ဝင္ေငြခြန္ႏွင့္ ကုန္သြယ္လုပ္ငန္းခြန္မ်ားကို ဒီဇင္ဘာလအထိ ေ႐ႊ႕ဆိုင္းေပးထား

0
8

ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် စီးပွားရေးလုပ်ငန်းများပေး ဆောင်ရမည့် အခွန်နှစ်မျိုးကို COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ဒီဇင်ဘာလကုန်အထိ အချိန်တိုးမြှင့်ရွှေ့ဆိုင်းပေးကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။

သုံးလတစ်ကြိမ် ပေးဆောင်ရသည့် ဝင်ငွေခွန်နှင့် လစဉ်ပေး ဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များကို အချိန်တိုးမြှင့်ပေး ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ လက်ခစားလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အခွန်ပေးဆောင်ချိန်ကို ရွှေ့ဆိုင်းပေး ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၉ အောက်တိုဘာ ၁ ရက်မှစတင်ပြီး ၂၀၂၀ စက်တင်ဘာ ၃၀ ရက်တွင် အဆုံးသတ်မည့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ပုံမှန်အခွန်ထမ်းဆောင်ရမည်ဆိုပါက စက်တင်ဘာလကုန်အပြီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊နိုင်ငံတော်သည် အခွန်ရရှိ ရေးတစ်ခုတည်းကိုသာကြည့်ပြီး အခွန်မူဝါဒများချမှတ်ဆောင်ရွက်နေခြင်းမဟုတ်ဘဲ နိုင်ငံသူနိုင်ငံသားများ၏ လိုအပ်ချက်၊ အခြေအနေနှင့် အချိန်အခါများအရ ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် စီမံဆောင်ရွက်လျက်ရှိ ကြောင်း ဩဂုတ် ၁၀ ရက် ၂၀၁၈ -၁၉ စည်းကြပ်နှစ် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်အများဆုံးပေးဆောင်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားထားသည်။

ဧပြီ ၂၇ ရက်တွင် အစိုးရမှ ထုတ်ပြန်ထားသော COVID-19 စီးပွားရေးကုစားမှုအစီအစဉ်၏ ပန်းတိုင် (၂) တွင်ပါဝင်သော ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုဖြေလျှော့ပေးရေး အစီစဉ်တွင် အခွန်ဖြေလျှော့မှုများနှင့်ပတ်သက်၍ ဖော်ပြထားပြီးမူလအစီအစဉ်အဪ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် အခွန်များပေး ဆောင်ရန် ရည်ရွယ်ခဲ့သော်လည်း ကပ်ရောဂါ တစ်ကျော့ပြန်ကူးစက်မှု မြင့်တက်လာခြင်းကြောင့် အချိန်ထပ်မံတိုးပေးခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့ပြောပြချက်အရ သိရသည်။

အခွန် အချိန်ရွှေ့ဆိုင်းပေး ပြီးနောက် တပေါင်းတစည်းစုစည်းကောက်ခံပါက အခွန်ပေးဆောင်ရမည့်ပမာဏများလာမည်ဆိုလျှင် စီးပွားရေးလုပ်ငန်းရှင်များအတွက် အခက်အခဲဖြစ်နိုင်ကြောင်း၊ လက်ရှိ ပို့ကုန်လုပ်ငန်းရှင် အချို့သည် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ရမည်ဆိုသည့်အသိ ရှိနေခြင်းကြောင့် ဈေးလျှော့ရောင်းချမှုများရှိနေကြောင်း သိရသည်။

ဆုသက်နှင်း
#TheFifthWave

(zawgyi)

ဘ႑ာႏွစ္ကုန္ဆုံးခ်ိန္တြင္ စီးပြားေရးလုပ္ငန္းမ်ားေပး ေဆာင္ရမည့္ အခြန္ႏွစ္မ်ိဳးကို COVID-19 ကပ္ေရာဂါေၾကာင့္ ၂၀၂၀ ဒီဇင္ဘာလကုန္အထိ အခ်ိန္တိုးျမႇင့္ေ႐ႊ႕ဆိုင္းေပးေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနမွ သိရသည္။

