ႏၱေလးတြင္ ရခိုင္ေဒသအေရးႏွင့္ပတ္သက္ၿပီး ဆႏၵျပခဲ့သည့္ ဗကသေက်ာင္းသား ၁၃ ဦးကို ၿငိမ္းစုစီျဖင့္ အမွဳဖြင့္

0
8

မန္တလေးတွင် ရခိုင်ဒေသအရေးနှင့်ပတ်သက်ပြီးဆန္ဒပြခဲ့ကြသည့် ဗကသကျောင်းသား ၁၃ ဦးကို ငြိမ်းစုစီဖြင့် အမှုဖွင့်ထားကြောင်း ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့ထံကသိရသည် ။

ဗမာပြည်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်မှ ကျောင်းသား ၂၀ ဦးခန့်သည် ၈၄ လမ်း၊ ၃၁ လမ်း၊ ၃၁ လမ်းမှ ၂၆ လမ်း ဈေးချိုနာရီစင်အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

” ကိုဗစ်ကာလမှာ ငြိမ်းစုစီကို ငါတို့ ခွင့်မပြုဘူးလေ ။ ခွင့်ပြုချက်မရဘူးလေ ။ ငြိမ်းစုစီမတင်ဘဲနဲ့ ဒီကိုဗစ်ကာလမှာ ဥက္ကဌ သက်မောင်မောင်တို့ ဆန္ဒပြတဲ့ ကိစ္စ အမှုဖွင့်ထားတယ် ။ ပနံပါတ် ၂၀၁၇/၂၀၂၀ ၊ ငြိမ်းစုစီပုဒ်မ ပုဒ်မ ၁၉ နဲ့၊ တရားလိုကတော့ မြို့နယ်မှူးပါ ။ ရဲမှူးဇော်မိုးအောင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ချမ်းအေးသာစံ သက်မောင်မောင်ပါ ၁၃ ဦးကို အရေးယူဖို့ အမှူဖွင့်ထားတယ် ” ဟုမန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိုင်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မောင်မောင်အေး ကပြောသည် ။

စက်တင်ဘာလ ၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့တွင် ပြည်နယ် အစိုးရကို အယုံအကြည် မရှိကြောင်း ဆန္ဒထုတ်ဖေါ်ခဲ့သည် ရခိုင်ပြည်နယ် ကျောင်းသားများ သမဂ္ဂ ဥက္ကဌ အပါအဝင် သုံးဦး ကိုလည်း ဖမ်းဆီးအရေးယူထားသည်။

နေသူရိန်လင်း
#TheFifthWave

(zawgyi)

မႏၱေလးတြင္ ရခိုင္ေဒသအေရးႏွင့္ပတ္သက္ၿပီးဆႏၵျပခဲ့ၾကသည့္ ဗကသေက်ာင္းသား ၁၃ ဦးကို ၿငိမ္းစုစီျဖင့္ အမွဳဖြင့္ထားေၾကာင္း ခ်မ္းေအးသာစံၿမိဳ့နယ္ရဲတပ္ဖြဲ႕ထံကသိရသည္ ။

ဗမာျပည္လုံးဆိုင္ရာေက်ာင္းသားမ်ားသမဂၢအဖြဲ႕ခ်ဳပ္မွ ေက်ာင္းသား ၂၀ ဦးခန္႔သည္ ၈၄ လမ္း၊ ၃၁ လမ္း၊ ၃၁ လမ္းမွ ၂၆ လမ္း ေစ်းခ်ိဳနာရီစင္အထိ လမ္းေလၽွာက္ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

” ကိုဗစ္ကာလမွာ ၿငိမ္းစုစီကို ငါတို႔ ခြင့္မျပဳဘူးေလ ။ ခြင့္ျပဳခ်က္မရဘူးေလ ။ ၿငိမ္းစုစီမတင္ဘဲနဲ႔ ဒီကိုဗစ္ကာလမွာ ဥကၠဌ သက္ေမာင္ေမာင္တို႔ ဆႏၵျပတဲ့ ကိစၥ အမွုဖြင့္ထားတယ္ ။ ပနံပါတ္ ၂၀၁၇/၂၀၂၀ ၊ ၿငိမ္းစုစီပုဒ္မ ပုဒ္မ ၁၉ နဲ႔၊ တရားလိုကေတာ့ ၿမိဳ့နယ္မွဴးပါ ။ ရဲမွဴးေဇာ္မိုးေအာင္၊ ၿမိဳ့နယ္ ရဲတပ္ဖြဲ႕မွဴး ခ်မ္းေအးသာစံ သက္ေမာင္ေမာင္ပါ ၁၃ ဦးကို အေရးယူဖို႔ အမွဴဖြင့္ထားတယ္ ” ဟုမႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ ဒုတိုင္းရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ေမာင္ေမာင္ေအး ကေျပာသည္ ။

စက္တင္ဘာလ ၉ ရက္ေန႔ကလည္း ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕႐ုံးေရွ႕တြင္ ျပည္နယ္ အစိုးရကို အယုံအၾကည္ မရွိေၾကာင္း ဆႏၵထုတ္ေဖၚခဲ့သည္ ရခိုင္ျပည္နယ္ ေက်ာင္းသားမ်ား သမဂၢ ဥကၠဌ အပါအဝင္ သုံးဦး ကိုလည္း ဖမ္းဆီးအေရးယူထားသည္။

ေနသူရိန္လင္း
#TheFifthWave

Leave a Reply