ဧရာဝတီလင္းပိုင္ထိန္းသိမ္းေရးစီမံခ်က္ ကာလ အတြင္း ေရွာ့တိုက္ငါးဖမ္းဆီးသူ ၂ ဦးကို တရား စြဲဆိုထား

0
21

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး (၁) နှစ် စီမံချက် အား ဆောင်ရွက်လျက်ရှိရာ ပထမ ရက်သတ္တပတ် အတွင်း ရှော့တိုက်ငါးဖမ်းဆီးသည့် ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိသူ (၂) ဦးကို မန္တလေးတိုင်း ဒေသကြီး ရေချိုငါးလုပ်ငန် းဥပဒေဖြင့် တရားစွဲဆို ခဲ့ကြောင်း သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS Myanmar)မှ သိရသည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေ (၁) နှစ် စီမံချက်၏ ပထမ ရက်သတ္တပတ်တွင် စုစုပေါင်း ရှော့တိုက် ငါးဖမ်းဆီးသော စက်နှင့် ရှပ်တန်းပါ လှေ (၆) စီး ၊ ဘက္ထရီအိုး (၇) လုံး၊ ရှော့ပုံး (၅) လုံး၊ ရှော့ဂေါ်တံ (၉) ချောင်းသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာန၊ ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး ရေသတ္တဝါများ ထိန်းသိမ်းရေး ဌာနစု၊ မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ရေကြောင်း ရဲတပ်ဖွဲ့၊ ဒေသခံ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အစုအဖွဲ့နှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS Myanmar) တို့ ပူးပေါင်း၍ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး (၁) နှစ် စီမံချက်၏ ပထမ ရက်သတ္တပတ် ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၁) ရက်မှ (၇) ရက်အထိ ကင်းလှည့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် စက်တင်ဘာလ ၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ ဆယ်ပင်ကျွန်းကျေးရွာ အနီးနှင့် ကုလားမကျေးရွာ အနီး ဖမ်းဆီးရမိသော ရှော့တိုက် ငါးဖမ်းဆီသည့် စက်နှင့် ရှပ်တန်းပါလှေ (၂) စီးနှင့် ‌ဆက်စပ်ပစ္စည်းများအား ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနသို့ လည်းကောင်း၊ စက်တင်ဘာလ ၄ ရက်တွင် မန္တလေးတိုင်း ဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာနှင့် သာယာဝတီ ကျေးရွာအောက်ဘက်တို့တွင် ဖမ်းဆီးရမိသော ရှော့တိုက်ငါးဖမ်းဆီးသည့် စက်နှင့် ရှပ်တန်းပါလှေ (၂) စီးနှင့် ‌ဆက်စပ် ပစ္စည်းများအား စဉ့်ကူးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနသို့ လည်းကောင်း ပေးပို့ အပ်နှံ ခဲ့ကြောင်းသိရသည်။

ထို့ပြင် စက်တင်ဘာလ ၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အေးကျွန်းကျေးရွာအထက်နှင့် အောက်ဘက် တို့တွင် ဖမ်းဆီးရမိသော ရှော့တိုက် ငါးဖမ်းဆီးသည့် စက်နှင့် ရှပ်တန်းပါလှေ (၂) စီး၊ ဆက်စပ်ပစ္စည်းများနှင့် လူ (၂) ဦးအား မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနသို့လည်းကောင်း ပေးပို့ အပ်နှံ၍ ဖမ်းဆီးရမိသူ (၂) ဦးအား မန္တလေးတိုင်း ဒေသကြီး ရေချို ငါးလုပ်ငန်းဥပဒေဖြင့် တရားစွဲဆို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWave

(zawgyi)

ဧရာဝတီလင္းပိုင္ထိန္းသိမ္းေရး (၁) ႏွစ္ စီမံခ်က္ အား ေဆာင္ရြက္လ်က္ရွိရာ ပထမ ရက္သတၱပတ္ အတြင္း ေရွာ့တိုက္ငါးဖမ္းဆီးသည့္ ပစၥည္းမ်ားႏွင့္ အတူ ဖမ္းဆီးရမိသူ (၂) ဦးကို မႏၲေလးတိုင္း ေဒသႀကီး ေရခ်ိဳငါးလုပ္ငန္ းဥပေဒျဖင့္ တရားစြဲဆို ခဲ့ေၾကာင္း သားငွက္ ထိန္းသိမ္းေရးအဖြဲ႕ (WCS Myanmar)မွ သိရသည္။

