အထောက်အထား ပြည့်စုံစွာ တင်ပြနိုင်ခြင်း မရှိသည့် နိုင်ငံခြားသားများကို အကြံပေးခန့်မည် မဟုတ်

0
10

အထောက်အထားများ ပြည့်စုံစွာ တင်ပြနိုင်ခြင်း မရှိသည့် နိုင်ငံခြားသားများကို အကြံပေးအဖြစ် ခန့်ထားခွင့်ပြုမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်က အသိပေး ကြေညာထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှုနည်းဥပဒေ ၂၀၆ တွင် နိုင်ငံခြားသား ကျွမ်းကျင်သူ ခန့်ထားရာ၌ ရင်းနှီးမြှုုပ်နှံသူသည် ကျွမ်းကျင်မှု အထောက်အထား သို့မဟုတ် ဘွဲ့လက်မှတ် အထောက် အထားကို ပူးတွဲတင်ပြရန် ပြဋ္ဌာန်းထားသော်လည်း အချို့ကုမ္ပဏီများသည် ကျွမ်းကျင်မှု အထောက်အထား သို့မဟုတ် ဘွဲ့လက်မှတ် အထောက်အထားအစား ကုမ္ပဏီဒါရိုက်တာ သို့မဟုတ် မိခင် ကုမ္ပဏီ၏ လုပ်ငန်းကျွမ်းကျင်ကြောင်း ထောက်ခံချက် တို့အား ပူးတွဲ၍ တင်ပြလျှောက်ထားလျက် ရှိသည်ကို တွေ့ရကြောင်းသိရသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှုဥပဒေ ပုဒ်မ ၅၁ ပုဒ်မခွဲ (က) နှင့် မြန်မာနိုင်ငံရင်းနှီး မြှုုပ်နှံမှုနည်း ဥပဒေ ၂၀၆ တို့နှင့်အညီ အလုပ်လုပ်ကိုင်မည့် နိုင်ငံခြားသား၏ ဘွဲ့လက်မှတ် မိတ္တူ (ဘာသာပြန်ရန် လိုအပ်ပါက နိုတြီမူရင်း) သို့မဟုတ် ကျွမ်းကျင်မှု အထောက်အထား သို့မဟုတ် ဆောင်ရွက်မည့် လုပ်ငန်းနှင့် ကိုက်ညီသည့် သင်တန်းဆင်း လက်မှတ် တို့ကို ပူးတွဲ တင်ပြလာသည့် လျှောက်ထားလွှာများ ကိုသာ စိစစ်၍ စီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်း ကျွမ်းကျင်သူနှင့် အကြံပေးများ အဖြစ် ခန့်ထားခွင့် ၆ လ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ အထောက်အထားများ ပြည့်စုံစွာ တင်ပြနိုင်ခြင်း မရှိသည့် နိုင်ငံခြားသားများအား ခန့်ထားခွင့်ပြုမည် မဟုတ်ကြောင်းသိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ရင်းနှီးမြှုုပ်နှံမှု ကော်မတီ များ၏ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိထားသည့် ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းများတွင် စီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူ နှင့် အကြံပေး များအဖြစ် နိုင်ငံခြားသား ကျွမ်းကျင်သူ များအား ခန့်ထားရန် အတွက် ပုံစံ(၁၂) ဖြင့် တင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှုဥပဒေ ပုဒ်မ ၅၁ ပုဒ်မခွဲ (က) နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုနည်းဥပဒေ ၂၀၆ တို့အရ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWave

(zawgyi)

အထောက်အထားများ ပြည့်စုံစွာ တင်ပြနိုင်ခြင်း မရှိသည့် နိုင်ငံခြားသားများကို အကြံပေးအဖြစ် ခန့်ထားခွင့်ပြုမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အသိပေး ကြေညာထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၂၀၆ တွင် နိုင်ငံခြားသား ကျွမ်းကျင်သူ ခန့်ထားရာ၌ ရင်းနှီးမြှုပ်နှံသူသည် ကျွမ်းကျင်မှု အထောက်အထား သို့မဟုတ် ဘွဲ့လက်မှတ် အထောက် အထားကို ပူးတွဲတင်ပြရန် ပြဋ္ဌာန်းထားသော်လည်း အချို့ကုမ္ပဏီများသည် ကျွမ်းကျင်မှု အထောက်အထား သို့မဟုတ် ဘွဲ့လက်မှတ် အထောက်အထားအစား ကုမ္ပဏီဒါရိုက်တာ သို့မဟုတ် မိခင် ကုမ္ပဏီ၏ လုပ်ငန်းကျွမ်းကျင်ကြောင်း ထောက်ခံချက် တို့အား ပူးတွဲ၍ တင်ပြလျှောက်ထားလျက် ရှိသည်ကို တွေ့ရကြောင်းသိရသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၅၁ ပုဒ်မခွဲ (က) နှင့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုနည်း ဥပဒေ ၂၀၆ တို့နှင့်အညီ အလုပ်လုပ်ကိုင်မည့် နိုင်ငံခြားသား၏ ဘွဲ့လက်မှတ် မိတ္တူ (ဘာသာပြန်ရန် လိုအပ်ပါက နိုတြီမူရင်း) သို့မဟုတ် ကျွမ်းကျင်မှု အထောက်အထား သို့မဟုတ် ဆောင်ရွက်မည့် လုပ်ငန်းနှင့် ကိုက်ညီသည့် သင်တန်းဆင်း လက်မှတ် တို့ကို ပူးတွဲ တင်ပြလာသည့် လျှောက်ထားလွှာများ ကိုသာ စိစစ်၍ စီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်း ကျွမ်းကျင်သူနှင့် အကြံပေးများ အဖြစ် ခန့်ထားခွင့် ၆ လ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ များ၏ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် စီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူ နှင့် အကြံပေး များအဖြစ် နိုင်ငံခြားသား ကျွမ်းကျင်သူ များအား ခန့်ထားရန် အတွက် ပုံစံ(၁၂) ဖြင့် တင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၅၁ ပုဒ်မခွဲ (က) နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၂၀၆ တို့အရ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWave

 

Leave a Reply