ၾကိဳတင္မွတ္ပံုတင္ SIM Card မ်ားေရာင္းခ်ပါကအေရးယူမည္

0
19

ဖုန်းSIMCardအရောင်းကိုယ်စားလှယ်များနှင့်အရောင်းဆိုင် (Point of Sale) အချို့သည် သက်သေခံ လက်မှတ်ပါ အချက်အလက်များကို ပြင်ဆင်၍ SIM Card များကို ကြိုတင်မှတ်ပုံတင် ရောင်းချနေကြောင်း တွေ့ရှိရပြီး ထိုသို့ဆောင်ရွက်ခြင်းသည်စာတမ်းအမှတ်အသားလိမ်လည်အတုပြုလုပ်ခြင်းဖြစ်၍တည်ဆဲဥပဒေများအရပြစ်မှုမြောက်ပါသဖြင့်စစ်ဆေးတွေ့ရှိပါကတည်ဆဲဥပဒေများနှင့်အညီအရေးယူခြင်းခံရမည်ဖြစ်ကြောင်းဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ယနေ့တွင်ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင်အများပြည်သူများအနေဖြင့် SIM Cardများကိုဝယ်ယူသုံးစွဲရာတွင်စနစ်တကျမှတ်ပုံတင်ပြီးမှသာ ဝယ်ယူသုံးစွဲကြပါရန် အများပြည်သူသို့ အသိပေး နှိုးဆော်ခဲ့ပြီးဖြစ်ပြီး အရောင်းကိုယ်စားလှယ်များနှင့် အရောင်းဆိုင်(PointofSale)များအနေဖြင့်သက်သေခံလက်မှတ်ပါ အချက်အလက်များကိုပြင်ဆင်၍ SIM Card များကို ကြိုတင်မှတ်ပုံတင်ရောင်းချခြင်း မပြုကြပါရန်နှင့် SIM Card များကို ဝယ်ယူသူ၏ သက်သေခံလက်မှတ် (မူရင်း)ဖြင့်သာ SIM Card မှတ်ပုံတင်၍ရောင်းချကြပါရန် ဖော်ပြပါရှိသည်။

ဆက်လက်၍သုံးစွဲသူအများပြည်သူများအနေဖြင့်လည်း SIM Card များဝယ်ယူရာတွင်မိမိ၏သက်သေခံလက်မှတ် (မူရင်း)ဖြင့်မှတ်ပုံတင်ပြီးမှသာဝယ်ယူအသုံးပြုကြပါရန်နှင့် ကြိုတင်မှတ်ပုံတင်ထားသောSIMCardများမှာပိတ်သိမ်းခံရမည့်SIMCardများဖြစ်သည့်အတွက်မိမိတို့၏ဖြည့်သွင်းငွေများဆုံးရှုံးနစ်နာမှုမရှိစေရေးအတွက်ကြိုတင်မှတ်ပုံတင်ထားသောSIMCardများကိုဝယ်ယူသုံးစွဲခြင်းမပြုကြပါရန် မေတ္တာရပ်ခံထားသည်။
HM
#TheFifthWave

(zawgyi)

ဖုန္းSIMCardအေရာင္းကိုယ္စားလွယ္မ်ားႏွင့္အေရာင္းဆိုင္ (Point of Sale) အခ်ိဳ့သည္ သက္ေသခံ လက္မွတ္ပါ အခ်က္အလက္မ်ားကို ျပင္ဆင္၍ SIM Card မ်ားကို ႀကိဳတင္မွတ္ပုံတင္ ေရာင္းခ်ေနေၾကာင္း ေတြ႕ရွိရၿပီး ထိုသို့ေဆာင္ရြက္ျခင္းသည္စာတမ္းအမွတ္အသားလိမ္လည္အတုျပဳလုပ္ျခင္းျဖစ္၍တည္ဆဲဥပေဒမ်ားအရျပစ္မွုေျမာက္ပါသျဖင့္စစ္ေဆးေတြ႕ရွိပါကတည္ဆဲဥပေဒမ်ားႏွင့္အညီအေရးယူျခင္းခံရမည္ျဖစ္ေၾကာင္းဆက္သြယ္ေရးညႊန္ၾကားမွုဦးစီးဌာနက ယေန႔တြင္ထုတ္ျပန္ထားသည္။

ထုတ္ျပန္ခ်က္တြင္အမ်ားျပည္သူမ်ားအေနျဖင့္ SIM Cardမ်ားကိုဝယ္ယူသုံးစြဲရာတြင္စနစ္တက်မွတ္ပုံတင္ၿပီးမွသာ ဝယ္ယူသုံးစြဲၾကပါရန္ အမ်ားျပည္သူသို့ အသိေပး ႏွိုးေဆာ္ခဲ့ၿပီးျဖစ္ၿပီး အေရာင္းကိုယ္စားလွယ္မ်ားႏွင့္ အေရာင္းဆိုင္(PointofSale)မ်ားအေနျဖင့္သက္ေသခံလက္မွတ္ပါ အခ်က္အလက္မ်ားကိုျပင္ဆင္၍ SIM Card မ်ားကို ႀကိဳတင္မွတ္ပုံတင္ေရာင္းခ်ျခင္း မျပဳၾကပါရန္ႏွင့္ SIM Card မ်ားကို ဝယ္ယူသူ၏ သက္ေသခံလက္မွတ္ (မူရင္း)ျဖင့္သာ SIM Card မွတ္ပုံတင္၍ေရာင္းခ်ၾကပါရန္ ေဖာ္ျပပါရွိသည္။

ဆက္လက္၍သုံးစြဲသူအမ်ားျပည္သူမ်ားအေနျဖင့္လည္း SIM Card မ်ားဝယ္ယူရာတြင္မိမိ၏သက္ေသခံလက္မွတ္ (မူရင္း)ျဖင့္မွတ္ပုံတင္ၿပီးမွသာဝယ္ယူအသုံးျပဳၾကပါရန္ႏွင့္ ႀကိဳတင္မွတ္ပုံတင္ထားေသာSIMCardမ်ားမွာပိတ္သိမ္းခံရမည့္SIMCardမ်ားျဖစ္သည့္အတြက္မိမိတို့၏ျဖည့္သြင္းေငြမ်ားဆုံးရွုံးနစ္နာမွုမရွိေစေရးအတြက္ႀကိဳတင္မွတ္ပုံတင္ထားေသာSIMCardမ်ားကိုဝယ္ယူသုံးစြဲျခင္းမျပဳၾကပါရန္ ေမတၱာရပ္ခံထားသည္။
HM
#TheFifthWave

Leave a Reply