quarantine ဝင်နေတယ်။ ကောင်မလေးကတော့ ကန်တော်နဒီဆေးရုံ ပို့ထားတယ် ” ဟု မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိမှာ ပိုးတွေ့ရှိသည့် မန်းမြန်မာပလာဇာကို ပိတ်သိမ်းသင့် မသင့်ဆိုတာကို တိုင်းအစိုးရအဖွဲ့ဖြင့် ဆွေးနွေးနေပြီး ၊ လက်ရှိ မန္တလေးတွင် ကိုဗစ်ပိုးအတည်ပြုလူနာ ၁၀ ဦးရှိပြီး မန္တလေးကန်တော်နဒီမှာ ဆေးကုသမှုခံယူနေကြောင်းသိရသည် ။

နေသူရိန်လင်း
#TheFifthWave

(zawgyi)

မႏၱေလး မန္းျမန္မာပလာဇာရွိ အလွကုန္အေရာင္းဆိုင္မွ COVID ပိုးေတြ႕ရွိခဲ႔ေသာ အမ်ိဳးသမီးႏွင့္ ထိေတြ႕သူ ၁၀၀ ေက်ာ္ရွိေၾကာင္း သိရသည္ ။

အဆိုပါ ပိုးေတြ႕လူနာသည္ အသက္(၃၀)ေက်ာ္အရြယ္ အမ်ိဳးသမီးျဖစ္ၿပီး ပုသိမ္ႀကီးၿမိဳ့နယ္ ေအာင္ခ်မ္းသာေက်းရြာ၌ ေနထိုင္ကာ အလွကုန္ကုမၸဏီ အေရာင္းဝန္ထမ္းအျဖစ္ လုပ္ကိုင္သူျဖစ္ကာ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီး၌ ေစာင့္ၾကည့္လူနာအျဖစ္ တက္ေရာက္ကုသေနစဥ္ COVID-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိျခင္း ျဖစ္သည္။

” ပိုးေတြ႕တဲ႔သူနဲ႔ ထိေတြ႕တဲ႔သူက မိသားစု အပါအဝင္ အလွကုန္ပိုင္ရွင္မိသားစုနဲ႔ဆိုင္ဝန္ထမ္းအပါအဝင္ ၁၀၀ ေက်ာ္ေလာက္ရွိတယ္ ။ သူတို႔အားလံုးလည္း Quarantine ဝင္ေနျပီ ။ အလွကုန္ပိုင္ရွင္မိသားစုနဲ႔ ဆိုင္ဝန္ထမ္းေတြကေတာ့ Arrawaddy River View Hotelမွာ Facility Quarantine ဝင္ေနတယ္။ ေကာင္မေလးကေတာ့ ကန္ေတာ္နဒီေဆးရံု ပို႔ထားတယ္ ” ဟု ၿမိဳ႕နယ္ က်န္းမာေရးဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

လက္ရွိမွာ ပိုးေတြ႕ရွိသည့္ မန္းျမန္မာပလာဇာကို ပိတ္သိမ္းသင့္ မသင့္ဆိုတာကို တိုင္းအစိုးရအဖြဲ႕ျဖင့္ ေဆြးေႏြးေနၿပီး ၊ လက္ရွိ မႏၲေလးတြင္ ကိုဗစ္ပိုးအတည္ျပဳလူနာ ၁၀ ဦးရွိျပီး မႏၱေလးကန္ေတာ္နဒီမွာ ေဆးကုသမွဳခံယူေနေၾကာင္းသိရသည္ ။

ေနသူရိန္လင္း
#TheFifthWave

Leave a Reply