သမ္မတဒေါ်နယ်ထရမ့်နှင့် ရက်ပါ ဂျေဇီးတို့ အပြန်အလှန်ဝေဖန်ပြောဆို

0
189

ဝါရှင်တန် ဇန်နဝါရီ ၂၉

အမေရိကန်ရက်ပါ ဂျေဇီးက သမ္မတဒေါ်နယ်ထရမ့်သည် အဖျက် ပိုးမွှားသာဖြစ်ကြောင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင်ပြောဆိုခဲ့သည်။

သမ္မတထရမ့်က အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားများကြား အလုပ်အကိုင်မဲ့မှုနှုန်းသည် အနိမ့်ဆုံးအထိကျဆင်းနေကြောင်း ထရမ့်က တွစ်တာ၌ ရေးသားခဲ့သည်။
အာဖရိကနွယ်ဖွားအမေရိကန်နိုင်ငံသားများ၏အလုပ်အကိုင်မဲ့မှုနှုန်းသည် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိနေသည်။

သို့သော် အလုပ်အကိုင်မဲ့မှုနှုန်းကို ပြောဆိုနေခြင်းသည် အဓိကအချက်အလက်ကိုမေ့လျော့နေခြင်းဖြစ်ကြောင်း ဂျေဇီးက စီအင်န်အင်န်သတင်းဌာနနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။

“တစ်နေကုန်သွားတဲ့အခါ ပြောကြဆိုကြတာက ပိုက်ဆံကိစ္စမဟုတ်ဘူးဗျ၊ ငွေနဲ့ပျော်ရွှင်မှုကို တန်းတူညီမျှခြင်းချပြလို့မရဘူး၊ ဒါကိုလွဲနေတာ၊ လူကိုလူလိုဆက်ဆံဖို့ပဲလိုတာ” ဟု ဂျေဇီးကပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံတွင်းရှိ ပြဿနာတချို့ကို မဖြေရှင်းနိုင်သည့်အတွက် ထရမ့် ရွေးကောက်ပွဲအနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ရက်ပါက ဆက်လက်ပြောဆိုခဲ့သည်။

“ခင်ဗျားတို့ အမှိုက်ပုံကို ရေမွှေးနဲ့ဖျန်းတယ်ဗျာ။ရေမွှေးနဲ့ဖျန်းလည်း ဖျန်းရော ပိုးမွှားတွေထွက်လာရော၊ ပိုးမွှားတွေက ရေမွှေးကြောင့် ပိုးမွှားကြီးဖြစ်လာရော အခုကျွန်တော်တို့မှာ အဖျက်ပိုးမွှားကြီးရှိနေတယ်၊ အဲဒါက ဒေါ်နယ်ထရမ့်ပဲ” ဟု ဂျေဇီးကပြောဆိုခဲ့သည်။

ဂျေဇီးသည် ဘားရက်အိုဘားမား သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန် အတွင်း အိုဘားမားကို ထောက်ခံခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဟီလာရီကလင်တန်ကို အားပေးခဲ့သူဖြစ် သည်။ ထို့ပြင် သမ္မတထရမ့်က အာဖရိကနိုင်ငံသားများအား မစင်တွင်း ထဲက နိုင်ငံများဟု ခေါ်ဆိုလိုက်ခြင်းနှင့်ပတ်သက်၍လည်း မေးမြန်းခဲ့ရာ ဂျေဇီးက “အတော်လေးကိုစိတ်ပျက်စရာကောင်းတာဗျ၊ နစ်နာစေချင်တဲ့ရည်ရွယ်ချက်လည်းပါတယ်၊ သူက လူအများကြီးကို အထင်သေးလိုက်တာ” ဟု ပြောဆိုခဲ့သည်။

အာဖရိကနိုင်ငံများကို ဝေဖန်မှုနှင့်ပတ်သက်၍ လူမျိုးရေး ခွဲခြား ပြောဆိုခြင်း မဟုတ်ကြောင်း ထရမ့်ကပြောဆိုခဲ့သည်။

BBC

ရိုးမြေ

Leave a Reply