အစိုးရအေနျဖင့္ျဖစ္ခ်င္ေသာဆႏၵတစ္ခုထဲျဖင့္ ဆံုးျဖတ္မည့္အစား ပဂတိအေျခအေနကိုသံုးသပ္ရန္ျပည္ခိုင္ၿဖိဳးဒုတိယဥကၠ႒ဦးခင္ရီေျပာ

0
29

နိုင်ငံတော်အစိုးရအနေဖြင့်ဖြစ်ချင်သောဆန္ဒတစ်ခုတည်းအပေါ်မူတည်ဆုံးဖြတ်မည့်အစားလက်ရှိပကတိအခြေအနေများအပေါ် အမှန်မြင်၊ အပြန်အလှန်ရှုမြင်၍ ဖြစ်ချင်တာနှင့် ဖြစ်သင့်တာကိုအသေအချာသုံးသပ်၍ဆုံးဖြတ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဆိပ်ကြီးခနောင်တိုမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်ဦးခင်ရီကပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ လူမှုကွန်ယက်စာမျက်နှာမှ ရုပ်သံဖြင့်ပြည်သူများကိုသတင်းစကားပါးရာတွင်ဦးခင်ရီက နိုင်ငံအတွက် စဉ်ဆက်မပျက်ဆောင်ရွက်သွားရမည့် သမိုင်းပေးတာဝန်များအားဆက်လက်ဖော်ဆောင်ရင်း၊ ပိုမိုတောက်ပသောအနာဂတ်ကို ဖန်တီးနိုင်ရန်အတွက် ပညာ၊ သမ္ဘာ၊ သတ္တိ၊ လုပ်ငန်းအတွေ့အကြုံ၊ ကျွမ်းကျင်မှုနှင့် တိုင်းချစ်ပြည်ချစ်စိတ်ရှိသူများကို တာဝန်အပ်နှင်းဆောင်ရွက်စေခြင်းသည်သာမှန်ကန်သောရွေးချယ်မှုဖြစ်ပါကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍သမိုင်းပေးတာဝန်များအားလက်ဆင့်ကမ်းဆောင်ရွက်ရာတွင် အတိတ် ၊ ပစ္စုပ္ပန်၊ သင်ခန်းစာများနှင့် ဆက်စပ်၍အနာဂတ်ဘဝပိုမိုလှပအောင်ဆောင်ရွက်ပေးနိုင်သည့် အရည်အချင်းမျိုးရှိသူကိုယ်စားလှယ်လောင်းများ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင်အပြည့်အဝရှိနေပါ၍မဲဆန္ဒရှင်မိဘပြည်သူများကယုံကြည်စွာပြန်လည် တာဝန်ပေးအပ်နိုင်ပါကြောင်း ။

၂၀၂၀ ရွေးကောက်ပွဲသည် နိုင်ငံတော်၏ အနာဂတ်အတွက် မရှိမဖြစ်လိုအပ်သော အလှည့်အပြောင်းတစ်ရပ်ဖြစ်သဖြင့်အထူးအရေးကြီးသလို၊တစ်ဖက်တွင်လည်းတစ်စနှင့်တစ်စပိုမိုဆိုးရွားလာနေသောCovid-19ကပ်ရောဂါပျံ့နှံ့လာမှုသည်လည်းပြည်သူအားလုံးအတွက်ကြီးမားသောအန္တရာယ်ချိန်းခြောက်မှုတစ်ရပ် ဖြစ်လာနေပါကြောင်း၊ ထို့ကြောင့် မဲဆန္ဒရှင်ပြည်သူများ၏ ကျန်းမာရေးနှင့်အန္တရာယ်ကိုအထူးအလေးထားစိုးရိမ်မိပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

HM
#TheFifthWave

(zawgyi)