သုံးလတစ္ႀကိမ္ ေပးေဆာင္ရသည့္ ဝင္ေငြခြန္ႏွင့္ လစဥ္ေပး ေဆာင္ရမည့္ ကုန္သြယ္လုပ္ငန္းခြန္မ်ားကို အခ်ိန္တိုးျမႇင့္ေပး ျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံရွိ လက္ခစားလုပ္ငန္းမ်ား၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရးလုပ္ငန္းမ်ား၊ အေသးစားႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္းမ်ားအတြက္ အခြန္ေပးေဆာင္ခ်ိန္ကို ေ႐ႊ႕ဆိုင္းေပး ျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၉ ေအာက္တိုဘာ ၁ ရက္မွစတင္ၿပီး ၂၀၂၀ စက္တင္ဘာ ၃၀ ရက္တြင္ အဆုံးသတ္မည့္ ၂၀၁၉-၂၀ ဘ႑ာႏွစ္အတြက္ ပုံမွန္အခြန္ထမ္းေဆာင္ရမည္ဆိုပါက စက္တင္ဘာလကုန္အၿပီး လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း၊ႏိုင္ငံေတာ္သည္ အခြန္ရရွိ ေရးတစ္ခုတည္းကိုသာၾကည့္ၿပီး အခြန္မူဝါဒမ်ားခ်မွတ္ေဆာင္႐ြက္ေနျခင္းမဟုတ္ဘဲ ႏိုင္ငံသူႏိုင္ငံသားမ်ား၏ လိုအပ္ခ်က္၊ အေျခအေနႏွင့္ အခ်ိန္အခါမ်ားအရ ေျပာင္းလြယ္ျပင္လြယ္ျဖစ္ေအာင္ စီမံေဆာင္႐ြက္လ်က္ရွိ ေၾကာင္း ဩဂုတ္ ၁၀ ရက္ ၂၀၁၈ -၁၉ စည္းၾကပ္ႏွစ္ ဝင္ေငြခြန္၊ ကုန္သြယ္လုပ္ငန္းခြန္ႏွင့္ အထူးကုန္စည္ခြန္အမ်ားဆုံးေပးေဆာင္ခဲ့သူမ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာေပးအပ္ခ်ီးျမႇင့္ျခင္းအခမ္းအနားတြင္ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ေျပာၾကားထားသည္။

ဧၿပီ ၂၇ ရက္တြင္ အစိုးရမွ ထုတ္ျပန္ထားေသာ COVID-19 စီးပြားေရးကုစားမႈအစီအစဥ္၏ ပန္းတိုင္ (၂) တြင္ပါဝင္ေသာ ပုဂၢလိကစီးပြားေရးလုပ္ငန္းမ်ားအေပၚ သက္ေရာက္မႈေျဖေလွ်ာ့ေပးေရး အစီစဥ္တြင္ အခြန္ေျဖေလွ်ာ့မႈမ်ားႏွင့္ပတ္သက္၍ ေဖာ္ျပထားၿပီးမူလအစီအစဥ္အဪ ဘ႑ာႏွစ္ကုန္ဆုံးခ်ိန္တြင္ အခြန္မ်ားေပး ေဆာင္ရန္ ရည္႐ြယ္ခဲ့ေသာ္လည္း ကပ္ေရာဂါ တစ္ေက်ာ့ျပန္ကူးစက္မႈ ျမင့္တက္လာျခင္းေၾကာင့္ အခ်ိန္ထပ္မံတိုးေပးျခင္းျဖစ္သည္ဟု စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕ေျပာျပခ်က္အရ သိရသည္။

အခြန္ အခ်ိန္ေ႐ႊ႕ဆိုင္းေပး ၿပီးေနာက္ တေပါင္းတစည္းစုစည္းေကာက္ခံပါက အခြန္ေပးေဆာင္ရမည့္ပမာဏမ်ားလာမည္ဆိုလွ်င္ စီးပြားေရးလုပ္ငန္းရွင္မ်ားအတြက္ အခက္အခဲျဖစ္ႏိုင္ေၾကာင္း၊ လက္ရွိ ပို႔ကုန္လုပ္ငန္းရွင္ အခ်ိဳ႕သည္ ႀကိဳတင္ဝင္ေငြခြန္ ၂ ရာခိုင္ႏႈန္း ကင္းလြတ္ခြင့္ရမည္ဆိုသည့္အသိ ရွိေနျခင္းေၾကာင့္ ေဈးေလွ်ာ့ေရာင္းခ်မႈမ်ားရွိေနေၾကာင္း သိရသည္။

ဆုသက္ႏွင္း
#TheFifthWave

Leave a Reply