ျမန္မာႏိုင္ငံသို႔ ျပည္ပမွ ေျပာင္းတင္သြင္းမႈကိုကန္႔ကြက္

0
10

ပြောင်းစိုက်တောင်သူများအားထိခိုက်နိုင်သည့်အတွက် မြန်မာနိုင်ငံသို့ ပြည်ပမှပြောင်းတင်သွင်းမှုကိုကန့်ကွက်ထားကြောင်းမြန်မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်းထံမှသိရသည် ။

လက်ရှိပြည်တွင်း၌ပြောင်းရှားပါးချိန်ဖြစ်နေသဖြင့် ပြည်တွင်းရှိ အစာစပ်စက်ရုံလုပ်ငန်းရှင်များမှ အစေ့ထုတ်ပြောင်းကို ပြည်ပမှ ပြန်လည်တင်သွင်းရန် တင်ပြထားပြီးနိုင်ငံတော်မှ တင်သွင်းသင့်/မသင့်ကို အသင်းထံသို့သဘောထားမှတ်ချက်တောင်းခံထားရာပြောင်းစိုက်တောင်သူများအားထိခိုက်နိုင်သည့်အတွက် ပြည်ပမှပြောင်းတင်သွင်းမှုကိုကန့်ကွက်ထားကြောင်းသိရသည် ။

” တင်သွင်းခွင့်ပြုရင် ပြောင်းစိုက်တောင်သူတွေကို ထိခိုက်နိုင်တဲ့အကြောင်းစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို သဘောထားမှတ်ချက်ပို့ထားတယ် ။ ထိုင်းကအခုပြောင်းအဝယ် ငါးလပိတ်ထားတယ် ။ ဒီနှစ်ကုန်ပိုင်းပြန်ဝယ်တဲ့အချိန် မြန်မာနိုင်ငံပြောင်းထွက်ချိန်မှာ ပြောင်းက ပြည်တွင်းပိုလျှံတဲ့အပြင် ကုန်သည်တွေကတောင်ထိန်းထားရသေးတယ် ။ တင်သွင်းရင်ဈေးကွက်ထိခိုက်ပြီး တောင်သူတွေကိုပါထိခိုက်နိုင်တယ် “ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်းမှ ဦးသန့်ဇင်ထွန်းကပြောသည် ။

မြန်မာနိုင်ငံတွင် လက်ရှိ စိုက်ပျိုးနေသည့် ပြောင်းများမှာ မျိုးရိုးဗီဇ မပြုပြင်ထားသည့် ပြောင်းမျိုးများဖြစ်ပြီးအကယ်၍ပြည်ပမှပြောင်းမျိုးများတင်သွင်းဝင်ရောက်လာပါက လက်ရှိမြန်မာနိုင်ငံမှပြောင်းဝယ်ယူနေသည့် ပြည်ပနိုင်ငံများမှမြန်မာနိုင်ငံထွက်ပြောင်းများကို မဝယ်ယူတော့မည်ကိုလည်းစိုးရိမ်ရကြောင်းသိရသည် ။

လက်ရှိ ပြည်တွင်း၌ တစ်နှစ်လျှင် ပြောင်း တန်ချိန် ၂.၃ သန်းနှင့် ၂.၆ သန်းကြား ထွက်ရှိနေပြီး ပြည်တွင်းစားသုံးမှု ပမာဏမှာ ၁.၃ သန်းသာ ရှိကာ ကျန်ပမာဏကိုသာ ပြည်ပသို့တင်ပိုနေသည့်အတွက် ပြည်တွင်း၌ ပြောင်းလုံလောက်မှု ရှိနေကြောင်းသိရသည် ။

နေသူရိန်လင်း
#TheFifthWave

(zawgyi)

ေျပာင္းစိုက္ေတာင္သူမ်ားအားထိခိုက္ႏိုင္သည္႔အတြက္ ျမန္မာႏိုင္ငံသို႔ ျပည္ပမွေျပာင္းတင္သြင္းမႈကိုကန္႔ကြက္ထားေၾကာင္းျမန္မာနိုင္ငံ ေျပာင္းလုပ္ငန္း အသင္းထံမွသိရသည္ ။