နိုင္ငံေတာ္အစိုးရအေနျဖင့္ျဖစ္ခ်င္ေသာဆႏၵတစ္ခုတည္းအေပၚမူတည္ဆုံးျဖတ္မည့္အစားလက္ရွိပကတိအေျခအေနမ်ားအေပၚ အမွန္ျမင္၊ အျပန္အလွန္ရွုျမင္၍ ျဖစ္ခ်င္တာႏွင့္ ျဖစ္သင့္တာကိုအေသအခ်ာသုံးသပ္၍ဆုံးျဖတ္ေဆာင္ရြက္ရန္လိုအပ္ပါေၾကာင္းျပည္ေထာင္စုၾကံ့ခိုင္ေရးႏွင့္ဖံြ႕ၿဖိဳးေရးပါတီဒုတိယဥကၠ႒ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္ဦးခင္ရီကေျပာသည္။

ျပည္ခိုင္ၿဖိဳးပါတီ၏ လူမႈကြန္ယက္စာမ်က္ႏွာမွ ရုပ္သံျဖင့္ျပည္သူမ်ားကိုသတင္းစကားပါးရာတြင္ဦးခင္ရီက နိုင္ငံအတြက္ စဥ္ဆက္မပ်က္ေဆာင္ရြက္သြားရမည့္ သမိုင္းေပးတာဝန္မ်ားအားဆက္လက္ေဖာ္ေဆာင္ရင္း၊ ပိုမိုေတာက္ပေသာအနာဂတ္ကို ဖန္တီးနိုင္ရန္အတြက္ ပညာ၊ သမၻာ၊ သတၱိ၊ လုပ္ငန္းအေတြ႕အၾကဳံ၊ ကၽြမ္းက်င္မွုႏွင့္ တိုင္းခ်စ္ျပည္ခ်စ္စိတ္ရွိသူမ်ားကို တာဝန္အပ္ႏွင္းေဆာင္ရြက္ေစျခင္းသည္သာမွန္ကန္ေသာေရြးခ်ယ္မွုျဖစ္ပါေၾကာင္းေျပာၾကားခ့ဲသည္။

ဆက္လက္၍သမိုင္းေပးတာဝန္မ်ားအားလက္ဆင့္ကမ္းေဆာင္ရြက္ရာတြင္ အတိတ္ ၊ ပစၥဳပၸန္၊ သင္ခန္းစာမ်ားႏွင့္ ဆက္စပ္၍အနာဂတ္ဘဝပိုမိုလွပေအာင္ေဆာင္ရြက္ေပးနိုင္သည့္ အရည္အခ်င္းမ်ိဳးရွိသူကိုယ္စားလွယ္ေလာင္းမ်ား ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီတြင္အျပည့္အဝရွိေနပါ၍မဲဆႏၵရွင္မိဘျပည္သူမ်ားကယုံၾကည္စြာျပန္လည္ တာဝန္ေပးအပ္နိုင္ပါေၾကာင္း ။

၂၀၂၀ ေရြးေကာက္ပြဲသည္ နိုင္ငံေတာ္၏ အနာဂတ္အတြက္ မရွိမျဖစ္လိုအပ္ေသာ အလွည့္အေျပာင္းတစ္ရပ္ျဖစ္သျဖင့္အထူးအေရးႀကီးသလို၊တစ္ဖက္တြင္လည္းတစ္စႏွင့္တစ္စပိုမိုဆိုးရြားလာေနေသာCovid-19ကပ္ေရာဂါပ်ံ႕ႏွံ့လာမွုသည္လည္းျပည္သူအားလုံးအတြက္ႀကီးမားေသာအႏၲရာယ္ခ်ိန္းေျခာက္မွုတစ္ရပ္ ျဖစ္လာေနပါေၾကာင္း၊ ထို့ေၾကာင့္ မဲဆႏၵရွင္ျပည္သူမ်ား၏ က်န္းမာေရးႏွင့္အႏၲရာယ္ကိုအထူးအေလးထားစိုးရိမ္မိပါေၾကာင္း ထည့္သြင္းေျပာၾကားခ့ဲသည္။

HM
#TheFifthWave

Leave a Reply