ဧရာဝတီလင္းပိုင္ ထိန္းသိမ္းေရ (၁) ႏွစ္ စီမံခ်က္၏ ပထမ ရက္သတၱပတ္တြင္ စုစုေပါင္း ေရွာ့တိုက္ ငါးဖမ္းဆီးေသာ စက္ႏွင့္ ရွပ္တန္းပါ ေလွ (၆) စီး ၊ ဘကၳရီအိုး (၇) လုံး၊ ေရွာ့ပုံး (၅) လုံး၊ ေရွာ့ေဂၚတံ (၉) ေခ်ာင္းသိမ္းဆည္း ရမိခဲ့ေၾကာင္း သိရသည္။

ငါးလုပ္ငန္းဦးစီးဌာန၊ ပတ္ဝန္းက်င္ႏွင့္ မ်ိဳးသုဥ္းရွားပါး ေရသတၱဝါမ်ား ထိန္းသိမ္းေရး ဌာနစု၊ မတၱရာၿမိဳ့နယ္ ငါးလုပ္ငန္းဦးစီးဌာန၊ ေရႊဘိုခရိုင္ ငါးလုပ္ငန္းဦးစီးဌာန၊ ေရေၾကာင္း ရဲတပ္ဖြဲ႕၊ ေဒသခံ ဧရာဝတီလင္းပိုင္ ထိန္းသိမ္းေရး အစုအဖြဲ႕ႏွင့္ သားငွက္ ထိန္းသိမ္းေရးအဖြဲ႕ (WCS Myanmar) တို႔ ပူးေပါင္း၍ ဧရာဝတီလင္းပိုင္ ထိန္းသိမ္းေရး (၁) ႏွစ္ စီမံခ်က္၏ ပထမ ရက္သတၱပတ္ ၂၀၂၀ ခုႏွစ္ စက္တင္ဘာလ (၁) ရက္မွ (၇) ရက္အထိ ကင္းလွည့္ ေဆာင္ရြက္ခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ ေဆာင္ရြက္ခဲ့ရာတြင္ စက္တင္ဘာလ ၁ ရက္က စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရႊဘိုခရိုင္၊ ေက်ာက္ေျမာင္းၿမိဳ့၊ ဆယ္ပင္ကၽြန္းေက်းရြာ အနီးႏွင့္ ကုလားမေက်းရြာ အနီး ဖမ္းဆီးရမိေသာ ေရွာ့တိုက္ ငါးဖမ္းဆီသည့္ စက္ႏွင့္ ရွပ္တန္းပါေလွ (၂) စီးႏွင့္ ‌ဆက္စပ္ပစၥည္းမ်ားအား ေရႊဘိုခရိုင္ ငါးလုပ္ငန္းဦးစီးဌာနသို႔ လည္းေကာင္း၊ စက္တင္ဘာလ ၄ ရက္တြင္ မႏၲေလးတိုင္း ေဒသႀကီး၊ စဥ့္ကူးၿမိဳ့နယ္၊ ထုံးႀကီးေက်းရြာႏွင့္ သာယာဝတီ ေက်းရြာေအာက္ဘက္တို႔တြင္ ဖမ္းဆီးရမိေသာ ေရွာ့တိုက္ငါးဖမ္းဆီးသည့္ စက္ႏွင့္ ရွပ္တန္းပါေလွ (၂) စီးႏွင့္ ‌ဆက္စပ္ ပစၥည္းမ်ားအား စဥ့္ကူးၿမိဳ့နယ္ ငါးလုပ္ငန္း ဦးစီးဌာနသို႔ လည္းေကာင္း ေပးပို႔ အပ္ႏွံ ခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ စက္တင္ဘာလ ၇ ရက္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာၿမိဳ့နယ္၊ ေအးကၽြန္းေက်းရြာအထက္ႏွင့္ ေအာက္ဘက္ တို႔တြင္ ဖမ္းဆီးရမိေသာ ေရွာ့တိုက္ ငါးဖမ္းဆီးသည့္ စက္ႏွင့္ ရွပ္တန္းပါေလွ (၂) စီး၊ ဆက္စပ္ပစၥည္းမ်ားႏွင့္ လူ (၂) ဦးအား မတၱရာၿမိဳ့နယ္ ငါးလုပ္ငန္းဦးစီး ဌာနသို႔လည္းေကာင္း ေပးပို႔ အပ္ႏွံ၍ ဖမ္းဆီးရမိသူ (၂) ဦးအား မႏၲေလးတိုင္း ေဒသႀကီး ေရခ်ိဳ ငါးလုပ္ငန္းဥပေဒျဖင့္ တရားစြဲဆို ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

ေဝေဝၿဖိဳး
#TheFifthWave

Leave a Reply