လက္ရွိျပည္တြင္း၌ေျပာင္းရွားပါးခ်ိန္ျဖစ္ေနသျဖင္႔ ျပည္တြင္းရွိ အစာစပ္စက္႐ုံလုပ္ငန္းရွင္မ်ားမွ အေစ့ထုတ္ေျပာင္းကို ျပည္ပမွ ျပန္လည္တင္သြင္းရန္ တင္ျပထားၿပီးနိုင္ငံေတာ္မွ တင္သြင္းသင့္/မသင့္ကို အသင္းထံသို႔သေဘာထားမွတ္ခ်က္ေတာင္းခံထားရာေျပာင္းစိုက္ေတာင္သူမ်ားအားထိခိုက္ႏိုင္သည္႔အတြက္ ျပည္ပမွေျပာင္းတင္သြင္းမႈကိုကန္႔ကြက္ထားေၾကာင္းသိရသည္ ။

” တင္သြင္းခြင္႔ျပဳရင္ ေျပာင္းစိုက္ေတာင္သူေတြကို ထိခိုက္ႏိုင္တဲ႔အေၾကာင္းစီးပြားေရးနဲ႔ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနကို သေဘာထားမွတ္ခ်က္ပို႔ထားတယ္ ။ ထိုင္းကအခုေျပာင္းအဝယ္ ငါးလပိတ္ထားတယ္ ။ ဒီႏွစ္ကုန္ပိုင္းျပန္ဝယ္တဲ႔အခ်ိန္ ျမန္မာႏိုင္ငံေျပာင္းထြက္ခ်ိန္မွာ ေျပာင္းက ျပည္တြင္းပိုလ်ွံတဲ႔အျပင္ ကုန္သည္ေတြကေတာင္ထိန္းထားရေသးတယ္ ။ တင္သြင္းရင္ေစ်းကြက္ထိခိုက္ၿပီး ေတာင္သူေတြကိုပါထိခိုက္ႏိုင္တယ္ “ဟု ျမန္မာနိုင္ငံ ေျပာင္းလုပ္ငန္း အသင္းမွ ဦးသန္႔ဇင္ထြန္းကေျပာသည္ ။

ျမန္မာနိုင္ငံတြင္ လက္ရွိ စိုက္ပ်ိဳးေနသည့္ ေျပာင္းမ်ားမွာ မ်ိဳးရိုးဗီဇ မျပဳျပင္ထားသည့္ ေျပာင္းမ်ိဳးမ်ားျဖစ္ၿပီးအကယ္၍ျပည္ပမွေျပာင္းမ်ိဳးမ်ားတင္သြင္းဝင္ေရာက္လာပါက လက္ရွိျမန္မာႏိုင္ငံမွေျပာင္းဝယ္ယူေနသည့္ ျပည္ပႏိုင္ငံမ်ားမွျမန္မာႏိုင္ငံထြက္ေျပာင္းမ်ားကို မဝယ္ယူေတာ႔မည္ကိုလည္းစိုးရိမ္ရေၾကာင္းသိရသည္ ။

လက္ရွိ ျပည္တြင္း၌ တစ္ႏွစ္လၽွင္ ေျပာင္း တန္ခ်ိန္ ၂.၃ သန္းႏွင့္ ၂.၆ သန္းၾကား ထြက္ရွိေနၿပီး ျပည္တြင္းစားသုံးမႈ ပမာဏမွာ ၁.၃ သန္းသာ ရွိကာ က်န္ပမာဏကိုသာ ျပည္ပသို့တင္ပိုေနသည္႔အတြက္ ျပည္တြင္း၌ ေျပာင္းလုံေလာက္မႈ ရွိေနေၾကာင္းသိရသည္ ။

ေနသူရိန္လင္း
#TheFifthWave

Leave a Reply